နိုက်ကလပ်မှာ ရန်ဖြစ်လို့ ဒဏ်ငွေ ယူရိုရှစ်သိန်း ပေးဆောင်ရမယ့် ဘာစီလိုနာကွင်းလယ်လူ

စပိန်ကလပ် ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်လူ ဗီဒယ်ဟာ ပြီးခဲ့တဲ့နှစ်က နိုက်ကလပ်တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ရန်ပွဲအတွက် ဒဏ်ငွေ ယူရို ၈သိန်း ဒဏ်ကြေးပေးဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ ဗီဒယ်ကတော့ ပြီးခဲ့တဲ့နှစ်က ဂျာမနီကလပ်အသင်း ဘိုင်ယန်မြူးနစ်မှာ ကစားခဲ့တာဖြစ်ပြီး အဲဒီမှာ ကစားခဲ့တုန်းက ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

နိုက်ကလပ်မှာ ဗီဒယ်နဲ့ သူ့ရဲ့ အပေါင်းပါတွေဟာ အခြားဧည့်သည်တစ်ဦးကို ဗော့ဒ်ကာပုလင်းနဲ့ ရိုက်နှက်ခဲ့တာလို့ သိရပါတယ်။ ဗီဒယ်နဲ့အတူ သူ့ရဲ့ ညီအစ်ကိုတော်စပ်သူ ဆန်ဒရီနိုလည်း ပါဝင်ခဲ့ပြီး ဗုဒ္ဓဟူးနေ့က အမှုကို စစ်ဆေးကြားနာခဲ့တာလို့ သိရပါတယ်။ ဗီဒယ်ကတော့ နိုင်ငံအသင်းနဲ့အတူ ပွဲကစားနေခဲ့လို့ လာရောက်ခဲ့ခြင်း မရှိတာကို တွေ့ရပါတယ်။ မြူးနစ်တရားရုံမှာ စစ်ဆေးခဲ့တာလည်း ဖြစ်ပါတယ်။

ဒီဖြစ်စဉ်မှာ ပါဝင်ခဲ့သူတွေကို အပြစ်ပေးခဲ့တာဖြစ်ပြီး လာမယ့် (၂)ပတ်အတွင်း ကျခံစေဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ဒီနှစ်ပတ်အတွင်းမှာ အယူခံဝင်ခွင့်လည်း ရှိနေပြီး အပြစ်မရှိကြောင်း သိသာထင်ရှားအောင် တင်ပြခွင့်ရှိတယ်လို့လည်း သိရပါတယ်။ အသက် (၃၁)နှစ်အရွယ်
ကစားသမားဟာ ဒီနှစ်မှာတော့ ဘာစီလိုနာကို ယူရို၂၅သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗီဒယ်ကတော့ ဘာမှ ပြောဆိုထားခြင်း မရှိသေးပါဘူး။ ဗီဒယ်ဟာ ဘာစီလိုနာအသင်းမှာ ပုံမှန်ကစားခွင့်မရလို့ စိတ်ပျက်နေရတဲ့ ကစားသမားဖြစ်ပြီး အခုလို ဒဏ်ငွေချမှတ်ခံခဲ့ရတဲ့အတွက် ပိုပြီးတော့ စိတ်ပျက်စရာဖြစ်လာခဲ့ပါတယ်။ ဗီဒယ်အနေနဲ့ ပြစ်ဒဏ်ကို ရှောင်လွှဲမယ်ဆိုရင်တော့ ဖမ်းဝရမ်းနဲ့ ဖမ်းဆီးရမှာလည်း ဖြစ်ပါတယ်။ ဒီပြစ်ဒဏ်မှာ ထောင်ဒဏ် (၃)လကနေ (၁၀)နှစ်အထိ ကျခံစေနိုင်တယ်လို့လည်း သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*