ပြည်တွင်း ဈေးကွက်ကိုရောက်ရှိလာတဲ့ Mid-Range စမတ်ဖုန်း အမျိုးအစား LG K10

 

ပြည်တွင်း စမတ်ဖုန်းဈေးကွက်ထဲကို သင့်တော်တဲ့ ဈေးနှုန်းထားနဲ့ ၀င်ရောက်လာတဲ့ စမတ်ဖုန်းကတော့ LG K10 ပဲဖြစ်ပါတယ်။ LG K10 ရဲ့ မျက်နှာပြင်ထောင့်ချိုးကို အသုံးပြုသူတွေအတွက်အဆင်ပြေအောင် အနည်းငယ် လုံးဝန်းတဲ့ပုံစံနဲ့ထုတ်လုပ်ထားတာဖြစ်ပါတယ်။ အလေးချိန် 142g ရှိတဲ့ LG K10 ရဲ့ မျက်နှာပြင်အရွယ်အစားကတော့ 5.3 လက်မရှိတာကြောင့် လက်မှာကိုင်ထားရင်ဆုပ်ကိုင်လို့ရတဲ့ အရွယ်အစားတစ်ခုဖြစ်ပါတယ်။ ဓာတ်ပုံ ၊ ဗီဒီယို နဲ့ အမျိုးမျိုးသော Social Platform တွေအသုံးပြုတဲ့အခါ ရုပ်ထွက်ကောင်းစေဖို့အတွက် အထောက်အပံ့ပေးထားတဲ့ Resolution ကတော့ 720 x 1280 Pixels ဖြစ်ပါတယ်။ တစ်လက်မမှာ Pixel သိပ်သည်းဆ 277 ppi ပါဝင်တာကြောင့် ပုံရိပ်တွေဖွာထွက်တာမျိုး မဖြစ်စေပါဘူး။

IPS LCD Capatitive Touchscreen အသုံးပြုထားတဲ့ K10 စမတ်ဖုန်းရဲ့ မျက်နှာပြင်ကို ကာကွယ်ပေးထားတာကတော့ Corning Gorilla Glass 3 ပဲဖြစ်ပါတယ်။ Nano Sim နှစ်ခုအသုံးပြုနိုင်တဲ့အပြင် လက်ဆယ်ချောင်းလုံး အသုံးပြုနိုင်တဲ့ Multitouch စနစ်ပါဝင်ပါတယ်။ လိုသလိုချိန်ဆ နိုင်တဲ့ Brightness Sensor ဟာလည်း K10 ရဲ့ကောင်းမွန်တဲ့အချက်တစ်ခုဖြစ်ပြီး နေပူထဲသွားတာ ဒါမှမဟုတ် နေရိပ်ထဲရောက်တဲ့အခါမှာလည်း စမတ်ဖုန်းထဲကပုံရိပ်တွေကို ကြည်လင်ပြတ်သားစွာမြင်ရစေမှာပါ။

K10 မှာ Android Version 7.0 Nougat ကိုသုံးထားပြီး Apps တွေအသုံးပြုတဲ့အခါ မြန်ဆန်အောင် အသုံးပြုထားတဲ့ Chipset ကေ တာ့Mediatek MT6750 ဖြစ်ပြီး CPU အနေနဲ့ Octa-Core 1.5 GHz Cortex-A53 ကိုအသုံးပြုထားပါတယ်။ စမတ်ဖုန်းမှာ ရုပ်ထွက်ကြည်လင်ပြတ်သားဖို့ အထောက်အပံ့ပေးထားတဲ့ Graphic Processing Unit ကတော့ Mali-T860MP2 ဖြစ်ပါတယ်။ RAM 2GB ပါဝင်ပြီး အချက်အလက်တွေသိမ်းဆည်းနိုင်ဖို့အတွက် အထောက်အပံ့ပေးထားတဲ့ မှတ်ဥာဏ်ပမာဏကတော့ 16GB ဖြစ်ပါတယ်။ မှတ်ဥာဏ်ပမာဏ ထပ်တိုးအသုံးပြုချင်တယ်ဆိုရင်တော့ 64GB ထိတိုးမြှင့်အသုံးပြုနိုင်ပါတယ်။

K10 မှာပါဝင်တဲ့ အဓိကကင်မရာရဲ့ စွမ်းဆောင်ရည်ကတော့ 13MP ရှိတဲ့အပြင် f/2.2 ၊ Autofocus ၊ LED Flash တို့ပါဝင်ပြီး Features တွေအနေနဲ့ Geo-Tagging ၊ Touch Focus ၊ Face Detection ၊ HDR စတဲ့ Feature တွေပါဝင်ပါတယ်။ K10 မှာ ဗီဒီယို ရိုက်ကူးနိုင်တဲ့ စွမ်းရည်ကတော့ 1080P ရှိပြီး တစ်စက္ကန့်မှာ ဖရိန်ပေါင်း ၃၀ခန့်ရိုက်ကူးနိုင်ပါတယ်။ အရှေ့ဘက် Selfie ရိုက်ကူးနိုင်တဲ့ ကင်မရာကတော့ 5MP ရှိပြီး Resolution ကတော့ 1080p ရှိပါတယ်။

Battery ပိုင်းကိုတော့ ဖြုတ်တပ်လို့ရတဲ့ Li-Ion 2800mAh Battery အသုံးပြုထားပြီး အားသွင်းတဲ့အခါ မြန်ဆန်စေဖို့အတွက် MicroUSB 2.0 ၊ Data တွေကို လျင်မြန်စွာ ချိတ်ဆက်ကူးယူနိုင်တဲ့ USB On-The-Go တို့ပါဝင်ပါတယ်။WiFi နဲ့တိုက်ရိုက်ချိတ်ဆက်အသုံပြုရတာလွယ်ကူတဲ့အပြင် တစ်ခြား Device တွေနဲ့ Hotspot ချိတ်ပြီးသုံးရတာလည်းအဆင်ပြေစေပါတယ်။

KK(shweinnlay)

74 Comments on ပြည်တွင်း ဈေးကွက်ကိုရောက်ရှိလာတဲ့ Mid-Range စမတ်ဖုန်း အမျိုးအစား LG K10

Leave a Reply

Your email address will not be published.


*