မြန်မာငွေ 150000 ဝန်းကျင်ဈေးနှုန်းနဲ့ Nokia 2 ကို HMD ကြေညာ

HMD အနေနဲ့ တန်ဖိုးနည်းစမတ်ဖုန်း မိတ်ဆက်မယ်ဆိုတဲ့ စကားသံတွေ ပျံ့နှံ့ခဲတာကြာပါပြီ။

အခုတော့ သူ့တို့ရဲ့ တန်ဖိုးနည်း ၊ စွမ်းဆောင်ရည်နိမ့် Nokia 2 ကို မိတ်ဆက်လိုက်ပါတယ်။ သူ့မှာ ၅ လက်မ HD Display တပ်ဆင်ထားပြီး စွမ်းအင်စားသုံးမှုနည်းပါးတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ သူ့ကို မောင်းနှင်ထားတာက Quad-Core Qualcomm Snapdragon 212 SoC ဖြစ်ပြီး စွမ်းအင် သက်သာစေပါတယ်။အနောက်ဘက်မှာ 8MP Camera နဲ့ အရှေ့ဘက်မှာ 5MP Camera တပ်ဆင်ထားပါတယ်။ အရွယ်အစားကြီးမားတဲ့ 4100mAh Battery ပါတဲ့အတွက် ဘက်ထရီ သက်တမ်း ကောင်းမွန်ပါတယ်။ တစ်ခါအားသွင်းထားရင် ၂ ရက်လောက် အသုံးခံတယ်လို့ ကုမ္ပဏီက ပြောပါတယ်။

Nokia 2 မှာ 1GB RAM, 8GB Internal Storage ထည့်သွင်းထားပါတယ်။ microSD Card ဖြင့် Storage ကို မြှင့်တင်ပေးနိုင်ပါတယ်။ Android Nougat ထည့်သွင်းထားပြီး Android Oreo ကို အဆင့်မြှင့်ပေးမယ်လို့ ကုမ္ပဏီက အတည်ပြုထားပါတယ်။ Pure Android ရဲ့ အရသာကိုခံစားရမှာဖြစ်ပါတယ်။ ကော့ပါး၊ အနက်နဲ့ အဖြူရောင်များ ထုတ်လုပ်ပေးထားပါတယ်။

Nokia 2 မှာ Google Assistant ထည့်သွင်းထားခြင်းက တန်ဖိုးနည်း စမတ်ဖုန်းများထဲမှာ ပထမဆုံးဖြစ်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ HMD က Nokia 2 ကို နိုဝင်ဘာလမှာ ရောင်းချမယ်လို့ ပြောပြီး ယူရို ၉၉ သတ်မှတ်ထားပါတယ်။

KK(Shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*