Latest post

သင်မထင်ထားတဲ့ ခန္ဓာကိုယ်ရှိ အညစ်ပတ်ဆုံး အစိတ်အပိုင်း ၉ခု

သင့်ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အစိတ်အပိုင်းတွေထဲမှာ ဘယ်အစိတ်အပိုင်းက အညစ်ပတ်ဆုံးလို့ ထင်ပါသလဲ ။ အများစုကတော့ စအိုလို့ ထင်ကြေးပေးကြပါတယ် ။ဒီလို အဖြေဟာ မှားတယ်ဆိုတာကို လေ့လာမှုတစ်ခုက ပြောလိုက်ပါတယ် ။ ဟားဗတ်တက္ကသိုလ် ၊  သွားဘက်ဆိုင်ရာ ဆေးသုတသနအဖွဲ့ရဲ့ လေ့လာချက်အရ အမျိုးအစားပေါင်း ၆၁၅ကျော်တဲ့ အလွန်သေးငယ်သော ဘတ်တီးရီးယားပိုးတွေဟာ ပါးစပ်၊ လျှာ နဲ့ တခြားအစိတ်အပိုင်းတွေမှာ တွေ့ရှိရပါတယ်တဲ့ ။

ကဲ..ကျွန်ုပ်တို့ ကိုယ်ခန္ဓာပေါ်မှာရှိတဲ့ အညစ်ပတ်ဆုံး အစိတ်အပိုင်းတွေကို ဖော်ပြပေးလိုက်ပါမယ် ။

၁)ပါးစပ်

ပါးစပ်ဟာ ကိုယ်ခန္ဓာမှာရှိတဲ့ အစိတ်အပိုင်းတွေထဲ အညစ်ပါတ်ဆုံလို့ ပညာရှင်တွေက ပြောပါတယ် ။ ပါးစပ်အတွင်းမှာ မိုက်ခရိုစကုပ်နဲ့ကြည့်မှ မြင်နိုင်တဲ့ အမျိုးပေါင်း ၆၀၀ကျော်တဲ့ ဘတ်တီးရီးယား ပိုးမွှားတွေ အများကြီး ရှိနေပါတယ် ။ဒါ့ကြောင့် သင့်ပါးစပ်တွင်းကို သန့်ရှင်းရေးလုပ်ဖို့ အမှန်တကယ် လိုအပ်ပါတယ်။

၂)ချိုင်း

ချိုင်းဟာ ချွေးထွက်တာကြောင့် အနံ့အသက်ဆိုးစေကာ ထိုချွေးကြောင့်ပဲ ဘတ်တီးရီးယား ၈၀၀၀ကျော် တည်ရှိနေနိုင်ပါတယ် ။ ဒ့ါကြောင့် ကိုယ်လက်သန့်စင် ဆေးကြောတဲ့အခါ ချိုင်းကိုလည်း antibacterial ဆပ်ပြာနှင့် ဆေးကြေားပေးဖို့ မမေ့ပါနှင့်။

၃)နား

သင့်ရဲ့ နားအတွင်းမှာရှိတဲ့ နဖားချေးတွေမှာ  မခန့်မှန်းနိုင်တဲ့ ဘတ်တီးရီးယားတွေ အများကြီးပါပဲ ။

၎)လျှာ

ပါးစပ်အတွင်းမှာ ရှိတဲ့ လျှာဟာလည်း ဘက်တီးရီးယားတွေ အများကြီးရှိနေတဲ့ အစိတ်အပိုင်းပါပဲ ။ ဒါ့ကြောင့် သွားတိုက်တဲ့အခါ ဖြစ်စေ ၊ ပါးစပ်ကိုသန့်ရှင်းတဲ့အခါဖြစ်စေ လျှာကိုလည်း ဆေးကြောတိုက်ချွတ်ပေးဖို့ မမေ့လျော့ခဲ့ဖို့ အရေးကြီးပါတယ်။

၅)လက်သည်း

လက်သည်းဟာလည်း အညစ်ပတ်ဆုံး အစိတ်အပိုင်းပါပဲ ။ အထူးသဖြင့် လက်သည်းအရှည်ထားတဲ့သူတွေဟာ ပုံမှန် ဆေးကြောသန့်စင်မှု မရှိဘူးဆိုလျှင် လက်သည်းမှာရှိတဲ့ ပိုးတွေဟာ အသက်သေဆုံးသည်အထိကို အန္တရာယ်ရှိပါတယ် ။ ဒီလိုလက်သည်းအရှည်တွေနဲ့ အစားအသောက်စားတဲ့အခါမှာလည်း အလွန်အန္တရာယ်များပါတယ် ။

၆)ခေါင်း

သင့်ခေါင်းမှာ ဗောက်ရှိရုံနဲ့တော့ ညစ်ပတ်တယ်လို့ ပြောမရပေမယ့် ဒီဗောက်တွေမှတဆင့် ဘက်တီးရီးယားတွေ ပေါက်ဖွားလာကာ အညစ်ပါတ်ဆုံး အစိတ်အပိုင်း ဖြစ်လာပါတယ်။  ခေါင်းကို ပုံမှန် လျှော်ပြီး သင့်ဦးရေပြားမှာ ကပ်တွယ်နေတဲ့ ဘက်တီးရီးယားတွေကို ရှင်းလင်းပစ်နိုင်ပါတယ်။

၇)ချက်

ချက်ဟာလည်း ခန္ဓာကိုယ်ရှိ အညစ်ပတ်ဆုံး အစိတ်အပိုင်းမှာ ပါဝင်ပါတယ် ။ ချက်အတွင်းထဲမှာ ဘက်တီးရီးယား ပိုးမွှားများ များစွာရှိနေနိုင်ပြီး လက်ဖြင့် ထိုးဆွခြင်း ၊ နှိုက်ခြင်းတွေကို မပြုလုပ်သင့်ပါဘူး ။ ချက်ကို သန့်ရှင်းမယ်ဆိုရင်တော့ ရေချိုးရင်းဖြင့် အဝတ်စိုလေးဖြင့် ဖြေးညှင်းစွာ ပွတ်တိုက်သန့်ရှင်းတာမျိုး ပြုလုပ်သင့်ပါတယ် ။

၈)တင်ပါး

ဒါကိုတော့ အထူးတလည် ပြောစရာလိုမယ် မထင်ပါဘူး ။ တင်ပါးမှာလည်း အမျိုးမသိနိုင်တဲ့ ဘက်တီးရီးယားပေါင်းများစွာ တည်ရှိနေပါတယ် ။

၉)နှပ်ချေး

နှာခေါင်းတွင်းမှာ ကပ်ငြိတည်ရှိနေတဲ့ နှပ်ချေးဖတ်တွေမှာလည်း ဘတ်တီးရီးယားတွေ တည်ရှိနိုင်ပါတယ် ။နှပ်ချေးတွေဟာ နှာခေါင်းအတွင်းသားတွေမှာ ကပ်နေတတ်ပါတယ် ။ ဒီဘတ်တီးရီးယားတွေက အန္တရာယ် မရှိသောလည်း သေချာရှင်းလင်းပေးရင်တော့ ပိုပြီး ကောင်းပါတယ် ။

CHAN (ရွှေအင်းလေး)

 

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*