ကင်မရာစွမ်းရည်ပိုင်းမှာ iPhone 8 ထက်သာသွားတဲ့ Huawei Mate 10

ကင်မရာများရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်တဲ့ DxOMark ရဲ့ စမ်းသပ်မှုမှာ Google Pixel 2 ဟာ iPhone 8 နဲ့ အခြား ကင်မရာအကောင်းဆုံး ဖုန်းများကို ကျော်ဖြတ်ပြီး ရမှတ် ၉၈ မှတ်ဖြင့် သရဖူဆောင်းထားပါတယ်။ Huawei Mate 10 ထွက်လာတဲ့ အခါမှာလည်း DxOMark ကနောက်ထပ်စမ်းသပ်ချက်တခုကို ပြုလုပ်ခဲ့ပါတယ်။ စမ်းသပ်မှုအရ Huawei Mate 10 ဟာ Google ထက် တစ်မှတ်သာလျော့နည်းပြီး ၉၇ မှတ်ဖြင့် အကောင်းဆုံး ကင်မရာပါတဲ့ စမတ်ဖုန်းစာရင်းမှာ ဒုတိယနေရာကို သိမ်းပိုက်လိုက်ပါတယ်။ iPhone 8 ဟာ ၉၂ မှတ်ရထားပါတယ်။

Huawei Mate 10 ရဲ့ အနောက်ဘက်မှာ 12MP RGB Sensor နဲ့ 20MP Monochrome Sensor တပ်ဆင်ထားခြင်း ဖြစ်ပါတယ်။ ကင်မရာများမှာ Phase Detection နဲ့ Laser Autofocus နည်းပညာများ ပါပြီး ၂ ဆ Zoom ဆွဲပေးနိုင်ပါတယ်။  Huawei Mate 10 ရဲ့ ကင်မရာကို နာမည်ကျော် ကင်မရာ ကုမ္ပဏီ Leica နဲ့ ပူးပေါင်းဖန်တီးထားခြင်း ဖြစ်ပါတယ်။ DxOMark က Huawei Mate 10 ရဲ့ လျှင်မြန်တဲ့ Focus ၊ ကောင်းမွန်တဲ့ Exposure နဲ့ Wide Dynamic Range တို့ ကောင်းမွန်မှုကိုလည်း ချီးကျူးထားပါတယ်။

DxOMark ရဲ့ အင်ဂျင်နီယာများဟာ ဓါတ်ပုံပေါင်း ၁၅၀၀ ကျော်နဲ့ ၂ နာရီကြာ ဗီဒီယိုများ ရိုက်ကူး၍ စမ်းသပ်ခဲ့ခြင်း ဖြစ်ပါတယ်။ အိမ်တွင်းနဲ့ အိမ်ပြင်ပမှာ စမ်းသပ်ခဲ့ကြပါတယ်။ Huawei Mate 10 ဟာ ရုပ်သေဓါတ်ပုံ ရိုက်ကူးမှုမှာ ၁၀၀ မှတ်ရခဲ့ပြီး Pixel 2 ရဲ့ ၉၉ မှတ်ထက်တောင် သာခဲ့ပါတယ်။

KK(Shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*