
တချို့လူတွေရဲ့ ဘဝက တကယ့်ကို အထီးကျန်ဆန်လွန်းပါတယ်။ အနားမှာ နွေးထွေးမှု၊ ကြင်နာတဲ့ စောင့်ရှောက်မှု အဖော်ပြုပေးမယ့် မိသားစု၊ ညီအစ်ကိုမောင်နှမ၊ ချစ်ခင်သူ မိတ်ဆွေတွေ မရှိလို့ တစ်ကိုတည်း အဖော်မဲ့ အထီးကျန်ဆန် နေထိုင်ရပါတယ်။ အခုလည်း ဗြိတိန်က အိမ်ခြေယာမဲ့ အမျိုးသားတစ်ဦးက သူ့မွေးနေ့အတွက် နွေးထွေးမှုနဲ့ ပျော်ရွှင်စရာကောင်းတဲ့ အချိန်တစ်ခုကို ရဖို့ တရားရုံးတော်ကို ဦးတိုက်လျှောက်ထားခဲ့ပါတယ်။
ဘာဒ်လီဂရင်းလို့ အမည်ရတဲ့ အမျိုးသား သူ့ရဲ့ အသက် ၇ နှစ်သားကတည်းက အိမ်ခြေယာမဲ့ တစ်ဦး ဖြစ်ကာ တစ်ကိုယ်တည်း ပျင်းရိငွေ့စရာကောင်းလောက်အောင် ဘဝကိုဖြတ်သန်းခဲ့ရတာ ဖြစ်ပါတယ်။ မစ်ဒယ်ဘရော့ရဲ့ ဈေးဆိုင်တမ်းလမ်းမမှာ ခြောက်လကြာအိပ်စက်ခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် ရှိတဲ့ အိမ်ခြေယာမဲ့ အလုပ်ကြမ်းသမား လူငယ်က တီးစ်ဆိုက်ခရောင်း တရားရုံးတော်မှာ သူ့ရဲ့ မွေးနေ့ ပွဲမှာ သူနဲ့အတူရှိနေပေးမယ့် အပေါင်းအဖော်တွေနဲ့ ပျော်ပျော်ရွှင်ရွင် ဖြတ်သန်းဖို့ တောင်းဆိုထားကာ သူ့ကို ထောင်ထဲကို ဝင်ခွင့်ပေးစေလို့တယ်လို့ ဆိုထားပါတယ်။
သူ့ရဲ့ ဒီလို အသနားခံတောင်းဆိုခြင်းက တရားရုံးတော်က ဖြည့်ဆည်းပေးလိုက်ပါတယ်။ အိမ်ခြေယာမဲ့ လူငယ်ကို ဓါးလက်နက်ကိုင်ဆောင်မှုနဲ့ ထောင်ဒဏ် ၄ လကြာချမှတ်ပြီး နေစေဖို့ ခွင့်ပြုပေးလိုက်တယ် လို့ သိရပါတယ်။ နောက်ပြီး အဆိုပါ လူငယ်မှာ ဦးနှောက်အကျိတ်ရောင်ရောဂါဖြစ်ပွားနေတာကို သတိမထားပဲ လျစ်လျူရှုနေထိုင်နေတယ်လို့လည်း တရားရုံးတော်က ဆိုထားပါတယ်။
သဒ္ဒါချို(ရွှေအင်းလေး)
Leave a Reply