ဆေးလိပ်သောက်သူများအတွက် အထူး အဆုတ်သန့်စင်နည်း

ဆေးလိပ်သောက်လို့ အဆုတ်ပျက်စီးမှာ သိသော်လည်း ဖြတ်ရခက်တာကြောင့် သောက်အမှန်တကယ် ရောဂါ မခံစားရသရွေ့တော့ ဆေးလိပ်သောက်တာကို ရပ်တန့်နိုင်ကြမှာ မဟုတ်ပါဘူး ။ ကဲ ဒီလိုဆိုရင်တော့ ဆေးလိပ်သောက်တာကို မဖြတ်နိုင်တဲ့သူတွေအနေနဲ့ တစ်ဖက်ကနေ အဆုတ်ကို ပြန်လည်သန့်စင်ပေးဖို့တော့ လိုပါလိမ့်မယ် ။ ဆေးလိပ်သောက်သူတွေအတွက် အထူးသင့်တော်တဲ့ သဘာဝအတိုင်း အဆုတ်သန့်စင်နည်းကို ဖော်ပြပေးလိုက်ပါမယ်နော်။

လိုအပ်သောပစ္စည်းများ
နနွင်းမှုန့် – ၂ လက်ဖက်ရည်ဇွန်း
ပျားရည် (သို့) သကြား – ၄၀၀ ဂရမ်
ရေ – ၁ လီတာ
ကြက်သွန်နီ – ၄၀၀ ဂရမ်
ဂျင်း – အနည်းငယ်

ပြုလုပ်နည်း
ပထမဦးစွာ အိုးတစ်ခုထဲသို့ ရေနှင့် သကြား (သို့) ပျားရည်ကိုထည့်ပြီး မီးဖိုပေါ်တင်ကာ မိနစ်အနည်းငယ်ကြာ ဆူပွက်သည်အထိ အပူပေးထားပါ။ ထို့နောက် ကြက်သွန်နီ နှင့် ဂျင်းကို ခပ်သေးသေးလှီးပြီး အိုးထဲထည့်လိုက်ပါ ။ ထည့်ထားသောအရာများ သေချာနှံ့စပ်မှုရှိအောင်
မွှေပေးပါ ။ နှံ့စပ်အောင် မွှေပြီးပြီဆိုလျှင်တော့ နနွင်းမှုန့် ၂ဇွန်းကို ထည့်ပြီး ထပ်မွှေပေးပါ ။ ပြီးသွားလျှင်တော့ မီးဖိုပေါ်ကချပြီး အဆင်ပြေသော ပန်းကန်လုံး ၊ ပုလင်း ထဲသို့ ထည့်ပြီး အအေးခံထားလိုက်ပါ ။ အေးသွားပြီဆိုလျှင်တော့ ရေခဲသေတ္တာထဲထည့်ကာ သိမ်းထားလို့ ရပါပြီ ။

မနက် ၁ဇွန်း ညစာစားပြီး ၂နာရီခန့်ကြာလျှင် ၁ဇွန်း စားပေးရမှာပါ ။ အဆုတ်သန့်စင်နိုင်ဖို့အတွက် နေ့စဉ် ၂ဇွန်း ပုံမှန်စားပေးဖို့ မမေ့ပါနှင့်။

CHAN (ရွှေအင်းလေး)

43 Comments on ဆေးလိပ်သောက်သူများအတွက် အထူး အဆုတ်သန့်စင်နည်း

  1. Your comment is awaiting moderation.
  2. Your comment is awaiting moderation.
  3. Your comment is awaiting moderation.

Leave a Reply

Your email address will not be published.


*