ဈေးနှုန်းသင့်တင်ပြီး စွမ်းဆောင်ရည်မြင့်တဲ့ Meizu M5 Note

Meizu ကနေဈေးကွက်အတွင်း ဝင်ရောက်ထားတဲ့ M5 Note ဟာ ကျယ်ပြန်တဲ့ မျက်နှာပြင်၊ ကင်မရာလုပ်ဆောင်ချက်ကောင်းမွန်မှုတွေနဲ့အတူ သုံးစွဲသူတွေကို ဆွဲဆောင်ထားပါ တယ်။ Meizu က ထုတ်တဲ့ Note စမတ်ဖုန်းတွေဟာ လုပ်ဆောင်ချက်ကောင်းမွန်နဲ့အတူ ဈေးနှုန်းကလည်း သက်သာတဲ့အတွက်ကြောင့် Entry level အဆင့်ဖုန်းသုံးစွဲသူတွေအတွက်လည်း အတော်လေးအဆင်ပြေပါ တယ်။ M5 Note ကို ကြည့်လိုက်မယ်ဆိုရင်လည်း သုံးစွဲသူတွေအတွက် လုံးဝသစ်လွင်နေမယ့်ဒီဇိုင်းပုံစံမျိုးကို ရရှိစေမှာပါ။ ဖုန်းကိုယ်ထည်အသွင်အပြင်သည် ထောင့်စွန်းများ၌အဝန်း အဝိုက်ပုံစံရှိပြီး ဖုန်း၏ဘေးတစ်ဖက်တွင်ပါဝါခလုတ်နှင့် အသံအတိုးအချဲ့ ခလုတ်တို့ပါရှိပါတယ်။ ဖုန်း၏အောက် ဘက်မှာတော့ စပီကာ၊ USB Port နှင့် Head Phone တပ်ဆင်ရန် အပေါက်တို့ပါရှိပါတယ်။ ဖုန်းရဲ့ ဘယ်ဘက်ဘေးမှာတော့ Sim Card နှင့် SD Card ထည့်ရန်အံဝှက်ကို ဖန်တီးပေးထားပါတယ်။ ဖုန်း၏ အနောက်ဘက်တွင် အပေါ်ဘက်နှင့်အောက်နား၌လိုင်းနှစ်ကြောင်းဖြင့် ဒီဇိုင်းဖော်ပေးထားပါတယ်။ နောက် ကျောဘက်အလယ်တည့်တည့်တွင် အဓိက, ကင်မရာကိုအဝိုင်းပုံစံတပ်ဆင်ပေးထားပြီး ကင်မရာ၏ အောက် ဘက်မှာ LED Flash light စနစ်ထည့်သွင်းပေးထားပါတယ်။ M5 Note ဟာ ဆင်းကတ်နှစ်ကတ်ထည့် သွင်းအသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစားဖြစ်ပါတယ်။ ထည့်သွင်းရမယ့် ဆင်းကတ်အရွယ်အစားကတော့ Nano Sim ပါ။

Meizu ရဲ့စမတ်ဖုန်းမှာ မျက်နှာပြင်ပိုင်းအတွက် ၅.၅လက်မဖြစ်ပြီး display ပိုင်းအတွက်တော့ LTPS IPS LCD ကို သုံးထားပါတယ်။ ၅.၅ လက်မရှိတဲ့မျက်နှာပြင်ဟာ Full HD ဖော်ပြနိုင် စွမ်းနဲ့ဖြစ်ပြီး PPI ကလည်း အတော်ကောင်းလာပါတယ်။ 403 ppi နဲ့ဖြစ်တာကြောင့် မြင်ကွင်းပိုင်းမှာ ပိုမိုရှင်း လင်းပြတ်သားလာမှာဖြစ်ပါတယ်။ Resolution (1920x 1080) ရှိသော Capacitive Touch Screen  ကို အသုံးပြုပေးထားပါတယ်။ Software  တွေသုံးတဲ့အခါမှာ ကွဲပြားတဲ့လုပ်ဆောင်ချက်တွေနဲ့ အသုံးချနိုင်ပါလိမ့် မယ်။ ပြီးတော့ဘေးဘောင်အနားသတ်လိုင်းတွေကလည်း ကျစ်လျစ်သပ်ရပ်တဲ့မျက်နှာပြင်မှာ ပိုမိုကျဉ်းမြောင်း လာပြီး 0.32mm လောက်ကွာသွားပါလိမ့်မယ်။ သတ္တုကိုယ်ထည်ဒီဇိုင်းကို အပြည့်အဝခံစားရမှာဖြစ်ပါတယ်။ Software နဲ့ပတ်သက်ရင်တော့ Meizu ဟာ သူတို့ရဲ့ ကိုယ်ပိုင် UI ဖြစ်တဲ့ flyme 5.2 ကို သုံးနိုင်ပါလိမ့်မယ်။ Android OS အနေနဲ့ ကြည့်လိုက်မယ်ဆိုရင်တော့ 6.0(marshmallow)ဖြစ်ပါတယ်။

