အချိန်ခရီးသွားသူက လာမယ့် နှစ်ပေါင်း ၆၀၀၀ ကျော်က အနာဂတ်မြို့တော်ကို ဓာတ်ပုံရိုက်ပြခဲ့

သူဟာ ဆရာဝန်ဆိုတာကို ခဏဘေးဖယ်ထားလိုက်မယ်ဆိုရင် သူ့စကားအရ သူ့မှာ အနာဂတ်မြို့တော် တစ်ခုရဲ့ ဓာတ်ပုံ တစ်ပုံ သူဆီမှာ ရှိတယ်လို့ ဆိုပါတယ်။

ဒီလိုမျိုး ထူးထူးဆန်းဆန်း ဗီဒီယိုဖိုင်ကို ပြသခဲ့တဲ့ အချိန်ခရီးသွားသူဟာ သူ့ရဲ့ မျက်နှာကို မှုန်ဝါးထားပြီး သတင်းထောက်တစ်ယောက်နှင့် အင်တာဗျူးတစ်ခုမှာ တွေ့ဆုံပုံကို ပြသခဲ့ပါတယ်။ ထို့အပြင် အနာဂတ် နှစ်ပေါင်း ၆၀၀၀ ကျော်မှာ လူသားမျိုးနွယ်တွေရဲ့ နေထိုင်မှုပုံစံနဲ့ လျှို့ဝှက်နည်းပညာဆိုင်ရာတွေကို ပြောပြထားပါတယ်။

ထို့အပြင် ဗီဒီယိုဖိုင်ထဲမှာ သူဟာ မျက်နှာကို မှုန်ဝါးထားရုံတင်မကပဲ အသံကိုပါ ဖျက်ထားသေးပါတယ်။ သူ့အနေနဲ့ လူသားတွေကို ၁၉၉၀ ခုနှစ်များဆီကို ပို့ပေးဖို့အတွက် လျှို့ဝှက်အစီအစဉ်တစ်ခုရဲ့ အစိတ်အပိုင် တစ်ခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

သူက ပြောတာကတော့ ခေတ်မီဆန်းပြားတဲ့ ခေတ်သစ် နည်းပညာတွေ၊ ဆေးပညာတွေ နဲ့ အစိုးရတွေက ခေတ်သစ်ဘဝ ရဲ့ စရိုက်လက္ခဏာတွေကို ဖန်တီးမှာဖြစ်ပြီး လူသားတွေ အေးအေးချမ်းချမ်း နေထိုင်ဖို့အတွက် AI အခြေပြု နည်းလမ်းတွေနဲ့ နေထိုင်နေကြတယ်လို့ ဆိုပါတယ်။

အဲဒီ အချက်ကို သက်သေပြတာကတော့ အမျိုးအမီမသိတဲ့ ဓာတ်ပုံတစ်ပုံကို ထုတ်ဖော်ပြသခဲ့ပြီး အဲဒီဓာတ်ပုံဟာ နေရာတော်တော်များများကို မှုန်ဝါးထားပြီးဓာတ်ပုံဟာ ယခုခေတ် ရေဆေးဓာတ်ပုံ ပန်ချီးကား တစ်ချပ်အလား ဖြစ်နေပါတယ်။

သူ့အနေနဲ့ ယခုလို ပြောတာဟာ သူ့ကိုယ်သူ အားလုံး စိတ်ဝင်စားလာအောင် လုပ်ဆောင်ခြင်း မဟုတ်ဘဲ လူသားတွေကို အနာဂတ်ကမ္ဘာအကြောင်းကို လူသားတွေကို အသိပေးချင်တဲ့ သတင်းစကားကိုသာ ပြောလိုခြင်း ဖြစ်ကြောင်းလည်း သူက ပြောပါသေးတယ်။

အနာဂတ် နှစ်ပေါင်း ၆၀၀၀ လောက်မှာ တည်ရှိမယ့် နည်းပညာတွေကိုသာ သင့်အနေနဲ့ သိမယ်ဆိုရင် သင့် စိတ်ထဲမှာ ဘယ်လိုမျိုး ခံစားရမလဲဆိုတာ သိစေချင်တယ်။

သူတို့ဟာ အချိန်ခရီးသွားနေတဲ့ မိတ်ဆွေ နှစ်ယောက်ဖြစ်ပြီး တစ်ယောက်ကတော့ အနာဂတ် ကမ္ဘာကနေ ဘယ်တော့မှ ပြန်မလာတော့ပါဘူးလို့ ဆိုပါတယ်။

ကျွန်တော် သိတာကတော့ သူဟာ နေရာကောင်းမှာကောင်းမွန်စွာ ရှိနေမယ်လို့ ထင်ပါတယ်။ သူ့ကို နောက်ထပ် တစ်ကြိမ်ပြန်မြင်ခွင့် ရချင်ပါသေးတယ်လို့ ဆိုပါတယ်။

အဆိုပါ ဗီဒီယိုကို နမူနာပုံစံတူကတော့ Downsizingရုပ်ရှင် ဖြစ်ပြီး အနာဂတ်နည်းပညာတွေ မြင့်မားလာ မှုကြောင့် အာကာသဟာ ပြဿနာ တစ်ရပ်မဟုတ်တော့ဘူးလို့ ဆိုပါတယ်။

ဘယ်လိုပဲ ဖြစ်စေ သင့်အနေနဲ့ သူ့အပေါ်မှာ ယုံသည်ဖြစ်စေ ၊ မယုံသည်ဖြစ်စေ အချိန်အကြာကြီး စောင့်စရာ မလိုတော့ဘူးလို့ သူက ဆိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အချိန်ခရီးသွားတဲ့ အစီအစဉ်တွေဟာ လာမယ့် ၂၀၂၈ အတွင်းမှာ သာမန်အဖြစ်အပျက်တစ်ခုလို ဖြစ်နေပါလိမ့်မယ်လို့ သူက ဆိုခဲ့ပါတယ်။

 

Soe Thura(Shwe Innlay)

Ref : mirror

Be the first to comment

Leave a Reply

Your email address will not be published.


*