ဖျင်ယားခြင်း အကြောင်းအရင်း

သင်မကြာခဏ ဖျင်ယားလေ့ရှိပါသလား ။ ဒါဆိုရင်တော့ ဒီအကြောင်းအရာလေးကို ကျော်မသွားဖို့ တိုက်တွန်းချင်ပါတယ် ။ ကိုယ့်တစ်ယောက်တည်းရှိနေချိန် ဖျင်ယားခြင်းက ကိစ္စမရှိသော်လည်း လူကြားထဲ ၊အပေါင်းအသင်းကြားထဲ ဖျင်ယားပြီဆိုရင်တော့ ပြဿနာရှိပါတယ် ။ ရှက်စရာလည်း ကောင်းပါတယ် ။ ဒီလိုယားယံခြင်းက သာမန်အရေပြားယားယံခြင်းလည်း ဖြစ်နိုင်သလို မကြာခဏ ယားယံလို့ ကုတ်နေရတယ်ဆိုရင်တော့ အောက်ပါအကြောင်းအရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ် ။

၁။ပူစပ်သောအစားအစာများ

သင်ဟာ အစပ်ကို နှစ်နှစ်သက်သက် စားသုံးတတ်သူတစ်ယောက်ဆိုရင်တော့ မကြာခဏ တင်ပါးယားမှုကို ခံစားရမှာပါ ။ အထူးသဖြင့် ဒီလိုစပ်တဲ့ အစားအစာတွေကို အခြားစားစရာများ ဥပမာ ခရမ်းချဉ်သီး ၊ ကော်ဖီ ၊ ဘီယာ တို့နှင့် တွဲဖက်စားသုံးခြင်းက ကိုယ်တွင်း acidic အတိုင်းအတာကို တိုးမြှင့်စေပြီး တင်ပါးယားမှုကို ဖြစ်စေပါတယ် ။

၂။ ရေယုန်

ရေယုန်ဟာ ဗိုင်းရပ်စ်ကူးစက်ပိုး ရောဂါတစ်မျိုးဖြစ်ပြီး အရေပြားမှတဆင့် သင့်တင်ပါးကို ယားယံခြင်း ဖြစ်စေပါတယ် ။အထူးသဖြင့် ရေယုန်ဟာ ကိုယ်ခံအားနည်းတဲ့အချိန်မှာ ဖြစ်နိုင်ပါတယ် ။ အကယ်၍ ရေယုန်ကြောင့် တင်ပါးမှာ နီးမြန်းပြီး ယားယံမှုကို ခံစားနေရပြီဆိုလျှင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်ကို ပြသပြီး ကုသမှု ခံယူသင့်ပါတယ်။

၃။မှိုကြောင့်ကူးစက်ခြင်း

မှိုဖြစ်ပွါးမှုကြောင့်လည်း သင့်ကို ဖျင်ယားစေနိုင်ပါတယ် ။ စိုစွတ်တဲ့ အရေပြားနေရာမျိုးမှာ မှိုဖြစ်တတ်ပြီး သင့်တင်ပါးဟာ စိုစွတ်မှုများနေတဲ့အခါမျိုးမှာ မှိုစွဲကာ ယားယံမှုတွေ ဖြစ်လာရပါတယ် ။ ဒီလို မှိုကြောင့် ယားယံမှုတွေ ဖြစ်နေလျှင်တော့ ရေနွေးနွေးနှင့် တင်ပါးကို ဆေးကြောပေးပါ။ မသက်သာလျှင် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ကုသပါ ။

၎။သေချာစွာမသုတ်ခြင်း

အိမ်သာသွားပြီးတိုင်း တင်ပါးကို သေချာမသုတ်ခြင်း (သို့) ကြမ်းတမ်းစွာသုတ်ခြင်းတို့ကြောင့် အရေပြားကို ယောင်ယမ်းကာ ယားယံမှုကို ဖြစ်စေပါတယ် ။ ဒါ့ကြောင့် သုတ်တဲ့အခါမှာ ကြမ်းတမ်းစွာ ပွတ်သုတ်ခြင်းမျိုး မပြုလုပ်ဘဲ ရေစုပ်သွားအောင် ညှင်သာစွာ သုတ်ပြီး သေချာခြောက်သွေ့ပါစေ။

၅။လိင်ခေါင်းစစ်ဆေးပါ

လိင်ခေါင်းကြောင့်လည်း စအိုဝမှာ အဆမတန်ယားယံတာမျိုးဖြစ်နိုင်လို့ လိပ်ခေါင်း ရှိ၊မရှိကို စစ်ဆေးသင့်ပါတယ် ။ လိပ်ခေါင်းရောဂါမဖြစ်စေရန် အမျှင်ဓါတ်ကြွယ်ဝသော အစားအစာများစားသုံးပြီး ကာကွယ်နိုင်ပါတယ်။

၆။တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိခြင်း

ဖျင်ယားခြင်းရဲ့ အဖြစ်များဆုံး အကြောင်းကတော့ တစ်ကိုယ်ရည်သန့်ရှင်းမှုနည်းခြင်းကြောင့်ပဲ ဖြစ်ပါတယ် ။ ရေချိုးမမှန်ခြင်း ၊တင်ပါးတဝိုက် သေချာစွာဆေးကြောမှုမရှိခြင်းတွေဟာ တင်ပါးယားယံမှုကို ပိုဖြစ်စေပါတယ် ။

မိမိကိုယ်တိုင်လည်း သတိထားနိုင်သလို ကိုယ့်အပေါင်းအသင်း မိတ်ဆွေတွေထဲမှာလည်း ဒီလို ဖျင်ယားလို့ ခဏခဏ ကုတ်နေတာကို သတိထားမိနေတယ်ဆိုလျှင်တော့ ဒီပို့စ်လေးနဲ့ မသိမသာ သတိပေးပြီး မိတ်ဆွေကောင်း ပီသလိုက်ပါ။  ^_^

CHAN (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*