တန်ဖိုးနည်း Galaxy Tab A Tablet ကို Samsung မိတ်ဆက်

Samsung အနေနဲ့သူတို့ရဲ့ Android Tablet အသစ်ဖြစ်တဲ့ Galaxy Tab A ကိုမိတ်ဆက်ပေးလိုက်ပြီး မိသားစုများကို အဓိက ရည်ရွယ်ဖန်တီးပေးထားပါတယ်။ Samsung အနေနဲ့ အမေဇုန်ရဲ့ ကလေးများအတွက် ဖန်တီးထားတဲ့ တက်ဘလက်များကို ယှဉ်ပြိုင်မှာ ဖြစ်ပေမယ့် Galaxy Tab A ကတော့ ဈေးအနည်းပိုကြီးပါတယ်။ Galaxy Tab A မှာ ၈ လက်မ 1280x800p မျက်နှာပြင်နဲ့အတူ 5000mAh ဘက်ထရီစွမ်းအား 32GB သိုလှောင်မှုနဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ အရှေ့ဘက်မှာ 5MP ကင်မရာနဲ့အတူ  8MP ကိုနောက်ကျောဘက်မှာ တပ်ဆင်ထားပါတယ်။

ပရိုဆက်ဆာပိုင်းမှာတော့ Qualcomm Snapdragon 425  မောင်းနှင်မှာ ဖြစ်ပါတယ်။ 2GB RAM နဲ့ Android 7.1.1 Nougat ထည့်သွင်းထားပါတယ်။ 256GB အထိ ၀င်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ USB-C Port ပါတဲ့အတွက် ဒေတာ ကူးပြောင်းခြင်းနဲ့ အားသွင်းခြင်းများ ပြုလုပ်ရင် လျှင်မြန်ပါတယ်။

Amazon Fire Tablets များမှာလို Samsung က မိသားစုများအတွက် လုပ်ဆောင်ချက်များ ထည့်သွင်းပေးထားပါတယ်။ Galaxy Tab A မှာ ကလေးများဟာ သူတို့ ကိုယ်ပိုင် အကောင့်များဖြင့် အသုံးပြုနိုင်ပါတယ်။ မိဘများက ကလေးရဲ့ တက်ဘလက် အသုံးပြုမှုကို ထိန်းချုပ်နိုင်ပါတယ်။ Kids Mode မှာ ကလေးများအတွက် သင့်တော်တဲ့ Apps, Games များကို ပြသပေးထားပါတယ်။ အနက်နဲ့ ငွေရောင်များ ထုတ်လုပ်ပေးထားပါတယ်။ ၂၂၉.၉၉ ဒေါ်လာ သတ်မှတ်ထားပြီး နိုဝင်ဘာလ ၁ ရက်နေ့မှာ ရောင်းချမှာပါ။

Kk(shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*