အနောက်ကင်မရာ 13MP ကို အသုံးပြုပေးထားပြီး 10 LED (dual tone) Flash ကို အသုံးပြုပေးထားတဲ့အတွက် ပုံရိပ်ဖမ်းယူမှုကို အကောင်း ဆုံးစွမ်းဆောင်ပေးနိုင်မှာဖြစ်သည့်အပြင် ပုံထွက်အရည်အသွေးမှာလည်း သဘာဝအတိုင်းနီးပါး ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ Sony ရဲ့ IMX386 sensor ဟာပုံရိပ်တွေရိုက်ကူးတဲ့အခါမှာ ရှင်းလင်းပြတ်သားတဲ့ ရုပ်ထွက်ရဖို့ အတွက်ကူညီပေးပါလိမ့်မယ်။ Autofocus ရဲ့သွက်လက်တဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ပုံရိပ်ကို ချက်ချင်းဖတ်ရှုနိုင်စွမ်း ဟာ ဝ.ဝ၇ စက္ကန့်သာကြာမြင့်မှာဖြစ်ပါတယ်။ 10-led ring flash ကလည်း အမှောင်ထဲမှာ ရိုက်ကူးတဲ့ပုံတွေ ကိုရှင်းလင်းပြတ်သားမှုရှိစေအောင် ထောက်ပံ့ပေးမယ့်အပြင် object နဲ့ ဖုန်းကို၂မီတာအဝေးလောက်ကနေ ရိုက်ရင်တောင် ပုံထွက်ကောင်းပါလိမ့်မယ်။ အရှေ့ဘက်ကင်မရာမှာတော့ 5MP,f/2.0 နဲ့ဖြစ်ပြီး 1080p ဗီဒီယို တွေကိုတောင် ရိုက်ကူးနိုင်ပါလိမ့်မယ်။ Flash ရဲ့လုပ်ဆောင်နိုင်စွမ်းဟာ ပုံမှန်ထက်၁ဝဆပိုမိုကောင်းမွန်ပါ လိမ့်မယ်။ ဖုန်းတစ်ခုလုံးရဲ့ သွက်လက်မြန်ဆန်တဲ့လုပ်ဆောင်ချက်တွေကိုအလိုက် သင့်ထိန်းချုပ်မောင်းနှင်နိုင် စေဖို့အတွက်ကတော့ ပရိုဆက်ဆာပိုင်းမှာ ဈေးသက်သာတယ်လို့ သတ်မှတ်နိုင်တဲ့ Mediatek ကို သုံးထားပါ တယ်။ လက်ရှိနောက်ဆုံးပေါ်စမတ်ဖုန်းတွေမှာ ကိုယ်ပိုင်ပရိုဆက်ဆာတွေ အသုံးပြုနေတဲ့အပြင်၊ ကိုယ်ပိုင် မသုံးတဲ့ကုမ္ပဏီတွေအနေနဲ့ကတော့ snapdragon လို chip တွေကိုသုံးကြပါတယ်။ စွမ်းအင်သုံးစွဲမှု အပိုင်း အတွက် Octa-core ကိုသုံးထားတဲ့ ထိပ်တန်းဖုန်းအဖြစ်ဆိုရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် MediatekHelio P10 ရဲ့ပေါင်းစပ်ပေးထားမှုဟာ 1.81GHz Octa-core (4×1.8 GHz Cortex A-53 & 4×1.0GHz Cortex A-53)ကို သုံးပေးထားသဖြင့် လုပ်ဆောင်ချက်ပိုင်းတွင် မြန်ဆန်စေမှာပါ။

