Latest post

Dual-Camera နဲ့စမတ်ဖုန်းကိုင်ဆောင်လိုသူတွေအတွက် Samsung Galaxy J7+

Samsung ရဲ့ J Series မျိုးဆက်သစ်ဖြစ်တဲ့ J7+ စမတ်ဖုန်းသစ်ဟာ ဓာတ်ပုံရိုက်ရတာဝါသနာပါသူတွေ၊ Social Media အသုံးများသူတွေနဲ့ လူငယ်တွေအတွက် တကယ်ကိုအသုံးဝင်မယ့် ဖုန်းတစ်လုံးဖြစ်ပါတယ်။ လုံခြုံရေးစနစ်တွေကိုလည်း လက်ဗွေရာစနစ်နဲ့အတူ Always-On-Display လို function အသစ်တွေ ထပ်မံတိုးမြှင့်ထည့်သွင်းထားတာကြောင့် သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။ Galaxy J7+ ကိုအနက်ရောင် နှင့် ရွှေရောင် အစရှိသဖြင့် အရောင်နှစ်မျိုး ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါ တယ်။

Design & Display

Galaxy J7+ အား လှပကျော့ရှင်း၍ ပါးလွှာသော သတ္တုကိုယ်ထည်ဒီဇိုင်းဖြင့် ဖန်တီးထားပါတယ်။ ကြည်လင်တောက်ပ၍ ရုပ်ထွက်ကောင်းသော ၅.၅ လက်မအရွယ်အစားရှိ FHD sAMOLED မျက်နှာပြင်နှင့်အတူ 2.5D display နဲ့ဖြစ်ပါတယ်။ ကိုယ်ထည်ပိုင်းကိုကြည့်လိုက်တဲ့အခါမှာ နောက်ကျောဘက်မှာ dual-Camera ကိုတပ်ဆင်ပေးထားပြီး သူ့ရဲ့အောက်မှာတော့ led falsh ကိုတွေ့ရမှာဖြစ်ပါတယ်။ ညာဘက်ဘေးဘောင်မှာတော့ ပါဝါခလုတ်နဲ့အတူ 2017 J series ရဲ့ပြောင်းလဲလာတဲ့ပုစံဖြစ်တဲ့ စပီကာကိုတွေ့ရမှာပါ။ ဘယ်ဘက်ဘေးဘောင်မှာတော့ အသံအတိုးအကျယ် ခလုတ်ကိုတပ်ဆင်ပေးထားပြီး၊သူ့ရဲ့အောက်ဘက်မှာတော့ဆင်းကတ်ထည့်စရာ Tray ဖြစ်ပါတယ်။ USB အားသွင်း ပေါက်နဲ့ audio ဟာအခြားဖုန်းတွေလို အပေါ်အောက်ကွဲပြားမနေပဲ အောက်ဘက်မှာတစုတည်းတွေ့ရမှာပါ။

Camera functions

ကင်မရာပိုင်းဆိုင်ရာ ထူးခြားချက်တစ်ခုအနေဖြင့် 13 MP နှင့် 5 MP အရွယ်အစားရှိ နောက်ကင်မရာ ၂ လုံးနှင့်အတူ 16 MP အရွယ်အစားရှိ ရှေ့ကင်မရာပါဝင်သောကြောင့် Samsung မှ ထွက်ရှိခဲ့သော စမတ်ဖုန်းများအတွင်း ပထမဆုံးအနေဖြင့် ကင်မရာ ၃ လုံးပါဝင်သည့် စမတ်ဖုန်းဖြစ်သည်။ ပြောရမယ်ဆိုရင် Note 8 မှာ dual-camera ကင်မရာထည့်သွင်းလာပြီးနောက်ပိုင်း၊ ဒုတိယမြောက် dual-camera တပ်ဆင်ဆင်ထားတဲ့ဖုန်းလို့ သတ်မှတ်နိုင်ပါ တယ်။ Dual 13 MP (f/1.7, autofocus) နဲ့ 5 MP, f/1.9, LED flash ပေါင်းစပ်မှုဟာပုံရိပ်တွေကို အကောင်းဆုံးဖမ်း ယူနိုင်ပါလိမ့်မယ်။ selfie ရိုက်ကူးတဲ့သူတွေအတွက်လည်း မရိုက်ကူးခင်တခါတည်းပြင်ဆင်နိုင်တဲ့ selfie focus ၊  ဓာတ်ပုံရိုက်တဲ့အချိန်မှာ စတစ်တာ၊effect တွေထည့်သွင်းနိုင်ပါလိမ့်မယ်။ သူငယ်ချင်း၊မိသားစုတွေနဲ့ အုပ်စုလိုက် selfie ရိုက်ကူးချင်တဲ့သူတွေအတွက်တော့ wideselfie လုပ်ဆောင်ချက်၊ Beauty face၊ animated gif နဲ့ sport shot လိုလုပ်ဆောင်ချက်တွေ လိုချင်တယ်ဆိုရင်တော့ download ပြုလုပ်ရပါလိမ့်မယ်။ အဓိကကင်မရာရဲ့လုပ် ဆောင်ချက်မှာတော့ Note 8မှာမှစတင်ထည့်သွင်းလာခဲ့တဲ့ live focus ကိုသုံးနိုင်ပါလိမ့်မယ်။ Pro Modeကိုသုံးစွဲပြီး လည်း ရုပ်ပုံတွေကို ဖမ်းယူနိုင်ပါလိမ့်မယ်။

Software & Hardware

ပရိုဆက်ဆာပိုင်းမှာတော့samsung ကိုယ်ပိုင်chipကိုမသုံးထားပဲ 2.3GHz အမြန်နှုန်းနဲ့ octa-Core ကိုသုံးထားပါတယ်။ MediaTek Helio P20 chipsetဟာ 4GB RAM နဲ့ပေါင်းစပ်ပြီး၊ ဖုန်းတွင်းမှတ်ဥာဏ် 32 GB အထိလက်ခံနိုင်ပါတယ်။  micro SD card ထပ်မံထည့်သွင်းကာ 256GB အထိတိုးမြှင့်အသုံးပြုနိုင်မည်ဖြစ်သည်။ OSပိုင်းမှာတော့ Android Nougat 7.1.1 ထည့်သွင်းထားပြီး multi-window ထောက်ပံ့မှု dual app featureကိုသုံးနိုင်ပါလိမ့်မယ်။ အရေးကြီးအချက်အလက်တွေကို ဖုန်းထဲမှာစိတ်ချစွာသိမ်းဆည်းထားနိုင်ဖို့အတွက်ကတော့ source folderကိုသုံးနိုင်ပါလိမ့်မယ်။ ဌင်းလုပ်ဆောင်ချက်ကို သုံးမယ်ဆိုရင်တော့ Samsung acc ရှိမှရပါလိမ့်မယ်။ ကြာရှည်စွာအသုံးပြုနိုင်ရန် 3,000 mAh စွမ်းအားဘက်ထရီကိုတပ်ဆင်ပေးထားပါတယ်။ ကွန်ရက်ချိတ်ဆက် ဆက်သွယ်နိုင်စွမ်းအတွက် 4G LTE, Bluetooth 4.2 နဲ့အတူ Wi-Fi 802.11 a/b/g/n/ac, dual-band, WiFi Direct, hotspot တို့ကိုသုံးနိုင်ပါလိမ့်မယ်။

ကျော်ကျော်(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*