Messenger Lite app ကို android သုံးစွဲသူများအတွက် Facebook ဖြန့်ချိ

Facebook ဟာဒေတာသုံးစွဲမှုသက်သာစေမယ့် Messenger Lite Android app ကို အမေရိကန်၊ ကနေဒါ၊ ယူကေနဲ့ အိုင်ယာလန်နိုင်ငံများအတွက်ဖြန့်ချိပေးလိုက်ပါတယ်။ ယခင်က အင်တာနက်နှေးကွေးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ဒီ app ကို ပြုလုပ်ပေးခဲ့တာဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံ ၁၀၀ ကျော်မှာပဲ အသုံးပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။ facebook အနေနဲ့lite ကိုဖွံ့ဖြိုးဆဲနိုင်ငံမှာရှိတဲ့ မိုဘိုင်းအော်ပရေတာတွေနဲ့ ပေါင်းစပ်ပြီး အခမဲ့အသုံးပြုလို့ရအောင် ပြုလုပ်ပေးထားတာဖြစ်ပါတယ်။

ယခင်က Messenger Lite ကို bandwidth နည်းတဲ့နေရာတွေက သုံးစွဲသူတွေ လျင်မြန်စွာအသုံးပြုနိုင်ဖို့အတွက် အဓိကထား ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ Facebook ရဲ့ ထိပ်တန်း ဖွံ့ဖြိုးပြီးကမ္ဘာ့ဈေးကွက်တွေမှာ တိုးချဲ့ဖြန့်ချိလိုက်တာကြောင့် ဈေးကြီးတဲ့ data plan တွေကို သုံးစွဲလိုခြင်းမရှိတဲ့ user တွေအတွက် အဆင်ပြေစေမယ်လို့ သိရပါတယ်။ သုံးစွဲလိုသူတွေအနေနဲ့ https://messenger-lite.en.uptodown.com/android မှာသွားရောက်ရယူနိုင်မှာဖြစ်ပါတယ်။

Messenger Lite မှာ မူရင်း app ရဲ့ အရေးပါတဲ့ feature အများစုပါဝင်ပေမယ့် ဒေတာအများအပြားသုံးစွဲမယ့် Messenger Day နဲ့ selfie lens တွေလိုမျိုး အရာတွေတော့ မပါဝင်ပါဘူး။ ဒါ့အပြင် iOS ဗားရှင်းတစ်မျိုးကို ဖြန့်ချိဖို့အစီအစဉ်မရှိဘူးလို့ facebook က ဆိုပါတယ်။

ကျော်ကျော်(ရွှေအင်းလေး)

73 Comments on Messenger Lite app ကို android သုံးစွဲသူများအတွက် Facebook ဖြန့်ချိ

Leave a Reply

Your email address will not be published.


*