Dual ကင်မရာတပ်ဆင်ထားထဲ့ Infinix Zero 5 စမတ်ဖုန်းသစ်မိတ်ဆက်

တရုတ်စမတ်ဖုန်းကုမ္ပဏီတစ်ခု ဖြစ်တဲ့ Transsion Holdings ဟာ Dual camera စနစ်နဲ့ Curved display သုံးထားတဲ့ စမတ်ဖုန်းသစ်ကို  မိတ်ဆက်ကြေညာလိုက်ပါတယ်။

Infinix Zero 5 လို့ နာမည်ပေးထားတဲ့ ဒီစမတ်ဖုန်းဟာ ကုမ္ပဏီရဲ့ flagship စမတ်ဖုန်းဖြစ်ပြီး ဘေးဘောင်ပါး display နဲ့ ဖြစ်ကာ အပွန်းအစင်းမထင်အောင် Corning Gorilla Glass 3 မှန်နဲ့ အုပ်ပေးထားပါတယ်။

ဖုန်းရဲ့ မျက်နှာပြင်အရွယ်အစားကိုတော့  5.98-inch full-HD 2.5D curved နဲ့ပြုလုပ်ထားပါတယ်။ စွမ်းအားပိုင်းမှာတော့ 2.6GHz အမြန်နှုန်းရှိတဲ့ octa-core MediaTek Helio P25 ပရိုဆက်ဆာကို သုံးထားပါတယ်။ ကျောဘက်ကင်မရာနှစ်ခု ပါဝင်ပြီး 12MP f/2.0+13MP f/2.6 ဖြစ်ပါတယ်။

ရှေ့ကင်မရာက 16MP f/2.0 ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာ 2x optical zoom ဆွဲရိုက်နိုင်တဲ့ Dual camera စနစ်ဖြစ်ပြီး ဓါတ်ပုံပညာပိုင်းမှာ အဆင့်မြင့်ရိုက်ချက်တွေ ရိုက်ကူးနိုင်မှာပါ။ ဒါအပြင် Infinix Zero 5 ဟာ Fast charging support ပေးထားတာကြောင့် အမြန်အားသွင်းနိုင်တဲ့ နည်းပညာကို ဒီဖုန်းမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဘက်ထရီကတော့ 4350 mAh ဘက်ထရီအကြီးစား ကိုသုံးထားပါတယ်။  ကွန်ရက်ချိတ်ဆက်မှု အနေနဲ့ 4G w VoLTE, Wi-Fi, Bluetooth. GPS, USB-Type C တို့ကိုသုံးနိုင်မှာပါ။ Android 7.0 Nougat အခြေခံ Infinix ရဲ့ XOS Skin သုံးထားပါတယ်။

64GB ဗားရှင်းက ဒေါ်လာ ၂၇၅ ဖြစ်ပြီး 128GB ဗားရှင်းက ဒေါ်လာ ၃၀၆ ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ ယခုနှစ်    သြဂုတ်လအတွင်းကလည်း အိန္ဒိယဈေးကွက် အတွက် Note 4 နဲ့ Hot 4 Pro     ဖုန်းတွေကို မိတ်ဆက်ပေးခဲ့ဘူးပါတယ်။

KK(shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*