မျိုးဆက်သစ် Exynos 9810 chipset ကို Samsung ထုတ်ဖော်ပြသ

Samsung ဟာ Exynos Chipset ၉ ခုမြောက် စီးရီးရဲ့ နောက်ဆုံးဗားရှင်းသစ်ကိုယနေ့မှာ မိတ်ဆက်လာခဲ့ပါတယ်။ Exynos 9810 ဖြစ်ပါတယ်။ Samsung ဟာ Exynos 9810 ကို Galaxy S9 နှင့် Galaxy S9+ တို့မှာ အသုံးပြုသွားမယ်လို့ အတိအကျုဆိုနိုင်ပါလိမ့်မယ်။

နောက်ဆုံးပေါ်စွမ်းဆောင်ရည်မြင့် တတိယမျိုးဆက် chipset ကို  Samsung cores နှင့်အတူတည်ဆောက်ထားပါတယ်။ Exynos 9810 က 6CA စနစ်ပါဝင်တဲ့ ပထမဆုံး Processor ဖြစ်ပြီး ဒေတာအပြောင်းအရွှေ့လုပ်ရတာ မြန်ဆန်ပါမယ်။ တတိယမျိုးဆက် CPU Cores ပါဝင်လာမှာဖြစ်ပြီး GPU ကလည်း ပိုပြီးတော့ ကောင်းမွန် လာပါမယ်။ အစောပိုင်းတုန်းက Exynos 9810 မှာ PowerVR GPU ပါဝင်လာမယ်လို့သတင်းထွက်ခဲ့ပါသေးတယ်။ Samsung ကတော့ GPU အမည်ကိုတော့ ပြောကြားသွားခဲ့ ခြင်းမရှိပါဘူး။

Exynos 9810 က Chipset သစ်ဆိုပေမယ့် 10nm နှင့် ဖန်တီးထားတဲ့ Chipset ဖြစ်ပါတယ်။ 10nm ဖန်တီးထားတဲ့ ဒုတိယမြောက် မျိုးဆက်လည်း ဖြစ်ပါတယ်။ 10nm နှင့် ဖန်တီးထားတာကြောင့် ဒီ Chipset က စွမ်းဆောင်ရည်မြင့်မားပြီး ပါဝါသုံးစွဲမှု နည်းပါးပါတယ်။ Chipset က Bluetooth 5.0 ၊ Dual Band Gigabit Wi-Fi ၊ USB 3.1 ၊ Dual-lSP ထောက်ပံပေးမယ်လို့ ယုံကြည်ရပါတယ်။ ကုမ္ပဏီအနေနဲ့ အစောပိုင်းက  ISOCELL Slim 2X7 sensor ကိုပွဲထုတ်ပြသခဲ့ ပါသေးတယ်။ သူ့မှာ တိုးတက်လာတဲ့ ကင်မရာအလင်းအမှောင် စွမ်းဆောင်ချက်များအတွက် 0.9µm pixels နဲ့ 24MP sensor တို့ပဲ ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*