Latest post

အာရှပစိဖိတ်ဒေသတွင်းဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို တွန်းအားပေးမောင်းနှင်ရန်အတွက် Huawei က မလေးရှားတွင် OpenLab အသစ်ဖွင့်လှစ်မည့်အကြောင်း ကြေညာ

????????????????????????????????????

မလေးရှားနိုင်ငံ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုနှင့် စက်မှုလုပ်ငန်းဝန်ကြီးဌာန၊ မလေးရှားနိုင်ငံဒစ်ဂျစ်တယ်စီးပွားရေး ကော်ပိုရေး ရှင်း၊ မလေးရှား-တရုတ်စီးပွားရေးကောင်စီနှင့် Huawei Technologies တို့ ပူးတွဲကျင်းပသည့် တတိယအကြိမ်မြောက် Huawei Asia-Pacific Innovation Day ကို ကွာလာလမ်ပူမြို့တွင်ကျင်းပခဲ့ပြီး အာရှပစိဖိတ်ဒေသ တစ်ဝန်းမှ အစိုးရအရာထမ်းများ၊ နည်းပညာကျွမ်းကျင်သူများ၊ ပညာရှင်များနှင့် နည်းပညာကုမ္ပဏီများမှ ကိုယ်စားလှယ် ၂၀၀ ကျော်တို့ တက်ရောက်ခဲ့ပါသည်။

ယခုနှစ်အခမ်းအနားသည် အာရှပစိဖိတ်ဒေသတွင်း ဒစ်ဂျစ်တယ်စီးပွားရေးအားပေးမြှင့်တင်မှုအပေါ် ဦးစားပေးပြီး အထူးသဖြင့် ပေါ်ထွန်းဆဲဈေးကွက်များ၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ၊ ၀န်ဆောင်မှုနှင့် ခရီး သွားလုပ်ငန်းကဲ့သို့သော အချက်အချာကျသောလုပ်ငန်းများအတွက် ဒဟ်ဂျစ်တယ်အသွင်ကူးပြောင်းမှုလုပ်ငန်းများအပေါ် အထူးဦးတည်ဆောင်ရွက်ပါသည်။ အခမ်းအနားတွင် မလေးရှားနိုင်ငံ၌ OpenLab အသစ် တည် ဆောက်မည့်အကြောင်း Huawei က ထုတ်ပြန်ကြေညာခဲ့ပြီး အဆိုပါ OpenLab က ပြည်တွင်းလုပ်ငန်း မိတ်ဖက် များနှင့်အတူ ဆန်းသစ်တီထွင်မှုများအတွက် ပွင့်လင်းသော၊ ပြောင်းလွယ်ပြင်လွယ်သော၊ လုံခြုံစိတ်ချရသော Platform အဖြစ်ဆောင်ရွက်ပေးပါလိမ့်မည်။ Huawei သည် အလားတူ OpenLab များကို မြူးနစ်၊ မက္ကဆီကို၊ ဒူဘိုင်း၊ စင်ကာပူနှင့် တရုတ်တို့တွင် တည်ဆောက်ပေးခဲ့ပြီးဖြစ်သည်။ ဤ Lab များသည်  Huawei နှင့် ကမ္ဘာ့ မိတ်ဖက် Solution Partner ၄၀၀ ကျော်တို့ကြား ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်မှုကို ပံ့ပိုးကူညီပေး နေပါသည်။

အခမ်းအနားတွင် Huawei ၏ Deputy Chairman of the Board နှင့် Rotating CEO ဖြစ်သူ Guo Ping က ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု၏ ကွဲပြားခြားနားသောအဆင့်များအကြောင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုအဆင့် တစ်ဆင့်ချင်းစီတွင် နိုင်ငံများအနေဖြင့် အထူးဦးစားပေးနိုင်သည့် အကြောင်းအရာများကို ပြောကြားခဲ့ပါသည်။ Guo က “ကျွန်တော်တို့အားလုံး Maslow ရဲ့ Hierarchy of Needs အကြောင်းကြားသိထားပြီးသားပါ။ တိုင်း ပြည်တစ်ပြည်ဟာ ဒစ်ဂျစ်တယ်စနစ်သွားတယ်ဆိုရင် အလားတူ လိုအပ်ချက်ပြောင်းလဲမှုအစဉ်ကို ကြုံတွေ့ရတာ ပါပဲ။ ကျွန်တော့်အနေနဲ့ အဲဒီ Hierarchy ကို အလွှာ ၄ ခု ခွဲခြားလိုပါတယ်။ ပထမဆုံးကတော့ ဒစ်ဂျစ်တယ် စီးပွားရေးအတွက် အခြေခံဖောင်ဒေးရှင်းဖြစ်တဲ့ သတင်းအချက်အလက်နဲ့ဆက်သွယ်ရေးနည်းပညာ ICT အခြေခံအဆောက်အအုံအလွှာပါ။ ဒုတိယအလွှာက လက်တွေ့မျက်မြင်ရုပ်ကမ္ဘာရော ဒစ်ဂျစ်တယ်ကမ္ဘာအတွက်ပါ လိုအပ်တဲ့ လုံခြုံရေးအလွှာပါ။ ရှေ့ရှောက်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုံခြုံစိတ်ချရမှု မဖြစ်မနေလိုအပ်ပါတယ်။ တတိယအလွှာကတော့ လုပ်ငန်းအဖွဲ့အစည်းတွေ ဒစ်ဂျစ်တယ်စနစ်သွားဖို့အတွက်  အထောက်အကူဖြစ်စေ မယ့်ပတ်ဝန်းကျင်တစ်ခုကို ဖော်ဆောင်ပေးဖို့ပါပဲ။ Privacy ရှိအောင်ကာကွယ်ပေးထားပြီး ခိုင်မာတဲ့ ဖောင်ဒေး ရှင်းအပေါ်တည်ဆောက်ထားတဲ့ စတုတ္ထမြောက်နဲ့အမြင့်ဆုံးအလွှာက  သတင်းအချက်အလက်တွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်မျှဝေပေးစေနိုင်မှာဖြစ်ပါတယ်။ ဒေတာတွေပိုမိုများပြားလာခြင်းက မြို့တော်တွေ၊ အစိုးရတွေ အနေနဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို ပိုမိုကောင်းမွန်အောင် စီမံခန့်ခွဲနိုင်ပေးမှာဖြစ်ပြီး ပိုမိုဘေးကင်းလုံခြုံ တဲ့ မြို့တော်တွေ၊ စမတ်ကျတဲ့နိုင်ငံတွေဖြစ်လာအောင် အစွမ်းကုန်မြှင့်တင်ပေးပါလိမ့်မယ်။” ဟု ပြောကြားခဲ့ပါ သည်။

