Latest post

နိုဝင်ဘာ ၂၈ရက်နေ့တွင် မိတ်ဆက်သွားမယ့် Honor V10

Huawei ရဲ့ brand အခွဲဖြစ်တဲ့ Honor ကတော့ နိုဝင်ဘာလ ၂၈ရက်နေ့မှာ သူ့ရဲ့ flagship ဖုန်းအသစ်ဖြစ်တဲ့  V10 ကို တရုတ်နိုင်ငံမှာ မိတ်ဆက်သွားတော့မှာပါ။ ဒီသတင်းကတော့ Huawei ရဲ့တရားဝင် weibo အကောင့်ကနေ တစ်ဆင့် ကြေညာလာခဲ့တာလည်း ဖြစ်ပါတယ်။

Honor V10 ကတော့ Huawei Mate 10 Pro ထက် ဈေးနည်းတဲ့ ဖုန်းဗားရှင်းတစ်ခုဖြစ်ပါတယ်။ ၆လက်မအရွယ် 18:9 screen, Huawei ရဲ့ကိုယ်ပိုင် Kirin 970 ပရိုဆက်ာဆာကို သုံးထားပြီး RAM က 8GB ဒါမှမဟုတ် 6GB ဖြစ်ပါမယ်။ ဖုန်းရဲ့ကျောဘက်မှာတော့ 16MP နဲ့ 12MP ရှိတဲ့ ကင်မရာတွေပါဝင်မှာဖြစ်ပါတယ်။

V10 ဟာ Mate 10 ဖုန်းစီးရီးလိုပဲ Android 8.0 Oreo ကို အခြေခံထားတဲ့ Huawei ရဲ့ EMUI 3.0 ကိုပဲသုံးထားမှာဖြစ်ကြောင်း Honor ရဲ့စီအီးအိုကိုယ်တိုင်အတည်ပြုပြောကြားပါတယ်။ Honor flagship ဖုန်းမှာတော့ အားအမြန် ပြည့်နိုင်တဲ့ 4,000 mAh ဘက်ထရီကိုသုံးထားပါတယ်။

တရုတ်နိုင်ငံမှာ မိတ်ဆက်ပြီးသွားရင်တော့ ဥရောပနိုင်ငံတွေဘက်ကို ခြေဦးလှည့်ဖို့အတွက် ဒီဇင်ဘာလ ၅ရက်နေ့မှာပဲ လန်ဒန်မြို့မှာ ပွဲဦးထွက်စတင်မိတ်ဆက်တော့မှာဖြစ်ပါတယ်။

Honor V10 ရဲ့ဈေးနှုန်းက တရုတ်ယွမ် ၃ထောင် (ယူရို ၃၈၃)လောက်တန်ဖိုးရှိမှာဖြစ်ပါတယ်။

KK(shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*