MPT Mobile Money ၏ မိုဘိုင်းလ်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်း မကြာမီ စတင်တော့မည်

နေပြည်တော်၊ မြန်မာ (စက်တင်ဘာ ၁၉၊ ၂၀၁၇) ။ ။ မကြာမီတွင် မြန်မာနိုင်ငံ တစ်ဝန်း၌ စတင်ပြီး မိုဘိုင်းလ်ငွေကြေး ဝန်ဆောင်မှု (Mobile Financial Services) ပေးမည့် MPT Mobile Money မှ တာဝန်ရှိပုဂ္ဂိုလ်များသည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့ တို့တွင် နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ၌ ကျင်းပပြုလုပ်ခဲ့သည့် ၅ ကြိမ်မြောက် Myanmar Connect 2017 ၏ မိုဘိုင်းလ်ငွေကြေး ဝန်ဆောင်မှုဆိုင်ရာ Panel Discussion များ၌ တက်ရောက်ပါဝင်ဆွေးနွေး ခဲ့ကြပါသည်။

Myanmar Connect 2017 အား ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် ၅ ကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ အရာရှိကြီးများ၊ ပြည်တွင်းနှင့် နိုင်ငံတကာမှ မိုဘိုင်းလ်နှင့် အင်တာနက် ဆက်သွယ်ရေးလုပ်ငန်းများ၊ နည်းပညာကုမ္ပဏီများ၊ မိုဘိုင်းလ်ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများမှ တာဝန်ရှိသူများနှင့် နိုင်ငံတကာမှ ပညာရှင်များ တက်ရောက်ခဲ့ကြပြီး  မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးနှီးနှော အမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။

 

Myanmar Connect 2017 ၏ ပထမနေ့တွင် Head of MPT Mobile Money ဖြစ်သူ Mr. Rozano Planta မှလည်း “Addressing Industry Collaboration on Mobile Money: an Open Discussion on Regulation, Infrastructure and Services” ခေါင်းစဉ်ဖြင့် Panel Discussion တစ်ခု၌ အခြားသော ပညာရှင်များနှင့်အတူ ပါဝင်ဆွေးနွေးခဲ့ပါသည်။

 

ယင်းတို့ အနေဖြင့် Mobile Financial Services (မိုဘိုင်းလ်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်း) ၏ အခန်းကဏ္ဍသည် အနာဂတ်အတွက် အလွန်အရေးပါသည့် နည်းပညာတစ်ခု ဖြစ်သည်ကို ယုံကြည်သည့် အားလျော်စွာ မြန်မာပြည်တွင်းရှိ ဆက်သွယ်ရေးနှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ အနေဖြင့် ဤကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ချမှတ်ထားသည့် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ နည်းပညာအပိုင်း၊ လုံခြုံရေးအပိုင်းနှင့် ကျယ်ပြန့်ထိရောက်မှု အပိုင်းများတွင် အကျိုးတူ ပူးပေါင်းဆောင်ရန် နည်းလမ်းရှာဖွေရန် ပြည်သူအများအတွက် အမှန်တကယ် အကျိုးရှိပြီး ကုန်ကျစရိတ် သက်သာသည့် ယုံကြည် စိတ်ချရသည့် ဝန်ဆောင်မှုများကို ကျယ်ပြန်သည့် အေးဂျင့်ကွန်ယက်များ တည်ဆောက်ဖန်တီး ပေးအပ်နိုင်ရေးတို့ကို အထူးအလေးထား လုပ်ဆောင်ကြရန်တို့ကို ပွင့်လင်းစွာဆွေးနွေး ခဲ့ကြပါသည်။

 

Mr. Rozano Planta တင်ပြဆွေးနွေးခဲ့သည့် အကြောင်းအရာမှာ မြန်မာနိုင်ငံတွင်း မိုဘိုင်းလ်ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ ကျယ်ပြန့်ဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် အရေးကြီးပြီး အသုံးဝင်သည့် နည်းလမ်းများ၊ အတွေ့အကြုံများနှင့် အကြံဥာဏ်ကောင်းများ ဖြစ်သဖြင့် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သဘောကျ နှစ်ခြိုက်ခဲ့ကြပြီး MPT Mobile Money ၏ မိုဘိုင်းလ်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်း (Mobile Financial Services) မှာ ပြည်သူများအတွက် အထူးအကျိုးရှိမည်ဟု မျှော်လင့်နေကြသည်။

 

