ဝိုင်တစ်ခွက်သောက်ခြင်းက GYM တစ်နာရီခန့်ဆော့ခြင်းနဲ့ ညီမျှ

က​နေဒါနိုင်​ငံ Alberta တက္ကသိုလ်​မှ သု​သေသနပြုလုပ်​ချက်​​တွေအရ  ​လေ့ကျင့်​ခန်းလုပ်​တဲ့အခါမှmထွက်​တဲ့ Resveratrol ဆိုတဲ့ကျန်းမာ​ရေးအ​ထောက်​အကူပြု ဓာတ်​တစ်​မျိုးကို ဝိုင်​နီမှာလည်း​တွေ့ရတယ်​လို့ဆိုပါတယ်​။

ဂျင်​​ဆော့တာဟာ ကိုယ်​လက်​လှုပ်​ရှားမှုကို သက်​​တောင့့်​သက်​သာဖြစ်​​စေပြီး နှလုံးအလုပ်​လုပ်​ပုံ ကြွက်​သားသန်​မာမှု​တွေကို ​တိုးတက်​​ကောင်းမွန်​​စေပါတယ်​။ ဝိုင်​နီမှာပါတဲ့ Resveratrol ဟာလည်း တူညီတဲ့ရလာဒ်​​တွေကို ​ပေးစွမ်းတယ်​​လို့ဆိုပါတယ်။

ဝိုင်​နီ တစ်​ရက်​တစ်​ခွက်​​ပုံမှန်​​သောက်​ခြင်းဟာ နှလုံးအတွက်​​အထူး​ကောင်း​စေသလို အိုမင်းရင့်​​ရော်​ခြင်းမှလည်းကာကွယ်​​ပေးပါတယ်​။ စိတ်​ကစဉ့်​ကလျားဖြစ်​တာ ကင်​ဆာ​ရောဂါဖြစ်​နိုင်​​ချေ​တွေကိုလည်း ​လျော့ကျ​စေပါတယ်​။ ဒါ့အပြင်​​သွေးလှည်​ပတ်​မှုကိုလည်း ​ကောင်း​စေတယ်​​လေ။

လေ့ကျင့်​ခန်းမလုပ်​နိုင်​သူ​တွေ၊ ​လေ့ကျင့်​ခန်းလုပ်​ရမှာပျင်းသူ​တွေအတွက်​​တော့ သတင်း​ကောင်း​ပဲ​နော်။

လင်း ( Shwe Innlay)

Be the first to comment

Leave a Reply

Your email address will not be published.


*