Latest post

မမျှော်လင့်ပဲသိလိုက်ရတဲ့ အရမ်းမိုက်တဲ့ E-commerce Shopping Application ကောင်းလေးတစ်ခုအကြောင်း

မမျှော်လင့်ပဲသိလိုက်ရတဲ့ အရမ်းမိုက်တဲ့ E-commerce Shopping Application ကောင်းလေးတစ်ခုအကြောင်းလက်တို့ပေးချင်လို့ပါ ။
အစားကောင်းစားရတဲ့အချိန် ချစ်ခင်ရတဲ့သူတွေကို သတိရမိတတ်သလိုပဲ အတွေ့အကြုံကောင်းလေးတွေ သိရှိလိုက်တဲ့အခါ စာဖတ်ပရိတ်သတ်တွေကိုလည်း မျှဝေပေးချင်လို့ပါ။

သိလိုက်ရပုံကတော့ ဒီလိုပါ။ ရုံးပိတ်ရက်တစ်ရက်မှာ ကျွန်မတို့ ရွှေအင်းလေးအဖွဲ့သားတွေ အအေးဆိုင်တစ်ဆိုင်မှာထိုင်စကားပြောနေကြတုန်း ဖုန်းကာဗာလှလှလေးတွေ လိုချင်တဲ့အကြောင်း ကျွန်မက စကားစပြောမိရင်း အွန်လိုင်းရှော့ပင်းတွေကနေ save ထားမိတဲ့ပုံလေးတွေ ထုတ်ပြမိတယ်။
အဲ့မှာပဲ ကျွန်မဘေးနားသူငယ်ချင်းက သူသိတဲ့ Shopping App တစ်ခုရှိတယ်..နာမည်က SGshop Myanmar တဲ့ ၊ စင်ကာပူအခြေစိုက်ကုမ္မဏီလို့လည်းပြောတယ်။

SG shop Application ဆိုတာ ကြိုက်တဲ့ပစ္စည်းကို ဈေးနှုန်း အမျိုးမျိုးအစားစားထဲကနေမှ သက်သာတဲ့ ဈေးနှုန်းတွေ စိတ်ကြိုက်ရွေးချယ်ပြီးဝယ်ယူနိုင်တဲ့ One Stop Service E-commerce Shopping တစ်ခုဆိုတာ သူငယ်ချင်းက ကျွန်မကို ရှင်းပြတယ် ။
တရုတ်ပြည်က ပစ္စည်းအဆန်းအပြားလေးတွေကို SGshop app ထဲမှာ လင့်ခ်နဲ့ဖြစ်ဖြစ် ၊ ဓါတ်ပုံနဲ့ဖြစ်ဖြစ် ရှာလိုက်ရင် မြန်မာငွေနဲ့တွက်ပြထားပြီး လိုချင်တာကို တစ်ခါတည်းမှာလိုက်ရုံပဲ အရမ်းအဆင်ပြေတယ်တဲ့ …

SG shop application ပုံလေးပါ။

Application Download Link 
Android – http://bit.ly/SGshopAndroid
IOS – http://bit.ly/SGshopIOS
Country Lock Register – http://bit.ly/CountryLockRegister

သူ့ရဲ့အသိ အွန်လိုင်းရှော့ပင် လုပ်နေတဲ့တစ်ယောက်ဆို အဲ့ကနေပဲ ပစ္စည်းတွေမှာနေတာလို့ပြောတယ် ။ ပြီးတော့ တရုတ်ဝက်ဆိုဒ်တွေဖြစ်တဲ့ Taobao ၊Tmall နဲ့ 1688 တို့နဲ့ ချိတ်ဆက်ထားပြီး အဲ့ဝက်ဆိုဒ်တွေက ပစ္စည်း Link တွေကို copy ပြီး SG shop app ရဲ့ search box ထဲမှာ paste လုပ်လိုက်တာနဲ့ မြန်မာငွေနဲ့ပါ ကျလာပြီးသား စသည်ဖြင့် ကျွန်မကိုရှင်းပြတယ်။ ကျွန်မလည်း စိတ်ဝင်စားသွားလို့ app နာမည်လေးမှတ်ထားပြီး အိမ်ကျရင် စမ်းကြည့်မယ်ဆိုပြီး စိတ်ထဲမှာ မှတ်ထားလိုက်တယ်။ အိမ်ရောက်တာနဲ့ ကျွန်မလည်း SG shop app ကိုဒေါင်းကြည့်ပြီး လျှောက်ကလိကြည့်ပါတယ်။ Register လုပ်တာအဆင်မပြေဖြစ်တာနဲ့ Customer Service ကိုဖုန်းဆက်ကြည့်လိုက်တော့ Screen Shot လေးရိုက်ပြီး ဘယ်လိုအဆင်မပြေတာလဲဆိုတာ SG shop Myanmar ရဲ့ facebook page ကို ပို့ပေးပါတဲ့။ အဲ့ဒါနဲ့ ပို့လိုက်တော့ ၂ မိနစ်လောက်ကြာတော့ Reply ပြန်လာပါတယ်။ ကျွန်မက password ပေးတဲ့နေရာမှာ @ $ % # တွေပါနေလို့ပါတဲ့။ အဲ့ဒါနဲ့ အားလုံးအဆင်ပြေသွားပြီး Taobao ကနေ ရှာထားတဲ့ ဖုန်းကာဗာ Link လေးကို SG shop ရဲ့ search box မှာ ရိုက်ထည့်လိုက်တော့ ချက်ချင်းပဲ အဲ့ဖုန်းကာဗာလေးက မြန်မာငွေနဲ့တကွတစ်ခါတည်းကို ပေါ်လာပါရော။ တော်တော်ကိုအဆင်ပြေတာပါပဲ။ (အောက်မှပုံနဲ့ပြထားပါတယ်)။ပြီးတော့ Search Box မှာ စာနဲ့ရိုက်မရှာချင်ပဲ ကိုယ်ကြိုက်လို့ save ထားတဲ့ ပစ္စည်းလေးတွေရဲ့ ပုံလေးတွေနဲ့လည်းရှာလို့လည်းရပါသေးတယ်။

