နေ့စဉ်ငှက်ပျောသီးတစ်လုံးပုံမှန်စားသုံးသင့်တဲ့အကြောင်းအရင်း

အရသာလည်းရှိ၊ အာဟာရလည်းပြည့်ဝစွာပါဝင်တဲ့ ငှက်ပျောသီးကို နေ့စဉ်တစ်လုံးစီပုံမှန်စားသုံးပေးမယ်ဆိုရင် ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးပြုနိုင်သလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

(၁) ဝမ်းမှန်စေပါတယ်

အမျှင်ဓာတ် ပါဝင်တဲ့ ငှက်ပျောသီးက အစာချေလမ်းကြောင်း စနစ်ကို ကောင်းမွန်စေနိုင်တာကိုလည်း တွေ့ရပါတယ်။ အစာချေစနစ် ကောင်းကောင်းအလုပ် မလုပ်တာကြောင့် ဝမ်းချုပ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ငှက်ပျောသီးကို နေ့စဉ်စားသုံးပေးမယ် ဆိုရင်တော့ အူလမ်းကြောင်း သန့်စင်စေပြီး အစာချေဖျက်မှုကို အားကောင်းစေနိုင်တာကို တွေ့ရမှာပါ။

(၂) ကုန်ခမ်းသွားတဲ့အားအင်ကိုဖြည့်တင်းပေးပါတယ်

အားအင်ကုန်ခမ်းပြီး ပင်ပန်းနွမ်းနယ်နေလျှင် ငှက်ပျောသီး တစ်လုံးသာ စားလိုက်ပါ။ သင့်ရဲ့ ကုန်ခမ်းသွားတဲ့ အားအင်တွေကို ပြန်လည် မြှင့်တင်ပေးနိုင်တဲ့ အကောင်းဆုံး ဆေးတစ်လက်ကတော့ ငှက်ပျောသီးပါပဲ။ ဒါ့ကြောင့် လှုပ်လှုပ်ရှားရှား အလုပ်လုပ်ကြရသူများနဲ့ အားကစားသမားများ အနေနဲ့ ငှက်ပျောသီးကို အားဆေးသဖွယ် မှီဝဲနိုင်ပါတယ်။

(၃) မှတ်ဉာဏ်အားကောင်းစေပါတယ်

ငှက်ပျောသီးက မှတ်ဉာဏ်အားကောင်းစေ နိုင်တာကြောင့် အယ်လ်ဇိုင်းမား ရောဂါကို ကာကွယ်ပေးပါတယ်။ ဒ့ါအပြင် ကျောင်းသား၊ ကျောင်းသူများ အနေနဲ့ မနက်စာမှာ ငှက်ပျောသီးကို ထည့်သွင်းစားသုံးပေးမယ် ဆိုရင် အာရုံစူးစိုက်နိုင်မှု အားကောင်းစေနိုင်ပြီး ဉာဏ်ကောင်းစေတယ်လို့ ဆေးပညာရှင်များက ဆိုပါတယ်။

(၄) ကိုယ်ဝန်ဆောင်မိခင်များစားသင့်ပါတယ်

ငှက်ပျောသီးမှာ ပါဝင်တဲ့ သကြားဓာတ်က ကိုယ်ဝန်ဆောင် မိခင်များ ကိုယ်ဝန်ဆောင်စဉ် ကာလမှာ ကြုံတွေ့ရတတ်တဲ့ စိတ်မကြည်မလင် ဖြစ်ခြင်းနဲ့ စိတ်ဖိစီးမှုတို့ကို သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် သန္ဓေသားအတွက်လိုအပ်တဲ့ အာဟာရဓာတ်များကိုလည်း ပေးစွမ်းနိုင်တာကြောင့် ကိုယ်ဝန်ဆောင်မိခင်များလည်း စားသုံးသင့်တဲ့ အသီးတစ်မျိုးပါပဲ။ ဒါ့ကြောင့် ငှက်ပျောသီးကို နေ့စဉ်ပုံမှန် စားသုံးသင့်ပါတယ်နော်။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*