RAM4GB+32GB ဗားရှင်းထပ်မံ ထုတ်လုပ်လာတဲ့ Meizu M6 Note

Meizu M6 Note က ယခုနှစ်ထွက် အလယ်အလတ်တန်းစမတ်ဖုန်းတွေထဲမှာ ရောင်းအားကောင်းတဲ့ ဖုန်းတွေထဲက တစ်လုံး ဖြစ်ပါတယ်။ အစောပိုင်းတုန်းက Meizu M6 Note ကို RAM3GB+16GB ၊ RAM3GB+32GB နှင့် RAM4GB+64GB ဆိုပြီး ဗားရှင်းသုံးမျိုးနှင့် ရောင်းချခဲ့ပါတယ်။

ယခုအခါ Meizu M6 Note ကို RAM4GB+32GB ဗားရှင်းနှင့်လည်း ရောင်းချလာပြီ ဖြစ်ပါတယ်။ JD.com မှာ အရောင်းစာရင်း တင်ထားပြီ ဖြစ်ပြီး မူလဗားရှင်းကိုတော့ စက်တင်ဘာလက ရောင်းချခဲ့တာဖြစ်ပါတယ်။

ဈေးနှုန်းက ဒေါ်လာ ၂၂၆ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ မရောင်းချသေးပါဘူး။ Meizu M6 Note က မျက်နှာပြင် 5.5 လက်မရှိပြီး FHD ရုပ်ထွက်နှင့် ထောက်ပံ့ထားပါတယ်။ သူ့မှာ ပရိုဆက်ဆာအနေနဲ့ Qualcomm MSM8953 Snapdragon 625 ကိုသုံးထားပါတယ်။ Octa-core 2.0 GHz Cortex-A53 ရဲ့အစွမ်းဟာ ဂိမ်းတွေကို သွက်လက်မြန်ဆန်စွာ ကစားနိုင်ပါလိမ့်မယ်။ OS ပိုင်းမှာတော့ android 7.1.2 ကို သူ့တို့ရဲ့ကိုယ်ပိုင် UI ဖြစ်တဲ့ Flyme 6.0 နဲ့ တန်ဆာဆင်ထားပါတယ်။

ကင်မရာပိုင်းမှာတော့ Dual 12 MP မှာ  f/1.9, phase detection autofocus + 5 M၊  f/2.0, autofocus၊ quad-LED (dual tone) flash ကိုသုံးထားပါတယ်။ အရှေ့ဘက်ကင်မရာငယ်တောင်မှ 16 MPမှာ f/2.0 ၊1080p နှုန်းရှိမှာဖြစ်ပါတယ်။ လက်ဗွေဖတ်စနစ် ပါဝင်ပြီး မျက်နှာပြင်အချိုးကတော့ 16:9 ratio နဲ့ဖြစ်ပါတယ်။

ဒီဖုန်းကို အပြာရင့်ရောင်၊ အပြာနုရောင်တို့နှင့် ရွေးချယ်ဝယ်ယူနိုင်ပါမယ်။ RAM4GB+32GB ဗားရှင်းဝယ်ယူတဲ့သူများဟာ မှန်ကာဗာ၊ ခေါက်ကာဗာ၊ Meizu ME20 နားကြပ်တို့ လက်ဆောင် ရရှိပါမယ်။

KK(Shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*