Latest post

ဒီအကျင့်ဆိုးတွေကြောင့် အမျိုးသမီးတွေ အသက် ၃၀မတိုင်ခင်မှာပင် ဆံပင်ဖြူပေါက်နိုင်

ပုံမှန်အားဖြင့် အသက်အရွယ် ရလာတဲ့အခါမှသာ ဆံပင်ဖြူကြတာပါ ။ အချို့ကတော့ မျိုးရိုးဗီဇကြောင့် ငယ်ငယ်တည်းက ဆံပင်ဖြူကြပါတယ် ။ သို့သော် အောက်ပါအကျင့်ဆိုးတွေကြောင့်လည်း အသက် ၃၀မတိုင်ခင်မှာ ဆံပင်ဖြူနိုင်ပါတယ်။

၁။စိတ်ဖိစီးမှုများ ၊ အတွေးများသူ
အမြဲလိုလို စိတ်ဖိစီးမှုတွေ ၊ အတွေးတွေနဲ့ အလုပ်ရှုပ်နေတတ်တယ်ဆိုရင်တော့ ဆံပင်ဖြူမှာ သေချာပါတယ် ။ စိတ်ဖိစီးမှုတွေဟာ ဆံပင်အရောင်ကို ပြောင်းလဲစေပါတယ်။

၂။ဆေးလိပ်စွဲသောက်သူ
ဆေးလိပ်သောက်ခြင်းက အဆုတ်ကိုတင် ပျက်စီးစေတာမဟုတ်ပါဘူး ။ ဆံပင်မှာလိုအပ်တဲ့ အာဟာရတွေကိုပါ စုပ်ယူနိုင်စွမ်းရှိပြီး ဆံပင်အရောင်ကို ပြောင်းသွားစေနိုင်ပါတယ် ။

၃။ကျန်းမာရေးနှင့်မညီညွတ်သော အစားများစားသုံးသူ
အထူးသဖြင့် ဝိတ်လျှော့ဖို့ ကြိုးစားနေတဲ့သူတွေပေါ့ ။ အစားတွေရှောင်တာကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတိန်းဓါတ်တွေ လျော့နည်းလာပါတယ် ။ဆံပင်အတွက် လိုအပ်တဲ့ keratin လို့အမည်ရတဲ့ ပရိုတိန်းဓါတ်ဟာ ဆံပင်မွှေးညှင်းပေါက်လေးတွေမှတဆင့် melanin ဓါတ်ကို ထုတ်လွှတ်ပေးပါတယ် ။ melanin ဓါတ်က ဆံပင်ကို ကျန်းမာသန်းစွမ်းစေပါတယ် ။နို့ ၊ ချိစ် ၊ ထောပတ် ၊ ဟင်းနုနယ် ၊နှင့် အခြား ပရိုတိန်းဓါတ်များတဲ့ အစားတွေကိုရှောင်တဲ့အခါ melanin ထုတ်လုပ်ပေးမှု လျော့နည်းပြီး ဆံပင်ကျန်းမာမှု လျော့နည်းကာ ဆံပင်ဖြူတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

၎။ ခေါင်းလျှော်ရည် အပြင်းစားတွေ သုံးသူ
Chemical များစွာပါဝင်တဲ့ ခေါင်းလျှော်ရည် အပြင်းစားတွေကြောင့်လည်း သင့်ဆံပင်ကို အဖြူရောင် ပြောင်းစေပါတယ် ။ ဒါ့ကြောင့် ခေါင်းလျှော်ရည် ရွေးချယ်မှုကလည်း အရမ်းအရေးကြီးပါတယ် ။ ပြင်းသော ခေါင်းလျှော်ရည်အစား အပျော့စား ခေါင်းလျှော်ရည်မျိုးကိုသာ အသုံးပြုသင့်ပါတယ် ။

၅။သိုက်ရွိုက် မကောင်းသူ
သိုက်ရွိုက်မကောင်းရင်လည်း ဆံပင်ဖြူနိုင်ပါတယ် ။ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်သင့်ပါတယ် ။ တကယ်လို့ ဆံပင်ဖြူတွေ အရမ်းများလာလို့ စိုးရိမ်နေတယ်ဆိုရင်တော့ သင့်ရဲ့ သိုက်ရွိုက်ကို စစ်ဆေးမှုတွေ လုပ်ကြည့်ပါနော်။

၆။ဆံပင်အတွက် ဂျယ်လ် ၊ စပရေး သုံးရတာ ကြိုက်သူ
ဆံပင်အတွက် ဂျယ်လ် ၊ စပရေးလို chemical များတဲ့ ပစ္စည်းတွေကို အသုံးပြုခြင်းက ဆံပင်တွေကို ပျက်စီးစေနိုင်ပြီး melanin ထုတ်လုပ်မှု လျော့နည်းစေလာကာ ဆံပင်ဖြူစေနိုင်ပါတယ် ။ အမွှေးနံ့ စူးရှပြင်းထန်လွန်းတဲ့ အဆီတွေကိုတောင် ဆံပင်အတွက် အသုံးမပြုသင့်ပါဘူး။

၇။ ဆံပင်အတွက် ဆီထည့်ပေးဖို့ မေ့လျောသူ
ကားတောင် ဆီထည့်မှ သွားတာပါ။ လူလည်း လိုအပ်တဲ့ အစာအာဟာရတွေစားမှ အသက်ရှင်တာ ၊ ဆံပင်ကလည်း လိုအပ်တဲ့ ဗီတာမင်ဓါတ်တွေအတွက် ဆီထည့်ပေးဖို့လိုပါတယ် ။ ခြောက်သွေ့တဲ့ဆံပင်က ပျက်စီးဖို့ ပိုများပါတယ် ။ အုန်းဆီ ၊ သံလွင်ဆီ ၊ ဗီတာမင်E ကဲ့သို့သော ဆီမျိုးတွေကို ဆံပင်အတွက် ဖြည့်တင်းပေးဖို့ လိုပါတယ် ။

CHAN (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*