ယူရို ၉၀၀ ကျော် အထိ ရှိလာနိုင်မယ့် Huawei Mate 10

ပြင်သစ်မီဒီယာ frandroid ရဲ့ဖော်ပြချက်အရ Huawei Mate 10 မှာ Samsung S8 မှာလိုမျိုး DeX လိုစနစ် ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။ Kirin 970 ပါဝါထောက်ပံ့လာမယ်အပြင် Huawei Mate 10 ကို Desktop မှာလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ USB C ၊ Dock တို့နှင့် ချိတ်ဆက်ပြီး Desktop မှာ အသုံးပြုရမှာ ဖြစ်ပါတယ်။ အောက်တိုဘာလ ၁၆ ရက်ဆိုရင်တော့  Mate 10 နှင့်ပတ်သက်တဲ့အချက်အလက်တွေပိုတိကျလာတော့မှာပါ။

Huawei Mate 10 မှာ  f/1.6 ပါဝင်တဲ့ Leica ထုတ် ကင်မရာနှစ်ခု၊ Al စနစ် ပါဝင်တဲ့ Kirin 970 တို့ ပါဝင်နေတာကြောင့် အခုလို ဈေးနှုန်းမြင့်မားတာ အံ့သြစရာတော့ မဟုတ်ပါဘူး။ အသေအချာပြောရမယ်ဆိုရင် Huawei ထုတ်လုပ်မယ့် DisplayPort နှင့်သာမက အခြားကုမ္ပဏီထုတ် Dock များနှင့်လည်း ချိတ်ဆက် သုံးနိုင်ပါမယ်။

Huawei Mate 10 နှင့်ပတ်သက်ပြီး နောက်ထပ် သိရတာကတော့ ဈေးနှုန်းပဲ ဖြစ်ပါတယ်။ Huawei Mate 10 က Intelligence Machine ဖုန်းလို့ဆိုထားတာကြောင့် ဈေးနှုန်းကလည်း မြင့်မားပါလိမ့်မယ်။ Huawei Mate 10 Pro ရဲ့ဈေးနှုန်းက ယူရို ၉၃၀ မှ ယူရို ၉၄၀ အတွင်း ရှိမယ်လို့ သိရတာကြောင့် Mate 10အနေနဲ့လည်း ယူရို၉၀၀ ဝန်းကျင်ရှိလာနိုင်ပါတယ်။ ဒါဟာလတ်တလောထွက်ထားတဲ့  Galaxy Note 8 ဈေးနှုန်း နီးနီး ဖြစ်ပါတယ်။

  ကျော်ကျော် (ရွေအင်းလေး)

Ref :gsmarena

Be the first to comment

Leave a Reply

Your email address will not be published.


*