Huawei မှ Huawei fan များအတွက် “Match and Win” ပြိုင်ပွဲ စတင်

Huawei Mobile (MM) မှ Huawei fan များအတွက် “Match and Win” ပြိုင်ပွဲကို ၂၀၁၇ ခုနှစ် မေလ (၂၉) ရက်နေ့က စတင်လိုက်ပြီဖြစ်ပါသည်။ ထိုပြိုင်ပွဲကို မေလ (၂၉) ရက်နေ့မှ စပြီး Huawei Mobile (MM) ဖေ့ဘွတ် စာမျက်နှာပေါ်တွင် ကြေညာခဲ့ကာ ဇွန်လ (၆)ရက်နေ့ နောက်ဆုံးထားပြီး လူမှုကွန်ယက်ပေါ်က နာမည်ကျော် အနုပညာရှင်များ၊ ဓါတ်ပုံပညာရှင်များ၊ Travel blogger များ၊ Food blogger များ၏ P10၊ P10 Plus တို့ဖြင့် ရိုက်ကူးထားသော အဖြူအမည်းဓါတ်ပုံများကို ခန့်မှန်းဖြေဆိုရမည်ဖြစ်ပါသည်။

အမှန်ကန်ဆုံးဖြေဆိုနိုင်ပြီး သတ်မှတ်ထားသော စည်းကမ်းချက်နှင့် ကိုက်ညီသော (၂) ဦးကို HUAWEI P10 တစ်လုံးစီ ချီးမြှင့်သွားမည်ဖြစ်ပါသည်။ ခန့်မှန်းဖြေဆိုရမည့် လူမှုကွန်ယက်ပေါ်က နာမည်ကျော်များ၏ ပုံများနှင့် ၎င်းတို့နှင့်သက်ဆိုင်သော အရိပ်အမြွက်များကို Huawei Mobile (MM) ဖေ့ဘွတ်စာမျက်နှာတွင် တင်ပေးသွားမည်ဖြစ်ပါသည်။

ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် Huawei Mobile (MM) ဖေ့ဘွတ်စာမျက်နှာတွင် တင်ထားသော #SELCA|MYSTERY PORTRAITS CONTEST (Match & Win) ပို့စ်ကို Public ဖြင့် share ထားရမည်ဖြစ်ပြီး မိမိခန့်မှန်းထားသော အဖြေများနှင့် ထို share ထားသော ပို့စ်ကို screenshot ရိုက်ပြီး Huawei Mobile (MM) ဖေ့ဘွတ်စာမျက်နှာကို မက်ဆေ့ပေးပို့ရမည်ဖြစ်ပါသည်။

အဆိုပါ ပြိုင်ပွဲနှင့် ပတ်သက်ပြီး Huawei Device Myanmar ၏ Marketing Director ဖြစ်သူ ဒေါ်ခင်ရတနာဝင်းက “P10 နဲ့ P10 Plus မိတ်ဆက်ပြီးချိန်ကစပြီး P10 နဲ့ P10 Plus ရဲ့ ကင်မရာအစွမ်းကို အားလုံးသိပြီးဖြစ်ကြမှာပါ။ အခု ပြိုင်ပွဲမှာ ခန့်မှန်းရမယ့်ပုံတွေကိုလည်း P10၊ P10 Plus တို့ရဲ့ monochrome mode နဲ့ ရိုက်ထားတာပါ။ ပြိုင်ပွဲဝင်တွေအနေနဲ့လည်း ပါဝင်တဲ့နာမည်ကျော်တွေကို ခန့်မှန်းရင်း ပျော်ပျော်ရွှင်ရွှင် ပါဝင်နိုင်မှာပါ။” ဟု ပြောကြားခဲ့ပါသည်။

စမတ်ဖုန်း ဓါတ်ပုံပညာတွင် ဆရာတစ်ဆူအဖြစ်ခေါ်ဆိုနိုင်သည့် HUAWEI P10 နှင့် P10 Plus ကို မေလ (၅) ရက်နေ့က မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်ခဲ့ပြီး သုံးစွဲသူအများအပြား၏ အားပေးလက်ခံမှုကို ရရှိခဲ့သည့်အပြင် အကောင်းဆုံး ဓါတ်ပုံစမတ်ဖုန်းအဖြစ်သတ်မှတ်ခံခဲ့ရသည့် Technical Image Press Association (TIPA) ဆုကိုလည်း ရရှိခဲ့သေးသည်။

HUAWEI P10 ဈေးနှုန်းကို ၇၉၉,၀၀၀ ကျပ် သတ်မှတ်ထားပြီး အရောင်အားဖြင့် Prestige Gold၊ Graphite Black နှင့် Dazzling Blue တို့ကို ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ပါသည်။ HUAWEI P10 Plus ကို ၉၉၉,၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး အရောင်အနေဖြင့်  Dazzling Gold၊ Graphite Black နှင့် Dazzling Blue တို့ကို ဝယ်ယူရရှိနိုင်မည်ဖြစ်ပါသည်။

YOU MAY ALSO LIKE