Latest post

အမျိုးသမီးများ ရာသီလာချိန်မှာ ဒါတွေလုပ်မိရင် ကျန်းမာရေးအတွက် အလွန်အန္တရာယ်ရှိ

ဒီအကြောင်းအရာကတော့ အမျိုးသမီးတိုင်း မဖြစ်မနေ သိရှိထားသင့်တယ်လို့ ထင်ပါတယ် ။ မိမိရဲ့ ရာသီစက်ဝန်းကာလအတွင်းမှာ မပြုလုပ်သင့်တဲ့ အရာတွေ ရှိပါတယ် ။

၁။အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း
ဒီလိုအချိန်မှာ လိင်ဆက်ဆံမှုပြုမယ်ဆို ကိုယ်ဝန်ရနိုင်ခြေ များပါတယ် ။ဒါ့အပြင် အကာအကွယ်မပါဘဲ လိင်ဆက်ဆံတာကြောင့် ပိုးမွှားကူးစက်မှုတွေလည်း ဖြစ်နိုင်ပါတယ် ။

၂။အစားရှောင်ခြင်း
အထူးသဖြင့် ဝိတ်လျှော့နေသော အမျိုးသမီးများအနေဖြင့် ရာသီစက်ဝန်းကာလမှာ အစားရှောင်တဲ့ ၊ မစားတဲ့ အလေ့အထကို လုံးဝမပြုလုပ်ပါနှင့် ။ ဒီအချိန်မှာ သင့်ရဲ့ ခန္ဓာကိုယ်ဟာ သွေးတွေဆုံးရှုံးနေပြီး အားအင်တွေ ကုန်ခမ်းနိုင်တာကြောင့် အစားမစားဘဲ မနေပါနှင့်။

၃။အားကစားလုပ်ခြင်း
ရာသီစက်ဝန်းကာလအတွင်းမှာ ဗိုက်အောင့်တာ ၊ ကိုက်ခဲတာမျိုးတွေဟာ အများအားဖြင့် ဖြစ်လေ့ရှိတာကြောင့် ဒီလိုရက်ပိုင်းအတွင်းမှာ အားကစားလုပ်ခြင်းကိုတော့ ခဏနားသင့်ပါတယ် ။ လေ့ကျင့်ခန်းလုပ်လျှင် နာကြင်မှု ပိုဆိုးသွားနိုင်လို့ပါ။

၎။Fast Food များစားသုံးခြင်း
Fast Food ကဲ့သို့ အသင့်စား ဆီကြော်အစားအသောက်တွေကို ရာသီလာစဉ်ကာလအတွင်းမှာ မစားဖို့ တိုက်တွန်းထားပါတယ် ။ မဖြစ်မနေ စားရတော့မယ်ဆိုရင်လည်း အများအပြား မစားသင့်ပါဘူး။

၅။အလုပ်လုပ်ခြင်း
ဒါကတော့ သိပ်မဖြစ်နိုင်ဘူးဆိုတာ သိပါတယ် ။ နားလည်တတ်ကျွမ်းသူတွေကတော့ ဒီလိုအချိန်မှာ စိတ်ရောကိုယ်ပါ အနားပေးတာ အကောင်းဆုံးလို့ ပြောပါတယ် ။ သို့သော်လည်း အလုပ်မလုပ်ဘဲ နေလို့မရတဲ့ လူမှုဘဝကြီးမှာကတော့ မဖြစ်နိုင်ပါဘူးနော် ။ဒါ့ကြောင့် လုပ်ပါ ။ သို့သော် နားနားပြီးလုပ်ပါ ။ စိတ်ဖိစီးမှုတွေ ၊ ပင်ပန်းမှုတွေကို သိပ်မခံစားမိပါစေနဲ့ ။

၆။အိပ်ရေးပျက်ခြင်း
ဒီအချိန်မှာတော့ အိပ်ရေးပျက်မခံပါနဲ့ ။ စောစောအိပ်ပြီး စောစောထတဲ့ အကျင့်ကို ပြုလုပ်ပေးပါ ။ ညနက်ကြီးထိ ဖုန်းအသုံးပြုခြင်း ၊ အလုပ်လုပ်ခြင်းမျိုးတွေကို မပြုလုပ်ပါနှင့် ။

အထူးမှတ်ချက်များ
– ရာသီလာချိန်အတွင်း ရေခဲရေ လုံးဝ မသောက်ပါနှင့် ။ ရေခဲရေသောက်သုံးခြင်းက ရာသီသွေးတွေဟာ သားအိမ်နံရံမှာ ကပ်ကျန်နေခဲ့နိုင်ပါတယ်။
– ဆိုဒါပါတဲ့ အရည်များ သောက်သုံးခြင်းကို ရှောင်ပါ။
– သခွားသီးမစားပါနှင့် ။ သခွားသီးမှာပါဝင်တဲ့ ဓါတ်ဝတ္တုဟာလည်း အချို့ ရာသီသွေးအရည်ကို သားအိမ်နံရံမှာ ကပ်ကျန်နေနိုင်ပါတယ်။

CHAN (ရွှေအင်းလေး)

 

Be the first to comment

Leave a Reply

Your email address will not be published.


*