အချက်အလက်သိုလှောင်သိမ်းဆည်းမှုအပိုင်းအတွက်ကတော့ 3GB LPDDR3 RAM နဲ့ဖြစ်ပြီး၊ storage ပိုင်းမှာတော့ 16GB နဲ့ 32GB ဆိုပြီး ကြိုက်ရာကိုရွေးချယ်နိုင်မှာပါ။  ဂရပ်ဖစ် ပိုင်းမှာတော့ ရုပ်ထွက်မြင့်ဂိမ်းနဲ့ ရုပ်ရှင်တွေကိုအဆင် ပြေပြေကြည့်နိုင်စေမယ့် Mail-T860 MPU GPU ကိုသုံး ထားပါတယ်။ အချက်အလက်တွေကိုထပ်မံတိုးချဲ့ထည့်သွင်းနိုင်စွမ်းအတွက် SD Card ထောက်ပံ့မှုရပြီး 256GB အထိ တိုးမြှင့်နိုင်မှာပါ။ ကြီးမားတဲ့ ပရိုဆက်ဆာတွေကို မျှတတဲ့စွမ်းရည်ရစေဖို့အတွက် ဘက်ထရီကတော့ 4000mAh စွမ်းအားနဲ့ဖြစ်ပါတယ်။ ဘက်ထရီ ကိုအားသွင်းမြန်စေဖို့နည်းလမ်းတွေကိုလည်း သုံးစွဲနိုင်မှာဖြစ်ပြီး ဘက်ထရီဟာ ၁ဝမိနစ်အားသွင်းမယ်ဆိုရင် ၂၆ ရာခိုင်နှုန်း၊ ၇၅ မိနစ်အားသွင်းမယ်ဆိုရင် စွမ်းအားအပြည့် ၁ဝဝ ရာခိုင်နှုန်းအထိ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ Play store ကိုအသုံးပြုနေတဲ့အချိန်မှာတော့ ဖုန်းဘက်ထရီ စွမ်းအားရဲ့ ၁၅ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းကြား သုံးစွဲပါလိမ့်မယ်။ ဖုန်းကိုအားသွင်းတာနဲ့ ဒေတာလွှဲပြောင်း တာမြန်ဆန်စေဖို့အတွက် microUSB v2.0 အမျိုးအစားကို သုံးပေးထားပါတယ်။ လက်ဗွေဖတ်စနစ်ကလည်း ခြုံငုံဖတ်ရှုမှုအပိုင်းမှာ ဝ.၂ စက္ကန့်လောက်အတွင်း ဖွင့်လှစ် ပေးမယ်လို့ဆိုပါတယ်။ လက်ဗွေစနစ်ကိုသိမ်းဆည်းနိုင်တဲ့ အပိုင်းမှာလည်းလက်တစ်ပြင်လုံး အစိတ်အပိုင်းကို တိကျစွာမှတ်သားသိမ်းဆည်းနိုင်ပါလိမ့်မယ်။ အဆုံးသတ်ကောက်ချက်ချရမယ်ဆိုရင်တော့ M5 Note ဟာ ဘက်ထရီလုပ်ဆောင်ချက်ပိုင်းမှာ ကောင်းမွန်ပြီး Fingerprint လည်း ပါဝင်တာကြောင့် ပေးရတဲ့ဈေးနှုန်းနဲ့ သင့်တော်ပါတယ်။

Price: 209000(16GB)

229000(32GB)

 

ကျော်ကျော်(ရွှေအင်းလေး)

 

Be the first to comment

Leave a Reply

Your email address will not be published.


*