မျက်နှာပြင်အကွေး Dual-Camera နဲ့ Nokia 9 ရဲ့ပုံရိပ်များထွက်ပေါ်

ဘေးဘောင်မပါတော့လောက်နီးပါးမျက်နှာပြင်နဲ့ဒေါင်လိုက် Dual-Camera တပ်ဆင်ထားတဲ့ အသစ်ထွက်ပေါ်လာတော့မယ် Nokia 9ရဲ့ဖြစ်နိုင်ခြေအရှိဆုံး ပုံရိပ်တွေထပ်မံထွက်ပေါ်လာပါတယ်။ ဖုန်းရဲ့ပုံပန်းသဏ္ဍာန်တော့ကြည့်လိုက်တဲ့အခါမှာ အတိုင်းအတာအားဖြင့် 140.9 x 72.9 x 7.5mm ရှိလာနိုင်ပြီး နောက်ကျောဘက်မှာထိုးထွက်နေတဲ့ ကင်မရာအထိဆိုရင်တောင် 8.9mm အထူရှိမှာဖြစ်ပါတယ်။ ကင်မရာ ဆင်ဆာအရွယ်အစားကိုအတိအကျမသိရပေမယ့် IMX258( 1/3.06” sensorဖြစ်နိုင်ပြီး ၎င်းဆင်ဆာကိုတော့ Nokia 8 နဲ့ LG G6တို့မှာသုံးထား)ဖြစ်နိုင်ခြေရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်လက်ရှိထွက်ထားတဲ့ ပေါက်ကြားမှုပုံရိပ်တွေကြည့်လိုက်မယ်ဆိုရင် Galaxy ဖုန်းတွေအတိုင်း အရှေ့ဘက်မှာ 5.5” AMOLED မျက်နှာပြင်အကွေးနဲ့ဖြစ်နိုင်ပြီး၊ 18:9 panel အချိုးနဲ့အတူ  QHD+ပုံရိပ်ဖော်ပြနိုင်စွမ်းပါဝင်နိုင်ပါတယ်။

လက်ဗွေဖတ်စနစ်ကိုတော့ နောက်ကျောဘက်ကင်မရာရဲ့အောက်ဘက်မှာ တပ်ဆင်ထားနိုင်ပါတယ်။ compareraja  မှာဖြော်ပထားချက်အရ Qualcomm’s MSM8998 Snapdragon 835 ပရိုကဆက်ဆာကိုသုံးစွဲထားနိုင်ပါတယ်။ Android စမတ်ဖုန်းထုတ်လုပ်သူအများစုဖြစ်တဲ့ S8, Note 8နဲ့ HTC U11 တို့မှာလက်တလောသုံးနေတဲ့ စွမ်းရည်ပြည့် SOC အမျိုးအစားဖြစ်နေလို့ပါ။ အချက်အလက်သိုလှောင်မှုအတွက် ဖြစ်နိုင်စွမ်းကတော့ 4 GB RAM နဲ့အတူ 64 GB / 128 GB ဆိုပြီးရွေးချယ်ရဖို့များပါလိမ့်မယ်။ @CompareRaja နဲ့ @OnLeaks တို့၂နေရာလုံးကနေ အသစ်ထွက်လာတဲ့ပုံရိပ်တွေကို မြင်တွေ့ပြီး နောက်မှာတော့ HMD ရဲ့စမတ်ဖုန်းသစ်ဟာGalaxy s8 ဖုန်းရဲ့ဒီဇိုင်းနဲ့တောင် တူသယောင်ရှိနေပါတယ်။လက်ရှိထွက်ထားတဲ့ ပေါက်ကြားမှုတွေဟာမှန်ကန်နိုင်ခြေရှိပေမယ့် HMDကတကယ်ထုတ်ပြန်တဲ့အချိန်မှာတော့ ကွဲလွဲချက်တွေရှိနေနိုင်ပါသေးတယ်။  HMDဟာဈေးနှုန်း ယူရို 750လောက်သတ်မှတ်နိုင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*