နည်းပညာဆန်းသစ်တီထွင်မှုများနှင့် ပွင့်လင်းသောဂေဟစနစ်တို့သည် APAC ဒေသတွင် ဒစ်ဂျစ်တယ်အစပျိုး ဆောင်ရွက်ခြင်းအောင်မြင်ရန်အတွက် အလွန်အရေးပါကြောင်း Guo က အလေးပေးပြောကြားခဲ့ပါသည်။ “ကျွန် တော်တို့အနေနဲ့ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ဖို့၊ ကမ္ဘာတလွှားကလုပ်ငန်းကဏ္ဍများကြားနဲ့ တက္ကသိုလ်တွေအပါအ၀င် ဂေဟစနစ်တစ်ခုလုံးဆိုင်ရာ အမြင်တွေကို ဖလှယ်ကြဖို့ လိုပါတယ်။ လုပ်ငန်းတွေနဲ့ တက္ကသိုလ်ပညာရေးအဖွဲ့အစည်းတွေကြား နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်ခြင်းက ဒစ်ဂျစ်တယ်စီးပွားရေး စနစ်ကို ရှင်သန်ခိုင်မှာစေမှာပါ။ အာရှပစိဖိတ်ဒေသအတွက် Huawei က အမြဲတမ်း ကတိက၀တ်ပြုထားတဲ့ အတိုင်း APAC ဒေသတစ်ခုလုံးဒစ်ဂျစ်တယ်စီးပွားရေးစနစ် တိုးတက်ဖွံ့ဖြိုးအောင် တွန်းအားပေးဆောင်ရွက်ဖို့နဲ့ ပိုမိုကောင်းမွန်ချိတ်ဆက်မိတဲ့အနာဂတ်တစ်ခု ခိုင်မာရရှိအောင် ကျွန်တော်တို့ရဲ့ လုပ်ငန်းမိတ်ဖက်တွေနဲ့အတူ ဆက်လက်လုပ်ကိုင်ဆောင်ရွက်သွားပါ့မယ်။”

မလေးရှားနိုင်ငံ၏ဒုတိယ၀န်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၀န်ကြီးဖြစ်သော YB Dato’ Seri Dr. Ahmad Zahid bin Hamidi ကလည်း အခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့ပါသည်။ ထိုသို့ပြောကြားရာတွင် အာရှ ပစိဖိတ်ဒေသတွင်း ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုအနာဂတ်နှင့်ပတ်သက်ပြီး သူ၏ယုံကြည်မှု ရှိခြင်းအကြောင်း ဖော်ပြပြောဆိုခဲ့ပါသည်။ APAC နိုင်ငံများအားလုံးကိုလည်း တိုးတက်ကောင်းမွန်ပြီး  ရေရှည်တည်တံ့အောင်ထိန်း ထားနိုင်မည့် စီးပွားရေးရလဒ်ကောင်းများရရှိအောင် အချင်းချင်းပိုမိုဆက်သွယ်ပြီး လုပ်ငန်းများကို အတူတကွ ပိုပြီး နီးနီးကပ်ကပ်  ဆောင်ရွက်ကြရန် တိုက်တွန်းအားပေးခဲ့ပါသည်။

