ကလေးမြန်မြန်ရစေဖို့ အထောက်အပံ့တွေပေးနိုင်တဲ့ အစားအစားများ

သားသမီးဆိုတာ ရတနာပါ ။ ကိုယ်နဲ့ထိုက်မှ ရတာပါ ။ အချို့က သားသမီးရဖို့ လွယ်ကူကြပေမယ့် အချို့မှာတော့ နှစ်တွေအများကြီးကြာတာတောင် မရတတ်ကြပါဘူး ။ ကိုယ်ဝန်ရဖို့ဆိုတာ သိပ်မလွယ်လှပါဘူး ။ ဇနီးမောင်နှံ နှစ်ယောက်စလုံးရဲ့ သုတ်ပိုးနဲ့ မမျိုးဥတို့ ပေါင်းစပ်ပြီး သန္ဓေအောင်ဖို့ လိုပါတယ် ။ ။ ဒါ့ကြောင့် သန္ဓေအောင်စေဖို့အတွက် အထောက်အပံ့ပေးနိုင်တဲ့ အစားအသောက်တွေကို စားသုံးပေးဖို့ လိုပါတယ်။

၁။ရေခဲမုန့်
ဘာမှမဆိုင်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ် ။ သို့သော်လည်း ရေခဲမုန့်စားသုံးခြင်းက ကိုယ်ဝန်ရစေဖို့အတွက် ဟော်မုန်းတွေကို အထောက်အပံ့တွေ ပေးနိုင်ပါတယ် ။ သို့သော် ရေခဲမုန့်ကို လတ်လတ်ဆတ်ဆတ် ခဲနေတုန်းမှာပဲ စားသင့်ပါတယ် ။အရည်ပျော်သွားတဲ့ ရေခဲမုန့်ကတော့ အောင်မြင်နိင်မှာမဟုတ်ပါဘူး။

၂။ဖရုံစေ့
ဖရုံစေ့ဟာ ခန္ဓာကိုယ်ကို သံဓါတ်အားဖြည့်ပေးပြီး သန္ဓေတည်နိုင်အောင် အထောက်အပံ့ပေးပါတယ် ။ နေ့လည်ခင်းတိုင်းမှာ ဖရုံစေ့ကို လှော်ပြီးဖြစ်စေ စားသုံးခြင်းက ကိုယ်ဝန်ရဖို့အတွက် အားကောင်းစေမှာပါ။

၃။သံလွင်ဆီ
သံလွင်ဆီဟာ အမျိုးသမီးများ သန္ဓေတည်နိုင်စေရန် အားအကောင်းဆုံးသော အစွမ်းသတ္တိတွေ ရှိပါတယ်။ သင်ဟာ ကိုယ်ဝန်ရဖို့ ကြိုးစားနေသူတစ်ယောက်ဆိုရင်တော့ သံလွင်ဆီကို ဟင်းချက်တဲ့အခါမှာဖြစ်စေ ၊ အထူးသဖြင့် အသုပ်သုပ်စားတဲ့အခါမှာဖြစ်စေ ထည့်ပြီး အသုံးပြုပေးသင့်ပါတယ် ။

၎။ပန်းဂေါ်ဖီစိမ်း
Broccoli လို့ခေါ်တဲ့ ပန်းဂေါ်ဖီစိမ်း ဟာ အစိမ်းရင့်ရောင်ရှိပြီး သူ့မှာပါဝင်တဲ့ ဗီတာမင်ဘီက သင့်ကို ကိုယ်ဝန်ရစေဖို့အတွက် အားဖြည့်ပေးနိုင်ပါတယ် ။ ကိုယ်ဝန်ဆောင်ချိန်မှာ စားသုံးရင်လည်း ကိုယ်ဝန်ပျက်ခြင်း ကိုတားဆီးပေးပြီး ရင်သွေးကိုလည်း ကျန်းမာစေပါတယ် ။

၅။ပဲနှင့် အစေ့အဆံများ
ပရိုတိန်းဓါတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ ပဲ နှင့် အစေ့အဆံတွေဟာ မျိုးအိမ်အားကောင်းစေဖို့ အကောင်းဆုံးသော စူပါအစားအစာတွေပဲ ဖြစ်ပါတယ် ။ လေ့လာမှုတွေအရ ၆လအတွင်း အကာအကွယ်မပါဘဲ ချစ်တင်းနှောရာတွင် ပဲနှင့် အစေ့အဆန် များများစားတဲ့ အမျိုးသမီးတွေက ပိုပြီး ကိုယ်ဝန်ရရှိမှု မြန်ဆန်တယ်လို့ ဆိုပါတယ်။

၆။ကြက်သား
ကြက်သားကလည်း စားသင့်တဲ့ အစားအစာတစ်ခုပါပဲ ။ သို့သော်လည်း ကြော်ထားတာမျိုးကိုတော့ မစားသင့်ပါဘူး ။ ချက်ပြီးဖြစ်စေ ၊ စွပ်ပြုတ်လုပ်ပြီးဖြစ်စေ ၊ ပေါင်းပြီးဖြစ်စေ စားသုံးပေးတာက ပိုပြီး အကျိုးထိရောက်မှု ရှိပါတယ်။

၇။ငှက်ပျောသီး
နေ့စဉ် ငှက်ပျောသီး တစ်နေ့တစ်လုံး ပုံမှန်စားတဲ့ အိမ်ထောင်သည်အမျိုးသမီးဟာ သူများထက်ပိုပြီး ကိုယ်ဝန်ရမှု စောနိုင်ပါတယ် ။ ကိုယ်ဝန်ရဖို့ အထောက်အပံပေးရုံသာမ လိင်မှုဘဝမှာလည်း များစွာ အကျိုးသက်ရောက်မှုတွေ ရှိစေပါတယ် ။ ငှက်ပျောသီးမှာ ပါဝင်တဲ့ ဗီတာမင် B6 က ကိုယ်ဝန်ရဖို့ လိုအပ်တဲ့ ဟော်မုန်းကို အထောက်အပံ့ပေးပါတယ်။

၈။ဥများ
ဥမှာပါဝင်တဲ့ ဗီတာမင်Dဟာ သဘာဝအတိုင်း မျိုးအိမ်ကို အားကောင်းစေနိုင်စွမ်း ရှိပါတယ် ။ ကြက်ဥ (သို့)ဘဲဥ တစ်လုံးကို သင့်ရဲ့ မနက်စားတိုင်းမှာ ထည့်သွင်းစားသုံးမယ်ဆိုရင် သင်လိုချင်တဲ့ ဘေဘီလေးရဖို့ အထောက်အပံ့ကောင်း ဖြစ်နိုင်မှာပါ ။

ကလေးလေး အမြန်ဆုံးရဖို့ ကိုယ့်ရဲ့ အမျိုးသားကို ဝယ်ကျွေးခိုင်း ၊ ချက်ကျွေးခိုင်းလို့ရပါပြီ ။

CHAN (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*