ကျွန်မလည်း စမ်းကြည့်ချင်တာနဲ့ ကျွန်မရွေးထားတဲ့ ဖုန်းကာဗာပုံလေးကို Save ပြီး search box က ကင်မရာပုံလေးကို နှိပ်ပြီး upload လုပ်လိုက်တော့ Similar Pics ဆိုပြီး ပုံစံတူ ဖုန်းကာဗာလေးတွေ အမျိုးမျိုးကျလာပါတော့တယ်။

ရောင်းတဲ့လူပေါ်မူတည်ပြီး ဈေးနှုန်းတွေကလည်း အမျိုးမျိုးပေါ့။ တကယ်ကို ရှာရ ဖွေရတာ လွယ်တဲ့ application လို့ပြောရမှာပါ။ အဲ့ဒါနဲ့ ကျွန်မလည်း စမ်းမှာကြည့်မယ်ဆိုပြီး ဖုန်းကာဗာလေးကို အမျိုးအစားရွေးပြီး add to cart လုပ်လိုက်ပါတယ်။

ငွေချေတဲ့နေရာရောက်တော့လည်း နှစ်မျိုးတွေ့ရပါတယ်။ Account Balance နဲ့ Pay with MPU ဆိုပြီး။
ဝိုးး MPU card နဲ့တောင် တိုက်ရိုက်ငွေချေလို့ရနေပါလား။ ပြီးတော့ Account Balance ဆိုတာ သိပ်နားမလည်တော့ ဖုန်းဆက်ပြီးထပ် စပ်စုကြည့်လိုက်ပါသေးတယ်။ Account Balance ဆိုတာ ဖုန်းငွေဖြည့်သလိုပဲ မိမိရဲ့ SG shop account ထဲကို ငွေကြိုဖြည့်ထားရတာပါတဲ့။


KBZ , AYA , CB bank တွေထဲက နှစ်သက်ရာဘဏ်ကနေ လွှဲလို့ရပြီး ငွေလွှဲဖြတ်ပိုင်းလေးကို app ထဲ တင်ပေးလိုက်ရုံနဲ့ သူတို့ဖက်က Confirm လုပ်ပြီးပြီဆိုရင် မိမိ account balance ထဲကို ငွေဝင်ပါပြီတဲ့။ ပြီးတော့ ABC convenience store နဲ့ g&g convenience store တို့မှာလဲ ငွေဖြည့်ကုတ်နံပါတ်ပြပြီး ကိုယ်လိုသလောက် ပမာဏကို Top up လုပ်လို့ရတယ်တဲ့ ။ အဲ့နည်းလေးလည်းမဆိုးဘူးပဲ။ ကျွန်မကတော့ MPU နဲ့ပဲ ငွေချေလိုက်ပါတယ်။ ပြီးတော့ ပစ္စည်းရရင်ရော ဘယ်လိုယူရမလဲဆိုတော့ ပစ္စည်းအော်ဒါတင်တဲ့အခါ Self-collect system ကို ရွေးချယ်ခဲ့ရင် SG shop myanmar ရဲ့ ရုံးကိုလည်း ကိုယ်တိုင်လာယူလို့ရပါတယ်တဲ့။ ရုံးကတော့ အမှတ် ၂၁၁၊ အနော်ရထာလမ်း နှင့် ၁၂လမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန် ပါ။ ပြီးတော့ အော်ဒါတင်တုန်းက Home Delivery ကိုရွေးချယ်ခဲ့ရင်လည်း အိမ်တိုင်ရာရောက်လည်းပို့ပေးပါတယ်တဲ့။

 

ကဲ … တစ်နိုင်တစ်ပိုင် online shopping သမားတွေရော၊ တရုတ်ပြည်ကပစ္စည်းကောင်းလေးတွေကို ဈေးသက်သက်သာသာနဲ့ အိမ်ထဲကနေပဲ သက်တောင့်သက်သာ ၀ယ်ယူချင်တဲ့လူတွေအတွက် Application ကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပြီနော်။ ကျွန်မကတော့ ကျွန်မမှာထားတဲ့ ဖုန်းကာဗာလေးကို စောင့်မျှော်လို့ နောက်ထပ်ဘာတွေထပ်မှာရင်ကောင်းမလဲလို့ စဉ်းစားရင်း ရွှေအင်းလေး စာဖတ်ပရိတ်သတ်တွေလည်း စမ်းသပ်အသုံးပြုလို့ရအောင် မျှဝေလိုက်ရပါတယ်။

 

ယမုံ (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*