နဖူးနဲ့နှုတ်ခမ်းတစ်ဝိုက်ကအရေးကြောင်းများကိုကုသပေးမယ့် သဘာဝနည်းလမ်းကောင်း

အသားအရေထိန်းသိမ်းမှုတွေ ပုံမှန်မပြုလုပ်ဘူးဆိုရင်တော့ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့လည်း ပါးရေတွန့်တာမျိုး ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အသက် ၄၀နှင့်အထက် အသက်အရွယ်တွေက ပိုမိုကြုံတွေ့ရတတ်ပါတယ်။ ဒီလိုမဖြစ်ရလေအောင် ပါးရေတွန့်လာပြီဆိုတာနဲ့ အလျင်မြန်ဆုံးအသားအရေထိန်းသိမ်းမှုတွေ ပြုလုပ်သင့်ပါတယ်နော်။ အခုဖော်ပြပေးမယ့် သဘာဝနည်းလမ်းနဲ့ အသားအရေတွန့်တာကို ကုသလိုက်ပါ။

နှုတ်ခမ်းတစ်ဝိုက်ကအရေးကြောင်းအတွက်

======================

ပါးရေတွန့်တဲ့အခါမှာ နှုတ်ခမ်းတစ်ဝိုက်နေရာတွေမှာ အရေးကြောင်းပိုမိုဖြစ်ပေါ်တာကို သတိထားမိကြမယ်ထင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ နှုတ်ခမ်းတစ်ဝိုက်က အသားအရေက နူးညံ့လွန်းပြီး လှုပ်ရှားမှုပိုများတဲ့အတွက်ကြောင့် လျင်လျင်မြန်မြန် အရေးကြောင်းတွေ ထွက်ပေါ်လာရတာပါ။ ဒါကိုကုသဖို့အတွက် သဘာဝနည်းလမ်းကောင်းလေးကို ဖော်ပြပေးချင်ပါတယ်။

ငှက်ပျောသီး၊ ပျားရည်နဲ့ ဒိန်ချဉ်ကိုအသုံးပြုတဲ့ သဘာဝနည်းလမ်းကောင်းလေးပဲ ဖြစ်ပါတယ်။ ငှက်ပျောသီးမှည့်တစ်ခြမ်းထဲကို ဒိန်ချဉ်လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ပျားရည် စားပွဲတင်ဇွန်းတစ်ဇွန်းတို့ကို ရောစပ်လိုက်ပြီး နှံ့သွားအောင်မွှေပါ။ ရရှိလာတဲ့ အနှစ်ကို နှုတ်ခမ်းသားတစ်ဝိုက်က အရေးကြောင်းတွေပေါ်ကို ဒါမှမဟုတ် ပါးရေတွန့်တဲ့မျက်နှာပြင်ပေါ်ကို သုတ်လိမ်းပေးပါ။ ၁၅မိနစ်ခန့်အကြာမှာ ရေအေးနဲ့ဆေးကြောသန့်စင်ပေးလိုက်ရုံပါပဲ။

နဖူးပြင်ပေါ်က အရေးကြောင်းတွေအတွက်

=======================

နဖူးပြင်ပေါ်က အရေးကြောင်းတွေကလည်း အလှအပကိုပျက်စီးစေတဲ့ အရာတစ်ခုပါပဲ။ ဒါတွေကို  သက်သာစေတဲ့ အလွယ်ကူဆုံးနည်းလမ်းလေးကို ပြောပြချင်ပါတယ်။

ကြက်ဥအနှစ်တစ်လုံးထဲကို သံလွင်ဆီစားပွဲတင်ဇွန်းတစ်ဇွန်း၊ အုန်းဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကို ရောစပ်လိုက်ပါ။ ရရှိလာတဲ့ အရောအနှောကို အသုံးမပြုမှီ ရေခဲသေတ္တာထဲ မိနစ်အနည်းငယ်ခန့်ထားပါ။ ညဘက်အိပ်ရာဝင်ခါနီးအချိန်မှာ ရေနွေးနဲ့မျက်နှာသစ်ပြီး မျက်နှာပြင်ပေါ်ကို ညင်သာစွာသုတ်လိမ်းပေးပါ။ ပြီးရင်တော့ မနက်အိပ်ရာထချိန်ကျမှ ရေနဲ့ဆေးကြောသန့်စင်လိုက်ပါ။ ဒီနည်းလမ်းလေးကလည်း အသားအရေတွန့်တဲ့သူတွေအတွက် လွယ်ကူပြီး ထိရောက်မှုရှိတဲ့နည်းလမ်းလေးဖြစ်တာကြောင့် ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် ထူးခြားမှုကို ရက်သတ္တပတ်အတွင်း တွေ့မြင်ရမှာပါ။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*