အမေရိကန်မှ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကြံပေးအဖွဲ့တစ်ခုဖြစ်သော Brookings Institution ကလည်း ကမ္ဘာတလွှားရှိ ဘေးကင်းလုံခြုံသောမြို့တော်များ အသေးစိတ်စီမံချက်တစ်ခုဖြစ်သည့် Global Safe City Report ကို ဤအခမ်းအနားတွင် ထုတ်ပြန်ခဲ့ပါသည်။ ဤအစီရင်ခံစာပါတွေ့ရှိချက်များတွင် အခြေခံ အဆောက် အအုံဆိုင်ရာရှုထောင့်မှ ဖော်ပြချက်အရ အာရှပစိဖိတ်ဒေသတွင် Smart City နှင့် Safe City များ ဖော်ထုတ် နိုင်သည့် ကြီးမားသောအလားအလာများရှိနေသည်ဟု ဖော်ပြထားပါသည်။ တရုတ်နိုင်ငံ ရှန်ဇန်းတွင် လောန်ဂန် ဒေသ၏ လုံခြုံဘေးကင်းသောမြို့တော်အခြေခံအဆောက်အအုံ ဆောက်လုပ်ရာတွင် ကူညီပေးရင်း Huawei ၏ ကိုယ်ပိုင်အတွေ့အကြုံများကို အထူးအသားပေးဖော်ပြထားပါသည်။

ပွင့်လင်းခြင်း၊ ဆန်းသစ်တီထွင်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အောင်မြင်မှုကို မျှဝေခြင်းတို့သည်  ယခုနှစ် အခမ်းအနား၏ ယေဘုယျ Theme များဖြစ်ပါသည်။ Singapore University of Technology and Design (SUTD) ၏ တွဲဖက်ပါမောက္ခ Tony Q.S. Quek က တက္ကသိုလ်များနှင့် ဖက်စပ်ဆန်းသစ်တီထွင်မှုကို ရန်ပုံငွေ ထောက်ပံ့ပေးနေသည့် Huawei ၏ Innovation Research Program အကြောင်း ပြောကြားခဲ့ပါသည်။ Universiti Tenaga Nasional (UNITEN) မှ ပါမောက္ခ Dr. Ong Hang See နှင့် Malaysia Petroleum Resource Corporation (MPRC) ၏ CEO ဖြစ်သော YBhg Datuk Shahrol Azral Ibrahim Halmi တို့က လျှပ်စစ်စွမ်းအားလုပ်ငန်းနှင့် ရေနံနှင့်ဓာတ်ငွေ့လုပ်ငန်းတို့ ဒစ်ဂျစ်တယ်စနစ်သို့သွားနေပုံကို လက်တွေ့ဖြစ်ရပ် ဥပမာများဖြင့် တင်ပြခဲ့ကြပါသည်။

ofo  ကို ပူးတွဲတည်ထောင်သူ Xue Ding က Huawei နှင့်အတူ ပူးပေါင်းပြီး ofo ၏ စက်ဘီးများတွင် Internet of Things (IoT) chips  များထည့်သွင်းကာ စီးနင်းသူများအား ကိုယ်ပိုင်အမှတ်ပညာများပိုမိုရရှိအောင် ၀န် ဆောင်ပေးနိုင်သည့် artificial intelligence ကို အရှိန်မြှင့်တင်ခဲ့မှုအကြောင်း ပြောကြားခဲ့ပါသည်။ Huawei နှင့် အတူ အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်းနှင့် ကမ္ဘာ့ IoT ဂေဟစနစ်ကို အတူတကွ တည်ဆောက်လိုကြောင်းလည်း Xue က ဖော်ပြခဲ့ပါသည်။

သိပ္ပံပညာရပ်ဆိုင်ရာ သုတေသန၊ ဆန်းသစ်တီထွင်မှု၊ အရည်အချင်းရှိမှု၊ Smart Campus များနှင့် Cyber Security အပါအ၀င် နယ်ပယ်အမြောက်အများတွင် ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်သောအားဖြင့် Huawei သည် SME Corporation Malaysia ၊ Universiti Malaysia Sabah ၊ Terengganu State Government နှင့် CyberSecurity Malaysia တို့နှင့် နားလည်မှုစာချွန်လွှာများကို ဤအခမ်းအနားကာလအတွင်း လက်မှတ် ရေးထိုးခဲ့ပါသည်။ ရှင်သန်နေသော ဒစ်ဂျစ်တယ်စီးပွားရေးကို အားလုံးအတူတကွ ပူးပေါင်းမြှင့်တင်ကြပြီး အာရှ ပစိဖိတ် ဒေသတွင်း ကြွယ်ဝချမ်းသာမှုကို ရရှိလာစေမည်ဖြစ်ပါသည်။

၂၀၁၃ ခုနှစ်ကတည်းက စတင်ကျင်းပလာခဲ့သော Huawei Innovation Day ကို လန်ဒန်၊ မီလန်၊ မြူးနစ်၊ ပဲရစ်၊ စင်ကာပူနှင့် ဆစ်ဒနီတို့တွင် ကျင်းပပြီးဖြစ်ပါသည်။ အသေးစိတ်အချက်အလက်များကိုhttp://www.huawei.com/en/events/huawei-innovation-day-apac-2017 တွင် တွေ့ရှိနိုင်ပါသည်။

YOU MAY ALSO LIKE

Be the first to comment

Leave a Reply

Your email address will not be published.


*