အံ့မခန်းအစွမ်း နဂါးမောက်သီးရဲ့ အကျိုးအာနိသင်

နဂါးမောက်သီးရဲ့  ဂုဏ်သတ္တိအရ အပြင်အခွံဟာ စူးတောင်လေးတွေပါရှိသော်လည်း အတွင်းပိုင်းအသားဟာ နူးညံ့ပြီးအမည်းရောင်အစိလေးများစွာ ပါဝင်တာကို တွေ့ နိုင်ပါတယ်။ အစာလည်းဆေး ဆေးလည်းအစာ ဆိုသလို နဂါးမောက်သီးကိုစားခြင်းဖြင့် မင်းသမီးလေးလိုလှစေမယ့် အကျိုးကျေးဇူးတွေ ရှိတယ်နော်။ ထို့ အပြင် ဗီတာမင် C , B1, B2 & B3, Iron, Calcium, Phosphorus ဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။

၁။ နဂါးမောက်သီးတွင် cholesterol ဓာတ်အနည်းငယ်သာပါဝင်သောကြောင့် ကိုယ်အလေးချိန်ကို ထိန်းပေးသည့်အပြင် စိတ်ကျန်းမာပျော်ရွှင်မှုကို ဖြစ်ပေါ်စေပါတယ်။

၂။ နှလုံးရောဂါရှိသူများစားသုံးပေးခြင်းဖြင့်လည်း နှလုံးအားကောင်းစေနိုင်ပါတယ်။

၃။ ပရိုတိန်းဓာတ်နှင့် အမျှင်ဓာတ်များစွာ ပါဝင်သောကြောင့် အစာချေဖျက်မှု အားကောင်းစေရုံသာမက ၀မ်းချုပ်ခြင်းတို့ မှလည်း ကင်းဝေးစေပါတယ်။

၎။ Antioxidants ပါဝင်သောကြောင့် ခန္ဓာကိုယ်အတွင်းရှိ ကင်ဆာဆဲလ်များကို ပထုတ်ပေးရုံသာမက အသားအရေကို တင်းရင်းလှပစေပြီး ငယ်ရွယ်နုပျိုစေနိုင်ပါတယ်။

၅။ သွေးအတွင်းအချိုဓာတ်ကို ထိန်းညှိပေးသောကြောင့် ဆီးချိုရောဂါရှိသူများလည်း စားပေးသင့်ပါတယ်။

၆။  ထို့အပြင် နဂါးမောက်သီးကို ပျားရည်နဲ့ တွဲပြီး Face Mask အဖြစ်လည်းသုံးနိုင်တယ်နော်။၇။ နဂါးမောက်သီးကို ကြိတ်ပြီးရလာတဲ့အရည်ကို ဦးရေပြားမှာလိမ်းပေးခြင်းဖြင့်လည်း ဆံနွယ်များကို နူးညံ့ပျော့ပျောင်းစေတယ်။

ကဲမင်းသမီးလေးလို လှချင်နေတဲ့ ပျိုမေတို့အတွက် နဂါးမောက်သီးရဲ့ အာနိသင်နဲ့ လှနိုင်စေဖို့
မျှဝေပေးလိုက်တယ်နော်။

ယမုံ(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*