သွားမြန်မြန်တိုက်တဲ့အခါ ဘယ်လိုတွေတောင် ဖြစ်လာနိုင်လဲ ….

သွားကျန်းမာရေးအတွက် မနက်တစ်ကြိမ် ညတစ်ကြိမ် သွားတိုက်ရမယ်ဆိုတာ အားလုံးသိပြီးသားပါ ။ အရေးကြီးတာကတော့ သွားတိုက်တဲ့ နည်းလမ်းမှန်ဖို့ပါပဲ ။ နည်းလမ်းမှန်မှန်မတိုက်လျှင်တော့ သင့်ရဲ့ သွားကို အချိန်မတိုင်မီ ပျက်စီးစေနိုင်ပါတယ် ။ အထူးသဖြင့် အသန့်လွန်လိုသောစိတ်ဖြင့် မကြာခဏသွားတိုက်ခြင်းနှင့် ခပ်မြန်မြန်သွားတိုက်ခြင်းက အဆိုးဆုံးပါပဲ ။

ကဲ ဒီတော့ နည်းလမ်းမှန်မှန် သွားမတိုက်ခြင်းကြောင့် ဘာတွေဖြစ်လာနိုင်လဲဆိုတာ ကြည့်လိုက်ကြရအောင် ….

၁။ သွားကိုအပြင်းအထန် အားစိုက်ထည့်ပြီးတိုက်တာက တကယ်ပဲကောင်းတယ်လို့ ထင်ပါသလား ?

လုံးဝမှားတယ်လို့ ပြောပါရစေ။ အားထည့်ပြီး သွားတိုက်တိုင်း ကောင်းတာမဟုတ်ပါဘူး။ သွားပွတ်တံနှင့် သင့်သွားပျက်စီးဖို့ပဲ ရှိပါတယ် ။

၂။အပြင်းအထန် မြန်မြန်တိုက်ခြင်းက သွားနှင့် သွားဖုံးကို ပျက်စီးစေတယ်

သွားတိုက်တဲ့အခါ အားပြင်းပြင်းနှင့် မြန်မြန်တိုက်ခြင်းက သွားဖုံးကို ထိခိုက်စေပါလိမ့်မယ် ။ သွားဖုံးနှင့် ပတ်သက်ပြီး ပြဿနာ မရှိခဲ့ဘူးလျှင်တောင် ဒီလိုတိုက်ခြင်းက သွားဖုံးပြဿနာကို မကြာခဏဖြစ်ကာ သွားများ ပျက်စီးလာပါလိမ့်မယ် ။

၃။အနုစားသွားပွတ်တံကိုသုံးပါ။

အကယ်၍ အားနဲ့မြန်မြန်တိုက်တတ်တဲ့အကျင့်ကို မဖျောက်နိုင်ဘူးဆိုလျှင်တော့ ကလေးသုံး သွားပွတ်တံအမျိုးအစားကိုသာ ရွေးချယ်အသုံးပြုဖို့ အကြံပေးပါရစေ ။

၎။သွားမကျန်းမာမှုကို ခံစားရနိုင်တယ်

သွားတိုက်ပြင်းထန်တဲ့သူတွေဟာ သွားဖုံးနှင့် သွားများ ပျက်စီးစေပြီး နောက်ပိုင်းမှာ sensitive ဖြစ်လွယ်တဲ့ သွားမျိုး ဖြစ်လာပါတယ် ။ သွားဖုံးလည်း နောက်သို့လျှောကျကာ သွားအလှပျက်စေပါတယ် ။

၅။အမြဲလိုလို တိုက်နေစရာမလိုပါ။

တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက်တာ ကောင်းပါတယ် ။သွားတိုက်ခြင်းကလည်း မနက်တစ်ကြိမ် ညတစ်ကြိမ်ဆိုလျှင် လုံလောက်ပါတယ် ။ အဲ့ထက်ပိုပြီး မကြာခဏဆိုသလို သွားတိုက်နေမယ်ဆိုလျှင်တော့ သွားပြဿနာများ ခံစားရပါလိမ့်မယ် ။

ကဲ…ပြင်လွန်းလျှင် ဖင်ချွန်းဆိုတဲ့စကားအတိုင်းပါပဲ ။ သွားတိုက်ခြင်းနှင့်ပတ်သက်ပြီး ရှောင်ရမယ့်အချက်တွေကိုလည်း သိရှိသွားလောက်ပါပြီ ။ အမှန်တကယ် သွားကျန်းမာရေးကို ဂရုစိုက်လျှင် နည်းလမ်းမှန်မှန်ဖြင့်သာ သွားတိုက်ပါ ။

CHAN (ရွှေအင်းလေး)

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*