တရုတ်နိုင်ငံက ထူးထူးခြားခြား ဓါးနဲ့နှိပ်ပေးတဲ့ မာဆတ်

တွေးကြည့်ရင်တောင် အသည်းတယားယားဖြစ်နေမယ့် နည်းလမ်းပါ ။ ဒီလိုဓါးတွေနဲ့ ကိုယ်ပေါ်မှာ နှိပ်နယ်ခံပြီး stress တွေကို လျှော့ချပေးတယ်တဲ့ ။

ထိုင်ဝမ်အမျိုးသမီး Hsiao Mei Fang က ဒီလို ဓါးတွေကို အသုံးပြုပြီး လူ့ခန္ဓာကိုယ်ကို နှိပ်နယ်ပေးတဲ့ လုပ်ငန်းလုပ်လာတာ နှစ်ပေါင်း ၃၀ ကျော်ပြီလို့ ဆိုပါတယ် ။ နှိပ်နယ်မှု မပြုလုပ်ခင်မှာ ဓါးတွေကို အရင်ဆုံး သွေးထားပါတယ် ။ သွေးပြီးသွားပြီဆိုရင်တော့ ဓါးရဲ့လက်ကိုင်နဲ့ သွေးကြောတွေ သွေးလည်ပတ်မှု ကောင်းအောင် အရင်ဆုံး လုပ်ဆောင်ပေးပါတယ် ။

သွေးလည်ပတ်မှု ကောင်းမွန်အောင် လုပ်ဆောင်ပြီးပြီဆိုရင်တော့ အနှိပ်ခံမယ့်သူကို လဲလျောင်းစေပါတယ် ။ ပြီးလျှင် သဘက်အပါးလေးတွေကို မျက်နှာနှင့် ခန္ဓာကိုယ်အနှံ့ ဖုံးအုပ်ပြီး ဓါးတွေနဲ့ စည်းချက်အတိုင်း ဖိပြီး မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်ကို နှိပ်နယ်ပေးတာပါ ။နှိပ်နယ်တဲ့အချိန် ထွက်တဲ့ အသံတွေကလည်း customer တွေရဲ့စိတ်ကို လန်းဆန်းစေတယ်လို့ ဆိုပါတယ် ။ အနှိပ်ခံဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ ယူရို ၃၀ဝန်းကျင်ခန့် ကုန်ကျမှာဖြစ်ပါတယ် ။

တရုတ်မှာ နှစ်ပေါင်း ၂၅၀၀ ခန့်ကြာနေပြီဖြစ်တဲ့နည်းလမ်းကို ဓါးတွေထည့်သွင်းအသုံးပြုလိုက်ပြီး ဆန်းသစ်လိုက်တာလို့ Fang က ဆိုပါတယ် ။ ဒီလိုအနှိပ်ခံခြင်းအားဖြင့် ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အားအင်တွေကို ပြောင်းလဲစေနိုင်ပြီး ပိုပြီးတော့ စိတ်သက်သာစေတယ်လို့ ဆိုပါတယ် ။ ဒါ့အပြင် အထူးပြုလုပ်ထားတဲ့ ဓါးတွေဖြစ်တဲ့အတွက် လုံခြုံစိတ်ချမှု ရှိပါတယ် ။ မီးဖိုချောင်သုံးဓါးတွေကို လုံးဝ မသုံးပါဘူးဟုလည်း ဆိုထားပါသေးတယ် ။

CHAN (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*