Huawei သည် Z-wave Alliance ၏ Board of Directors အဖွဲ့သို့ ဝင်ရောက်

Smart Home ကဏ္ဍတွင် IoT တိုးတက်မှုအတွက် ကတိကဝတ်ပြု

သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာ ဦးဆောင်ပံ့ပိုးပေးသူဖြစ်သည့် Huawei သည် Z-Wave smart home စံသတ်မှတ်ချက်များကို ထိရောက်စွာအသုံးပြုနေပြီး ကမ္ဘာ္ဘ့ထိပ်တန်းအဆင့်ကုမ္ပဏီကြီးများနှင့် အကျိုးတူပူးပေါင်းဖွဲ့စည်းထားသော  The Z-Wave Alliance က ထ့ Alliance Board of Directors အဖွဲ့ဝင်ဖြစ်လာကြောင်း ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။ Huawei သည် အဓိကအဖွဲ့ဝင်များဖြစ်သော ADT ၊ Alarm.com ၊ FIBARO ၊ Ingersoll-Rand ၊ Jasco Products ၊ LEEDARSON ၊ LG Uplus ၊ Nortek Security & Control ၊ SmartThings နှင့် Sigma Designs တို့နှင့်အတူ ပူးပေါင်းပါဝင်ခြင်းဖြစ်ပါသည်။

Aeon Labs ၊  LEEDARSON နှင့် FIBARO အပါအဝင် Z-Wave Alliance ၏ အဖွဲ့ဝင်ကုမ္ပဏီများသည် IoT ဂေဟစနစ်ကို ဘက်စုံကြိုတင်ပေါင်းစည်း၍ အဆင့်မြင့်ထားသည့် Huawei ၏ Ocean Connect မိသားစုဝင်များဖြစ်ကြပါသည်။

အဓိကအကျဆုံး နည်းပညာထုတ်လုပ်သူများ၊ ဝန်ဆောင်မှုပံ့ပိုးပေးသူများ Telecom ကုမ္ပဏီများနှင့်အတူတွဲပြီး ၎င်းတို့၏ Smart Home Solutions များတွင်  Z-Wave ကို ထည့်သွင်းထားသည့် Z-Wave ဂေဟစနစ်သည်  ပြီးခဲ့သည့် နှစ်ပေါင်းများစွာကပင် အောင်မြင်လာခဲ့ပြီးဖြစ်ပါသည်။ Z-Wave Alliance ၏ အဓိက ဦးဆောင်အဖွဲ့ဝင်ဖြစ်လာသည်နှင့်အညီ  Huawei သည် Alliance ကို ဦးဆောင်ရာတွင် ကြီးမားသော အခန်းကဏ္ဍမှပါဝင်ပြီး အနာဂတ်တွင် ကိုယ်ပိုင်အရည်အချင်းနှင့်ဦးဆောင်မည့်သူများအား ကူညီပေးရင်း အဖွဲဝင်အချင်းချင်းကြားတွင်ရှိသောအကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွား

ကြမည် ဖြစ်ပါသည်။

Executive Director ဖြစ်သော Mitchell Klein က “Huawei ဟာ Z-Wave Alliance မှာ တက်ကြွတဲ့ အဖွဲ့ဝင် တစ်ဦးဖြစ်ခဲ့တာကြာပါပြီ။ Board of Directors အဖွဲ့မှာ ပါဝင်လာတာက Smart home မှာ IoT တိုးတက်လာအောင်ဆောင်ရွက်မယ်၊ ဒီဈေးကွက်တွေမှာ Z-Wave ရဲ့ဦးဆောင်မှုအခန်းကဏ္ဍ ကို မြှင့်တင်မယ်ဆိုတဲ့ Huawei ရဲ့ကတိအတိုင်း လုပ်ဆောင်နေတယ်ဆိုတာကို သရုပ်ပြသလိုက်တာပါပဲ။” ဟု ပြောကြားခဲ့ပါသည်။

Huawei Cloud Core Network Product Line ၏ Cloud Communication Marketing Director ဖြစ်သော  Yang Qin က “Board of Directors အဖွဲ့ဝင်အဖြစ် ပါဝင်လာပြီး Z-Wave Alliance မှာ ကျွန်တော်တို့ရဲ့ အခန်းကဏ္ဍတိုးမြှင့်လာနိုင်တာကို ဂုဏ်ယူပါတယ်။ Z-Wave ဟာ Smart Home နဲ့ အခြားအလားတူလုပ်ငန်း နယ်ပယ်တွေအတွက် အလွန်အရေးပါတဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။ Alliance ကို ဝင်ရောက်လိုက်ခြင်းက IoT လုပ်ငန်းနယ်ပယ်မှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေတဲ့ Z-Wave နည်းပညာကို တိုးမြှင့်နိုင်ဖို့ Huawei အတွက် အရေးကြီးပါတယ်။” ဟုပြောကြားခဲ့ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*