Stylus သုံးနိုင်မယ့် Pixelbook Laptop ကို Google မိတ်ဆက်ကြေညာ

Google Pixelbook ဆိုတဲ့နာမည်နဲ့အတူ ထွက်လာတဲ့ High-end Chromebook ဟာ Lenovo Yoga Laptop နဲ့ Microsoft ရဲ့  Surface တို့ပုံစံလိုမျိုး 2-in-1 သုံးနိုင်မှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့လကပေါက်ကြားထွက်ပေါ်ခဲ့တဲ့ အတိုင်းGoogle ရဲ့Pixelbook ဟာကြီးမားတဲ့ကီး၊ ထောင့်ဆန်တဲ့ဒီဇိုင်း၊ ကျယ်ပြန့်တဲ့ trackpad နှင့် 12.3 လက်မအရွယ် display ရှိပါတယ်။

Google ရဲ့ Pixelbook မှာတက်ဘလက်သို့လက်တော့ပ်လိုသုံးချင်သူများအတွက်ကွဲပြားခြားနားသော နည်းလမ်းကိုပေးစွမ်းပါလိမ့်မယ်။ Lenovo Yoga ကို PC တွေနဲ့တူသယောင်ရှိပေမယ့် သူ့မှာကွဲပြားတဲ့လုပ် ဆောင်ချက်တွေကို တွေ့ရမှာပါ။ ယနေ့ PC ကိုထုတ်လုပ်သူတွေဟာ ပိုမိုပါးလွှာတဲ့ အနားသတ်ဘောင်တွေနဲ့  display ကိုပြုလုပ်နေတဲ့ အချိန်မှာ Google အနေနဲ့ ကျယ်ပြန်တဲ့ 3:2 မျက်နှာပြင်အချိုး၊12.3 လက်မအရွယ် display မှာကြီးမားသော bezels နဲ့ Pixelbookကိုထုတ်လုပ်လိုက်တာပါ။

အခြေခံဈေးနှုန်းအားဖြင့် $ 999 မှာ7th မျိုးဆက် Intel Core i5 ပရိုဆက်ဆာနဲ့ 8GB RAM မှာ သိုလှောင်မှု 128GB ပါဝင်မှာဖြစ်ပါတယ်။ လက်တော့ကိုအားသွင်းဖို့နဲ့ အခြားဆက်စပ်ပစ္စည်းတွေနဲ့ချိတ်ဆက်ဖို့အတွက် USB-C Port 2ခုထည့်သွင်းပေးထားပါတယ်။ သင်အနေနဲ့ Pixel ဖုန်းကိုအသုံးပြုနေချိန်မှာတောင် Pixelbook နဲ့ချိတ်ဆက်ပြီး၊အလိုအလျောက် tethering ပြုလုပ်ပေးမှာဖြစ်ပါတယ်။ 12.3လက်မအရွယ်မျက်နှာပြင်နဲ့တွဲဖက်သုံးစွဲနိုင်စေဖို့အတွက် Penကိုတော့ ဝယ်ယူရမှာဖြစ်ပြီး US99ကျသင့်မှာဖြစ်ပါတယ်။ သူ့ရဲ့ဒီဇိုင်းကတော့ ပုံမှန်သုံးနေကြ ခဲတံနဲ့တောင်ဆင်တူပါတယ်။ ပါဝါစွမ်းအားအတွက် ဘက်ထရီကိုတော့ AAA အမျိုးအစားသုံးပေးထားပါတယ်။ Pixelbook ကိုအမေရိကန်၊ ဗြိတိန်နှင့်ကနေဒါအတွက်အောက်တိုဘာလ 31 ရက်နေ့မှာ စတင်ဖြန့်ချိပေးမှာဖြစ်ပြီး၊ အောက်တိုဘာ ၅ရက်နေ့ကနေစတင်ပြီး ကြိုတင်မှာယူလို့ရနိုင်ပါပြီ။

ကျော်ကျော်(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*