မနက်အိပ်ရာထထခြင်း အစာမစားခင်ရေတစ်ခွက်အဝ သောက်သုံးပေးခြင်းဖြင့် ဘယ်လိုအကျိုျးကျေးဇူးတွေရရှိစေသလဲ ???

ကျွန်ုပ်တို့အားလုံးသိတဲ့အတိုင်း ရေဓာတ်ဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ပထမဆုံး အနေနဲ့ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ် ထဲမှာ ရေဓာတ် ၇၀ % ပါဝင်ပါတယ်။ ကိုယ်ခန္ဓာပေါ့ပါးသွက် လက် စေပြီး ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ ရေဓာတ်ဟာ မရှိမဖြစ်လို အပ်ပါတယ်။ ရေများများသောက် ပေးခြင်းဖြင့် ၀မ်းတွင်းရှိအပူအပုပ်များကိုလည်း ကင်းစင်စေပါသည်။ အမြင်အာရုံလည်း အားကောင်း စေပါသည်။ ခန္ဓာကိုယ်အတွင်း ရေဓာတ်ကောင်းစွာမရရှိလျှင် ကျန်းမာရေး အကျိုး ဆက်အနေဖြင့် Long-trem နှင့် Short-term လို့ခေါ်တဲ့ ရေဓာတ်ကုန် ဆုံးခြင်းတွေဖြစ် ပေါ်နိုင်ပါတယ်။ Long-term ရေဓာတ်ကုန်ဆုံးမှုအနေနဲ့ဘာတွေဖြစ်လာနိုင်မလဲ…..???

ယင်းအကျိုးဆက်အနေနဲ့ နှလုံးရောဂါ ၊ အူမရောင်ရမ်းခြင်း ၊ အစာမကြေရောဂါ ၊ သွေးတိုးရောဂါ ၊ အ၀လွန်ခြင်း ၊ လိပ်ခေါင်းရောဂါ ၊ သားအိမ်ခေါင်းကင်ဆာ ၊ အဆုတ်တီဗွီ ၊ ကျောက်ကပ်ကျောက် တည်ခြင်း ၊ နှာပိတ်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံရှိ ဂျပန်အမျိုးသမီး အများစု ဟာ ကျစ်လစ်သေးသွယ်တဲ့ ကိုယ်အလေးချိန်ဖြစ်ပေါ်စေဖို့နဲ့ ကိုယ်ခန္ဓာကျန်းမာစေဖို့အတွက် မနက်အိပ်ရာ ထတာနဲ့ ချက်ချင်းရေသောက်တတ်တဲ့ အလေ့အကျင့်ရှိပါတယ်။ ယခုအချိန်မှာတော့ အဲဒီအလေ့အကျင့်ဟာ ဂျပန်လူမျိုးယဉ်ကျေးမှု တစ်ခုအနေနဲ့စွဲမြဲနေပါပြီ။ ထို့အပြင် ခန္ဓာကိုယ်ကစဥ့်ကလျားဖြစ်ခြင်းများ ကုသခြင်းအတွက် အထောက် အကူပြု ပါတယ်လို့ သိပ္ပံနည်း ကျလေ့လာမှုတစ်ခုက ဖော်ပြထားပါတယ်။ မနက်အိပ်ယာထထခြင်း အစာမစား ခင်ရေသောက်ပေးခြင်းဖြင့် အောက်ဖော်ပြပါ အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်……….

၁။ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်း။ ၂။ ဇီိဝကမ္မဖြစ်စဉ်ကို တိုးမြှင့် ပေးခြင်း။ ၃။ ကိုယ်ခန္ဓာကျန်း မာစေဖို့အတွက် အားဖြည့်ပေးခြင်း။ ၄။ အစာမကြေဖြစ်ခြင်းနှင့် ရင်ပူရင်ဆာဖြစ်ခြင်းကို သက်သာစေခြင်း။ ၅။ အသားအရေ စိုပြေစေခြင်း။ ၆။ ဆံသားခြောက်သွေ့ မှုကို ကာကွယ်ပေးခြင်း။ ၇။ ဆီးလမ်းကြောင်းကျောက်တည်ခြင်းနှင့် ကျောက်ကပ်ကျောက် တည်ခြင်းတို့ကို ကာကွယ်ပေးခြင်း။

ယမုံ(ရွှေအင်းလေး)

 

Be the first to comment

Leave a Reply

Your email address will not be published.


*