နေမကောင်းဖြစ်နေချိန် လုံးဝမစားသင့်သော အစားအစာများ

အအေးမိ ၊ တုတ်ကွေးဖျားနာပြီး နေမကောင်းဖြစ်နေချိန် နှင့် အစာအိမ်ကြောင့် ဖြစ်တဲ့ နာမကျန်းချိန်တွေမှာ သင့်အနေနဲ့ ရှောင်ကြဉ်သင့်တဲ့ အစားအစာတွေ ရှိပါတယ် ။

၁။ ချိုသောအစားအစာများ (သကြားများသောအစားအစာများ)

ပုလိပ်ရောဂါ နှင့် အခြားသော ဖျားနာမှုများ ဖြစ်နေတဲ့အချိန်တွင် ချိုသောအစားအစာများကို ရှောင်ရှားရပါမယ် ။ သကြားပါတဲ့ အစားအစာတွေကို စားခြင်းကြောင့် ဘတ်တီးရီးယားတွေကို တိုက်ထုတ်နိုင်တဲ့ သွေးဖြူဆဲလ်တွေရဲ့ လုပ်ဆောင်ချက်ကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ် ။ ကွတ်ကီး ၊ သကြားလုံး နှင့် အခြားချိုသော အစားအစာများကို နာရီအတော်ကြာ စားပြီးချိန်မှာ ခန္ဓာကိုယ်တွင်း ကိုယ်ခံစွမ်းအားတွေက ပိုပြီး လျော့ကျလာစေတာကြောင့် နေမကောင်းဖြစ်ခြင်းကို ကြာရှည်စေနိုင်ပါတယ် ။

၂။အချိုရည်များ

ပုံမှန်အားဖြင့် ဆိုဒါပါတဲ့အချိုရည်တွေကို မသောက်သင့်ပါဘူး ။ အထူးသဖြင့် နေမကောင်းဖြစ်တဲ့ အချိန်မျိုးတွေမှာ ပိုဆိုးပါတယ် ။ အချိုရည် နှင့် ကော်ဖီသောက်ခြင်းက ရေဓါတ်ကိုလျော့ကျစေပါတယ် ။ ကိုယ်ခံအားနှင့် အစာခြေစနစ်ကိုပါ အနှောင့်အယှက် ဖြစ်စေပါတယ် ။ ရေသောက်ချင်ဘူးဆိုရင်တော့ ရေဓါတ်ဖြည့်တင်းဖို့အတွက် အုန်းရေကို သောက်သင့်ပါတယ်လို့ Dr.Arthur က အကြံပြုထားပါတယ်။

၃။မုန့်ကြွတ်များ

မုန့်ကြွတ်လို သရေစာမုန့်တွေကိုတော့ ချောင်းဆိုး ၊ လည်ပင်းနာနေတဲ့အချိန်မှာ ရှောင်ရမှာပါ ။ အာလူးကြော်လို မုန့်မျိုးတွေဟာ သင့်ရဲ့လည်ပင်းကို ရောင်ယမ်းနာကြင်စေပြီး ကုသရတဲ့အချိန်လည်း ပိုပြီး ရှည်ကြာနိုင်ပါတယ် ။

၎။ဆီကြော်မုန့်များ

အစာအိမ်ဝေဒနာများအနေဖြင့် ယခုလို ဆီကြော်မုန့်တွေကို မစားသင့်ဘူးလို့ Dr.Bhatia က ပြောကြားထားပါတယ် ။ ဒီလိုမုန့်တွေက အစာခြေစနစ်ကို ထိခိုက်ပြီး အက်ဆစ် အချဉ်ရည်ထုတ်ခြင်းနှင့် ပျို့ခြင်းကို ဖြစ်စေနိုင်ပါတယ် ။

၅။ နို့နှင့်ပတ်သတ်သောအစားအစာများ

ဘယ်လိုနာမကျန်းဖြစ်နေချိန်မှာမဆို နွားနို့ကို မသောက်သင့်ပါဘူး ။ နေမကောင်းတဲ့အချိန်မှာ နွားနို့သောက်ခြင်းက ချွဲ ၊သလိပ်တွေကို ပိုပြီးထွက်စေပါတယ် ။ နွားနို့လျှော့သောက်ခြင်းက ချွဲ၊သလိပ်တွေထွက်ခြင်းကို လျော့ကျစေတယ်လို့ သက်သေပြစရာ မရှိသော်ငြား နွားနို့များများသောက်သုံးလျှင်တော့ ချွဲ ၊သလိပ်တွေကို ပိုပြီးထွက်စေတယ်လို့ ဒေါက်တာArthurရဲ့ လေ့လာမှုက ဆိုပါတယ် ။

၆။အရက်

နာမကျန်းဖြစ်နေချိန် အရက်သောက်ခြင်းကိုတော့ ရှောင်ကြဉ်ဖို့ အထူးသတိပေးလိုပါတယ် ။အထူးသဖြင့် အစာအိမ်ဝေဒနာရှင်များကို အထူးရည်ရွယ်ပါတယ် ။ နေမကောင်းဖြစ်နေချိန် အရက်သောက်ခြင်းက ရေဓါတ်ခမ်းခြောက်စေတဲ့အပြင် အခြားဆိုးရွားသော ဘေးထွက်ဆိုးကျိုးတွေကိုလည်း ခံစားရစေနိုင်ပါတယ် ။

CHAN (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*