SONY Xperia XA1 Plus

ဈေးနှုန်း – 459,000 Kyats

SONY မှအသစ်ထပ်မံထွက်ရှိလာသော ဒီဇိုင်းနှင့်အရည်အသွေးကောင်းမွန်သောအကောင်းဆုံး ပုံရိပ်တွေကို ရိုက်ကူးနိုင်မဲ့ Xperia Series ဖုန်းလေးဖြစ်ပါတယ်။ မျက်နှာပြင်အရွယ်အစားမှာတော့ 5.5” နှင့် FHD Resolution (1920×1080) IPS LCD Capacitive Screen ကိုအသုံးပြုပေးထားသောကြောင့် ရုပ်ထွက်ပိုင်းကို ကြည်လင်းပြတ်သားစွာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ အနောက်ကင်မရာ 23 Megapixel Camera နှင့် အရှေ့ကင်မရာ 8 Megapixel အသုံးပြုထားသောကြောင့် ဓါတ်ပုံဝါသနာပါသူများအတွက်ကတော့ စိတ်တိုင်းကျစေမှာပါ။ Android OS အနေဖြင့် နောက်ဆုံးထွက် 7.0 (Nougat) ကိုအသုံးပြုပေးထားပါတယ်။ Data သိမ်းဆည်းမှုပိုင်းတွင် 32GB ပါဝင်ပြီး ထပ်မံတိုးချဲ့လိုပါက Micro SD 256GB အထိ တိုးချဲ့အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ လုံခြုံရေးစနစ်အတွတ် Fingerprint Sensor ကိုတပ်ဆင်ပေးထားပါတယ်။

Graphic မြင့်မားတဲ့ Game တွေကိုသွက်လက်စွာကစားနိုင်ဖို့အတွက် Processor 2.3GHz Octa Core နှင့် RAM 3GB ကို သုံးပေးထားကြောင့် Graphic game အမြင့် နဲ့ Internet Software များကို အမြင့်မားဆုံးစွမ်းဆောင်ရည်ဖြင့် အသုံးပြုနိုင်ပါတယ်။ Battery ပိုင်းမှာလည်း Li-ion 3,430 mAh ပါဝင်သောကြောင့် အသုံးပြုသူများစိတ်ကြိုက် အချိန်ကြာမြင့်စွာ အသုံးပြုနိုင်ပါတယ်။

kk(ShweInnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*