AI စနစ်နဲ့ အရှေ့ဘက် 20MP ကင်မရာထည့်သွင်းထားတဲ့ Oppo F5

OPPO အနေနဲ့ နောက်ဆုံးမှာတော့ သူတို့ရဲ့ စမတ်ဖုန်းသစ် OPPO F5 နဲ့ပတ်သတ်တဲ့ အချက်အလက်တွေကို တိကျစွာ ထုတ်ပြန်လိုက်ပါပြီ။ သူ့ရှေ့မှာ ထွက်ခဲ့တဲ့ OPPO F3 အတိုင်း F5 မှာလည်း 6.0-inch LCD မှာ 18:9 အချိုးနဲ့အတူ 1080x2160p၊ လက်ဗွေဖတ်စနစ် နဲ့ထွက်လာမှာ ဖြစ်ပါတယ်။ လက်ဗွေဖတ်စနစ်ကို နောက်ကျောဘက်ကို ရွေ့လိုက်ပါတယ်။ ဒီလိုပြောင်းလဲလိုက်တာကို ဂရုစိုက်စရာမလိုပါဘူး OPPO ကပြောလိုက်ပြီး F5 မှာ face unlock စနစ်ကိုပါ ထောက်ပံ့ပေးထားပါတယ်။

F5 မှာတပ်ဆင်ထားတဲ့ ကင်မရာဟာ ရှင်းလင်းပြတ်သားတဲ့ ရိုက်ချက်တွေကို ရရှိနိုင်ပါလိမ့်မယ်။ နောက်ကျောဘက်မှာ တပ်ဆင်ထားတဲ့ 16MP အရည်အသွေးနဲ့ f/1.8 aperture ထည့်သွင်းထားပြီး အရှေ့ဘက်မှာတော့ ပိုမိုအရည်အသွေးကောင်းတဲ့  20MP နဲ့  f/2.0 aperture ကိုတပ်ဆင်ပေးထားမှာပါ။ လှပတဲ့ ပုံရိပ်တွေရရှိဖို့အတွက်ကတော့ AI beauty လုပ်ဆောင်ချက်နဲ့အတူ 1/2.8-inch ဆင်ဆာဟာ အထင်ကြီးစရာ ကောင်းလောက်တဲ့ Selfie ပုံရိပ်တွေကိုပေးမှာပါ။ အခြေခံအားဖြင့် OPPO F5 မှာ Selfie ပိုင်းအတွက် မျက်စိ၊ နှာခေါင်း၊ မေးရိုး(သို့) ပါးရိုးတွေကို ထင်ရှားအောင်ပြုလုပ်ပေးပါလိမ့်မယ်။ Software ကိုသုံးစွဲသူ မျက်စိနဲ့ စိတ်ကြိုက်အလှဆင်နိုင်မှာပါ။ ပရိုဆက်ဆာပိုင်းမှာတော့ Octa-core MT6763T နဲ့ ဂရပ်ဖစ်ကတော့ ARM Mali G71 MP2 800MHz ကိုသုံးထားပါတယ်။

Oppo F5 မှာ artificial blur နဲ့အတူ selfies ပုံရိပ်တွေကို Portrait Mode ရိုက်ကူးနိုင်မှာပါ။  Oppo F5 ထွက်ရှိလာမယ့် အမျိုးအစားကတော့ 32GB အချက်အလက်သိုလှောင်နိုင်မှုမှာ 4GB  RAM သို့ 64GB သိုလှောင်မှုမှာ 6GB RAM နဲ့ဖြစ်နိုင်ပါတယ်။ ဖိလစ်ပိုင်မှာ ဒီနေ့ကစပြီးပရီအော်ဒါ ပြုလုပ်လို့ရနိုင်ပြီး ဈေးနှုန်းကတော့ 15,990 PHP (ယူရို 263) နဲ့ဖြစ်ကာ နိုဝင်ဘာ ၄ရက်နေ့မှာ စတင်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

kk(shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*