ငှက်ပျောသီးနေ့တိုင်းစားပေးခြင်းဖြင့် ခန္ဓာကိုယ်အတွက် ရရှိလာမယ့်ကောင်းကျိုးများ…

ငှက်ပျောသီးဟာ အမှန်တကယ် ဆေးဖက်ဝင်တဲ့အသီးတစ်မျိုး ဖြစ်တယ်။ ငှက်ပျောသီး မှာ အမျှင်ဓာတ်များစွာပါဝင်ပြီး ၎င်းအမျှင်ဓာတ်က နှလုံးကောင်းမွန်စေရုံသာမက ခန္ဓာ ကိုယ်အတွက် အာဟာရဓာတ်ကိုလည်း ဖြစ်ပေါ်စေပါတယ်။ ထို့အပြင် blood pressure ကိုကောင်းမွန်စေရုံသာမက ဗီတာမင် C ၊ ဗီိတာမင် B6 ၊ iron ဓာတ်တွေလည်း ကြွယ်ဝ စွာပါဝင်ပါတယ်။ ခန္ဓာကိုယ်အတွင်း ကောင်းမွန်တဲ့ဆဲလ်တွေဖြစ်ပေါ်လာဖို့ အတွက် Vitamin B6 က ဟီမိုဂလိုဗင် ၊ အင်ဆူလင် (သံဓာတ်) ၊ အမီနိုအက်စစ်ဓာတ်တွေဖြစ် ပေါ်လာဖို့အတွက် ကူညီပေးပါတယ် ။

သာမန်အရွယ်အစားရှိတဲ့ ငှက်ပျောသီးတစ်လုံး မှာ ပိုတက်ဆီယမ်ပမာဏ 422 mg ခန့်နှင့် မက်ဂနီဆီယမ် 27 mg ခန့်ပါဝင်ပါတယ်။ ပုံမှန်အားဖြင့် လူတစ်ယောက်ဟာ တစ်နေ့ကို မက်ဂနီဆီယမ်ပမာဏ 420 mg နှင့် 320 mg ခန့်လိုအပ်ပါတယ်။ ယနေ့ခေတ်တွင် ငှက်ပျောသီးကို ဖျော်ရည်အဖြစ်လည်း ကောင်း ၊ ကိတ်မုန့်ဖုတ်ရာတွင်လည်းကောင်း အမျိုးမျိုးပြုလုပ်ပြီး စားသုံးကြပါတယ်။ အများအားဖြင့် ဒီတိုင်းလည်း စားတတ်ကြပါတယ်။ ငှက်ပျောသီးဟာ အရသာလည်း ချိုမြပြီး ဈေးနှုန်းလည်အားဖြင့်လည်းးအသင့်အတင့်ရှိသောကြောင့် လူတိုင်းစားပေးသင့် ပါတယ်ဟု သုတေသနပြုလုပ်သူများက အကြံပြုထားပါသည်။ လေ့လာတွေ့ ရှိချက်များ အရ ငှက်ပျောသီးနေ့ စဉ်စားပေးခြင်းဖြင့် ခန္ဓာကိုယ်အတွင်းလိုအပ်တဲ့ Potassium ပမာဏ 1500 mg ကိုထောက်ပံ့ပေးပြီး ဝမ်းလည်းပျော့စေပါတယ်။ ကျန်းမာရေး အတွက်အထောက်အကူပြုတဲ့ ငှက်ပျောသီးကို နေ့တိုင်းစားပေးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့………..

၁။ သွေးဖိအားကို လျော့ချပေးခြင်း။

၂။ အစာကြေစေနိုင်ခြင်း။

၃။ နှလုံးနှင့် သွေးကြော များစနစ်ကို ကောင်းမွန်စေခြင်း။

၎။ ကောင်းမွန်တဲ့ဆဲလ်များဖြစ်ပေါ်လာခြင်း။

၅။ အစာအိမ်လမ်းကြောင်းကို ကောင်းမွန်စေခြင်း။

၆။ Vitamin C ကြွယ်ဝစေခြင်း။

၇။ ကြွက်သားများလှုံ့ဆော်မှုကို ကောင်းမွန်စေခြင်း။

၈။ သွေးအားကောင်းစေခြင်း။

၉။ ဆာလောင်မှုဒဏ်ကို လျော့ချပေးခြင်း။

ယမုံ(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*