သတင်းပေါက်ကြားပြီးနောက် အယ်လ်ဘမ်သစ်တွင်ပါဝင်မည့် သီချင်းအမည်စာရင်းကို တရားဝင်ကြေညာလိုက်တဲ့ တေလာဆွဇ်

အမိုက်စားသီချင်းများနဲ့ ပရိသတ်တွေကို အမြဲဖမ်းစားတတ်တဲ့ တေလာဆွဇ်ဟာ သူမရဲ့ မကြာမီထွက်ရှိမယ့်အယ်လ်ဘမ်သစ် Reputation မှာပါဝင်တဲ့ သီချင်းအမည်များကို အဂါင်္ညက လူမှုကွန်ယက်စာမျက်နှာမှာ တရားဝင်ကြေညာခဲ့ပါတယ်။

သူမရဲ့ခြောက်ခွေမြောက် စတူဒီယိုအယ်လ်ဘမ်မှာပါဝင်မယ့် သီချင်းတွေဟာ ဓာတ်ပုံတစ်ပုံနဲ့အတူ အွန်လိုင်းမှာ စတင်ပေါက်ကြားခဲ့တာ ဖြစ်ပါတယ်။ ပေါက်ကြားပြီးသိပ်မကြာခင်မှာပဲ သူမကိုယ်တိုင် သီချင်းအမည်စာရင်းကို ပေါက်ကြားခဲ့တဲ့ဓာတ်ပုံနဲ့ပဲ တရားဝင်ဖွင့်ဟလိုက်ပါတယ်။ သတင်းပေါက်ကြားခဲ့ခြင်းအပေါ် ဘာမျှမတုံ့ပြန်ဘဲ သူမပရိသတ်ကို အံ့သြသွားအောင်ကြေညာတယ်လို့သာ ရိုးစင်းစွာ ကြေညာခဲ့ပါတယ်။

အယ်လ်ဘမ်မှာဆိုရင် သီချင်းစုစုပေါင်း ၁၅ပုဒ်ပါဝင်တာကို တွေ့မြင်ရမှာပါ။ “End Game” အမည်ရသီချင်းမှာဆိုရင် သူမနဲ့အလွန်ရင်းနှီးတဲ့သူငယ်ချင်း Ed Sheeran နဲ့ ရက်ပ်အဆိုတော် Future တို့ ပါဝင်အားဖြည့်ထားတာကို ခံစားနားဆင်ခွင့်ရမှာဖြစ်ပါတယ်။ ယခင်က ကြေညာခဲ့ဖူးခြင်းမရှိသေးတဲ့ “I Did Something Bad,” “Don’t Blame Me,” “Delicate,” “So It Goes…,” “Getaway Car,” “King of My Heart,” “Dancing With Our Hands Tied,” “Dress,” “This Is Why We Can’t Have Nice Things” နဲ့ “New Year’s Day.” စတဲ့သီချင်းတွေလည်းပါဝင်တာကြောင့် တေလာဆွဇ်ပရိသတ် Swifties တွေကတော့ ကြိုတင်ရင်ခုန်နေကြတော့မှာပါ။        ။

ခမ်းမူး (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*