MPT Mobile Money ၏ မိုဘိုင်းလ်ငွေကြေး ဝန်ဆောင်မှုနှင့် ပတ်သက်ပြီးလည်း Mr. Rozano Planta က “ကျွန်တော်တို့ အနေနဲ့ MPT Mobile Money ကို မကြာမှီမှာ စတင်ပြီး ဝန်ဆောင်မှု ပေးသွားတော့မှာ ဖြစ်ပါတယ်။ MPT Mobile Money အနေနဲ့ ဘဏ်နဲ့ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများကို လက်လှမ်းမမှီသေးတဲ့ မြန်မာနိုင်ငံတစ်ဝန်း၊ ဝေးလံသီခေါင်တဲ့ ဒေသများမှ ပြည်သူများပါမကျန် အားလုံးအတွက် လုံခြုံစိတ်ချရပြီး ရိုးရှင်းလွယ်စွာ အသုံးပြုနိုင်တဲ့ မိုဘိုင်းလ်ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု (Mobile Financial Services) များကို ကျယ်ပြန့်ထိရောက်စွာ ပေးအပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။” ဟု ပြောကြားသွားခဲ့သည်။

 

မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခုအနေဖြင့် မိုဘိုင်းငွေကြေး စီမံခန့်ခွဲမှုစနစ်များနှင့် ဝန်ဆောင်မှုများ (Mobile Financial Services) ကို ပြည်သူအများမှ ကျယ်ပြန့်စွာ အသုံးပြုနိုင်စေရန် ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေး တိုးတက်မှုကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေနိုင်မည် ဖြစ်ပါသည်။ MPT Mobile Money အနေဖြင့် မြန်မာနိုင်ငံ၏ အကြီးဆုံးသော ဆက်သွယ်ရေးကွန်ယက် MPT မြန်မာနိုင်ငံတစ်ဝန်းရှိ ကျယ်ပြန့်သည့် အရောင်းဈေးကွက်များကို အသုံးပြုပြီး မိုဘိုင်းလ်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းများ (Mobile Financial Services) ကို ပြည်သူအများက လက်လှမ်းမှီပြီး ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်စေဖို့ အကောင်အထည်ဖော် ဆောင်ရွက်ချက် ရှိပါသည်။

………………………………………………………………………………………………………………………………………………………………………

MPT Mobile Money ၏ အကြောင်း

MPT Mobile Money သည် မကြာမီ စတင် အကောင်အထည် ဖော်တော့မည့် မိုဘိုင်းလ်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်း (Mobile Financial Services) လုပ်ငန်းတစ်ခုဖြစ်သည်။ MPT Mobile Money အနေဖြင့် လျှင်မြန်စွာ တိုးတက်ပြောင်းလဲနေသည့် မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းနှင့် အခြားငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများကို အသုံးပြုရန် လက်လှမ်းမမှီသေးသည့် လူအများအတွက် အလွန်အကျိုးရှိုပြီး လိုအပ်လျက်ရှိနေသည့် မိုဘိုင်းလ်ငွေကြေး ဝန်ဆောင်မှုမျာ ပေးအပ်သွားရန် ရည်ရွယ်ထားသည်။ သန်းပေါင်းများစွာသော ပြည်သူ အများအနေဖြင့် MPT Mobile Money ဝန်ဆောင်မှုများကို အသုံးပြုပြီး ငွေကြေးသုံးစွဲမှုနှင့် စီမံခန့်ခွဲမှုများကို မိမိ၏ မိုဘိုင်းလ်ဖုန်းများကို အသုံးပြုပြီး အချိန်မရွေး၊ နေရာမရွေး လုံခြုံစိတ်ချ၊ လွယ်ကူလျှင်မြန်စွာ လုပ်ဆောင်သွားနိုင်မည် ဖြစ်သည်။

 

Mr. Rozano Planta, Head of MPT Mobile Money ၏ အကြောင်း

မြန်မာ့ မိုဘိုင်းလ်ငွေကြေး ဝန်ဆောင်မှု ဈေးကွက်ထဲသို့ မကြာမီ ဝင်ရောက်လာတော့မည့် MPT Mobile Money ကို အဓိက ဦးဆောင်နေသူကတော့ ဌာန၏ Head ဖြစ်သူ Mr. Rozano Planta ဖြစ်သည်။ ယင်းသည် မိုဘိုင်းလ်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အတွေ့အကြုံ ရင့်ကျက်သူတစ်ဦးဖြစ်ပြီး ဖိလစ်ပိုင်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများ၌ လက်ရှိအချိန်တွင် လူသုံးများကာ အောင်မြင်မှုများ ရရှိနေသည့် မိုဘိုင်းလ်ငွေကြေး ဝန်ဆောင်မှု (Mobile Financial Services) လုပ်ငန်းကြီးများကို အောင်မြင်မှုများ ရရှိစေရန်အတွက် အကောင်အထည်ဖော် ပေးနိုင်ခဲ့ဖူးသည့် အတွေ့အကြုံများ ရှိသူတစ်ဦးလည်း ဖြစ်သည်။ ယင်းအနေဖြင့် တောင်အမေရိက နိုင်ငံကြီး အချို့၏ ဒစ်ဂျစ်တယ်ငွေကြေး နည်းပညာနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း ပါဝင်ဆောင်ရွက်ခဲ့ဖူးသည့် အတွေ့အကြုံများ ရှိထားသူ ဖြစ်သည်။

YOU MAY ALSO LIKE

Be the first to comment

Leave a Reply

Your email address will not be published.


*