Latest post

Samsung က Bixby Home ပါတဲ့ Galaxy Tab A Tablet သစ်ကို မိတ်ဆက်

Samsung အနေနဲ့ Galaxy Tab A အမည်ရ Tablet အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ Tab A  မှာ 1.4GHz Processor မောင်းနှင်ထားပါတယ်။ သူ့မှာ ၈ လက်မ 1280x800p Display တပ်ဆင်ထားပါတယ်။ 2GB RAM , 16GB Internal Storage ထည့်သွင်းထားပါတယ်။

Samsung Galaxy Tab A မှာ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ရဲ့ သတင်းအချက်အလက်များကို ကဒ်အခြေပြု Interface ဖြင့် ပြသပေးတဲ့ Bixby Home ဆော့ဖ်ဝဲ လုပ်ဆောင်ချက် ပါပါတယ်။ အခြား ကောင်းမွန်တဲ့ ဆော့ဖ်ဝဲ လုပ်ဆောင်ချက် အနေဖြင့် တက်ဘလက်ကို အားသွင်းထားစဉ်မှာ ပြကဒိန် ၊ ရာသီဥတုနဲ့ အချိန်တို့နဲ့ ပတ်သက်တဲ့ အသုံးဝင်တဲ့ သတင်းအချက်အလက်များကို ပြသပေးတဲ့ Home Mode ပါပါတယ်။

Samsung Galaxy Tab A ကို လက်ရှိမှာ Samsung ရဲ့ မိခင်နိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားမှာ ရောင်းချပေးနေပါပြီ။ Tab A ကို မော်ဒယ်နှစ်မျိုး ထုတ်လုပ်ပေးထားပြီး WiFi နဲ့ LTE မော်ဒယ်များ ဖြစ်ပါတယ်။ ၀ိုင်ဖိုင်မော်ဒယ်ဟာ ကိုရီးယားဝမ် ၂၆၄ ၀၀၀ ( ဒေါ်လာ ၂၄၀ ၀န်းကျင်) နဲ့ LTE မော်ဒယ်ကို ကိုရီးယား ၀မ် ၃၀၈ ၀၀၀ ( ဒေါ်လာ ၂၈၀ ၀န်းကျင်) သတ်မှတ်ထားပါတယ်။

kk(shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*