တံတောင်ဆစ်မည်းသူများအတွက် လွယ်ကူရိုးရှင်းတဲ့အိမ်တွင်းကုထုံး

တံတောင်ဆစ်မည်းရခြင်းရဲ့ အကြောင်းအရင်း များစွာရှိပါတယ်။ အမြဲတမ်းလိုလို စားပွဲပေါ်မှာ တံတောင်ဆစ်ထောက်ပြီး နေတတ်တဲ့သူတွေက တံတောင်ဆစ်မည်းတတ်တယ်ဆိုတာကို သတိပြုဖို့ လိုပါတယ်။ ဒါ့အပြင် မျက်နှာအသားအရေကိုပဲ ထိန်းသိမ်းတတ်ကြပြီး လက်မောင်း၊ တံတောင်ဆစ်လိုနေရာတွေကို အသားအရေမပျက်စီးစေဖို့ ထိန်းသိမ်းမှုတွေ ပြုလုပ်ဖို့ကိုတော့ မေ့လျော့နေတတ်ကြတာကို တွေ့ရပါတယ်။ တံတောင်ဆစ်မည်းတဲ့သူတွေအနေနဲ့ မကုသဘဲထားရင် အရမ်းကြည့်ရဆိုးပါတယ်။ ဒါ့ကြောင့် ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် တံတောင်ဆစ်မည်းနေတယ်ဆိုရင် အခုဖော်ပြပေးမယ့် နည်းလမ်းလေးအတိုင်း ပြုလုပ်ကြည့်လိုက်ပါနော်။

(၁) သကြား

သကြားနဲ့scrubပြုလုပ်တဲ့ နည်းလေးပါ။ သကြားနဲ့သံလွင်ဆီကို ဆတူရောစပ်ပြီး တံတောင်ဆစ်ပေါ်ကို သုတ်လိမ်းပြီး ၅မိနစ်ခန့် scrub ပြုလုပ်ပေးရမှာပါ။ သကြားမှာပါဝင်တဲ့ သဘာဝဓာတ်များက ဆဲလ်သေများကို ဖယ်ရှားပေးနိုင်တဲ့အပြင် အသားအရေကြည်လင်ဝင်းပစေတဲ့ အစွမ်းသတ္တိများစွာပါဝင်ပါတယ်။ ဒ့ါကြောင့် သကြားနဲ့ scrub ပြုလုပ်တဲ့နည်းလမ်းလေးကို သင်လိုချင်တဲ့ရလဒ်ရတဲ့အထိကို ပုံမှန်ပြုလုပ်ပေးသွားဖို့ လိုပါတယ်နော်။

(၂) အုန်းဆီ

တံတောင်ဆစ်နေရာမှာ အသားအရေခြောက်သွေ့နေရင်လည်း တံတောင်ဆစ်မည်းခြောက်ခြောက်ကြီး ဖြစ်နေတတ်ပါတယ်။ အုန်းဆီက အသားအရေစိုပြေဖို့အတွက် အဆီဓာတ်များပေးစွမ်းနိုင်တာကြောင့် တံတောင်ဆစ်မည်းခြင်းအတွက် အကောင်းဆုံးဆေးတစ်လက်လို့ ဆိုနိုင့်ပါတယ်။ ရေချိုးပြီးတိုင်း တံတောင်ဆစ်ကို အစိုဓာတ်ထိန်းပေးနိုင်ဖို့အတွက် အုန်းဆီလိမ်းပေးဖို့ မမေ့ပါနဲ့နော်။ အုန်းဆီအနည်းငယ်ကို မည်းနေတဲ့တံတောင်ဆစ်ပေါ်ကို ပွတ်လိမ်းပေးပါ။ တစ်နေ့ကို ၃ကြိမ် ၃မိနစ်ခန့် massage လုပ်ပေးမယ်ဆိုရင် တံတောင်ဆစ်မည်းညစ်တာ သက်သာပျောက်ကင်းတာကို တွေ့မြင်ရမှာပါ။

(၃) မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါကလည်း အလှအပရေးရာမှာ တကယ့်ကိုအသုံးဝင်တာကို သိကြမှာပါ။ မုန့်ဖုတ်ဆိုဒါလက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ နွားနို့စားပွဲတင်ဇွန်းတစ်ဇွန်းတို့ကို ရောစပ်ပြီး မည်းပြာနေတဲ့ တံတောင်ဆစ်ပေါ်ကို သုတ်လိမ်းပြီး massage လုပ်ပေးပါ။ ၅မိနစ်ခန့်အကြာမှာ ရေဆေးချလိုက်ပါနော်။ ဒါဆိုရင်တော့ တံတောင်ဆစ်အရောင်က နဂိုအသားအရေအရောင်အတိုင်း တဖြည်းဖြည်းပြောင်းလဲလာတာကို တွေ့ရမှာပါ။

(၄) သံပရိုရည်

သဘာဝအရောင်ချွတ်ဆေးလို့ ပြောလို့ရတဲ့ သံပရိုရည်က တံတောင်ဆစ်မည်းညစ်နေတာအတွက် အကောင်းဆုံးဆေးတစ်လက်ပါပဲနော်။ သံပရိုရည်မှာပါဝင်တဲ့ ဗီတာမင်စီဓာတ်က တံတောင်ဆစ်ပေါ်က ဆဲလ်သေများကို ကွာကျစေနိုင်တဲ့ အစွမ်းသတ္တိများစွာပါဝင်နေပါတယ်။ ဒါ့ကြောင့် သံပရိုသီးကို ထက်ခြမ်းခြမ်းပြီး တံတောင်ဆစ်ပေါ်ကို ပွတ်လိမ်းပေးရမှာပါ။ မိနစ်၂၀ခန့်လောက်ထားပြီးမှ ရေနဲ့ဆေးချလိုက်ရုံပါပဲ။ တစ်နေ့ကို ၃ကြိမ်၊ ၄ကြိမ်ခန့်ပုံမှန်ပြုလုပ်ပေးသွားမယ်ဆိုရင် ရက်သတ္တပတ်အတွင်း ရလဒ်ကောင်းကို တွေ့ရမှာပါနော်။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*