Latest post

Huawei က ပညာရေးကို သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာဖြင့် စံနမူနာသစ်သို့ရွှေ့ပြောင်းမည့် Road to Smart Education အစီအစဉ်ကို “Huawei APAC Education Summit 2017” နှင့်အတူ စီစဉ်သတ်မှတ်လိုက်ခြင်း

Huawei နှင့် King Mongkut’s Institute of Technology Ladkrabang (KMITL) တို့က ဒေသတွင်းအဆင့်ညှိနှိုင်းဆွေးနွေးပွဲဖြစ်သော “Huawei Asia Pacific Education Summit 2017” တွင် အာရှပစိဖိတ်ဒေသတွင်း ပညာရေးခေတ်သစ်ဆီသို့ ရောက်ရှိစေရေးအတွက် အရှိန်မြှင့်တင်ဆောင်ရွက်ခဲ့ပါသည်။ “Leading New ICT, The Road to Smart Education” ဟူသောအဆိုဖြင့် ထိုင်းနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ကြီးမှူးကျင်းပခဲ့သည့်  ယခုဆွေးနွေးပွဲ ကို class-leading ICT solutions နှင့် models များ ဖြစ်ကြသည့် SDN Converged Campus Network Solution ၊ Campus Cloud Data Center Solution ၊ HPC Solution စသည်တို့နှင့်အတူ Smart Classroom for Equal Education ဖြင့် “Smart Education” ကို အမှန်တကယ် ဖော်ဆောင်မည့် Huawei ၏ ထူးခြားသည့်ထုတ်ပြန်ချက် တစ်ခုအဖြစ် အမှတ်သညာပြုရမည်ဖြစ်ပါသည်။ ထို့အပြင် မကြာသေးမီက စတင်ခဲ့သော KMITL ရှိ “SDN & Cloud Computing Center” ကို ကမ္ဘာ့ပထမဆုံး SDN-based 100G Converged Campus Network အဖြစ် ကြေညာလိုက်ပြီး  Huawei က ဤအောင်မြင်မှုပြယုဂ် ကို ကမ္ဘာသို့ပြသလိုပါသည်။

အရှေ့တောင်အာရှ Huawei Enterprise Business Group ၏ President ဖြစ်သော Mr. Ernest Zhang က “သတင်းအချက်အလက်နဲ့ဆက်သွယ်ရေးနည်းပညာတွေက တစ်ချိန်လုံးအသစ်ပြောင်းနေပြီး ထုံးတမ်းစဉ်လာ ပညာရေးပုံစံတွေအပေါ် သက်ရောက်မှုတွေရှိနေပါတယ်။ ယနေ့ခေတ်ပညာရေးက အချိန်နေရာကန့်သတ်ချက်တွေ မရှိတော့ဘူး၊ ရွေ့လျားပြောင်းလဲနေပြီး အစိတ်အပိုင်းတစ်ခုစီတိုင်းကို ပိုင်ခြားလေ့လာသင်ယူရင်းနဲ့ အကောင်းဆုံးဖြစ်နိုင်ခြေ အလားအလာတွေ ရရှိနိုင်တဲ့ပညာရေးမျိုးပါ။ အမျိုးမျိုးကွဲပြားနေတဲ့ ပညာရေးနည်းလမ်းတွေ၊ အဆင့်မြင့်စီမံခန့်ခွဲမှုတွေနဲ့ တိုးတက်မြင့်မားတဲ့ပညာရေးအရည်အသွေးတွေ ရရှိအောင်ကူညီပေးဖို့အတွက်  Cloud ၊ Big Data နဲ့ Internet of Things အပါအဝင် ခေတ်အမီဆုံးနည်းပညာတွေကို  ပညာရေးကဏ္ဍမှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးချနေကြပါပြီ။” “ချိတ်ဆက်မှုရှိတဲ့ပညာရေးက အရည်အသွေးပြည့် အရင်းအမြစ်တွေဆီ ချက်ချင်းရောက်အောင် ပံ့ပိုးပေးတယ်“ ဆိုတဲ့ ရည်ရွယ်ချက် အတိုင်းဆောင်ရွက်ပေးဖို့ ကမ္ဘာ့ထိပ်တန်း ICT ထုတ်ကုန်ပစ္စည်းတွေနဲ့ နည်းပညာဖြေရှင်းချက်တွေကို ပံ့ပိုးနေတဲ့ Huawei က ကတိကဝတ်ပြုပါတယ်။ ဒီ ရည်ရွယ်ချက် က “ပညာရေးဘောင်ကန့်သတ်ချက်တွေကို ချိုးဖျက်၊ သင်ယူမှု အဦးအစသတ်မှတ်အဆင့်တွေကိုလျှော့ချ၊ သင်ကြားမှုအရည်အသွေးကို တိုးတက်အောင်လုပ်၊ ပညာရေး Equity ကို ရှေ့တန်းတင်ပါ။” ဆိုတဲ့ ပညာရေးကဏ္ဍအတွက် Huawei က ခံယူထားတဲ့တာဝန်ကိုထမ်းရွက်နေပါတယ်” ဟု ပြောကြားခဲ့ပါသည်။

ကမ္ဘာ့ထိပ်တန်း သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာဆိုင်ရာ ထုတ်ကုန်ပစ္စည်းများနှင့် နည်းပညာဖြေရှင်းချက်များ ကို ဖြန့်ဖြူးပံ့ပိုးပေးနေသော Huaweiအနေဖြင့် “Platform + Ecosystem” မဟာဗျူဟာဖြင့် ပညာ ရေးနှင့် ပညာရေးဆိုင်ရာ Solution လုပ်ငန်းကဏ္ဍကို  Smart Education ဆီသို့ရောက်ရှိအောင် ဆောင်ရွက်လိုပါသည်။ Huawei သည် ICT အခြေခံအဆောက်အအုံကို အဓိကအာရုံစိုက်ပြီး one-stop ICT services များကို တည်ဆောက်ရန်နှင့် ဆန်းသစ်တီထွင်နိုင်သည့် ထူးခြားသည့်အရည်အချင်း ရှိ သူများကို တိုးတက်ဖွံ့ဖြိုးမှုအတွက် မြှင့်တင်ဆောင်ရွက်ရန်အတွက် ကမ္ဘာတလွှားမှ လုပ်ငန်းမိတ်ဖက်များနှင့်အတူတွဲဖက်လုပ်ဆောင်နေပါသည်။ ဘန်ကောက်တွင် Huawei OpenLab ကို လည်း တရားဝင်စတင်ဖွင့်လှစ်ပြီးဖြစ်ပါသည်။ Smart City Startup Cooperation Project ကို ဦးဆောင်ရန် အတွက် ဘန်ကောက် Joint Innovation Center of OpenLab တည်ဆောက်ရာတွင် ပူးပေါင်းပါဝင်ခဲ့သော KMITL သည် ယခုအချိန်ထိတိုင်အောင် လုပ်ငန်းမိတ်ဖက်အဖြစ်တည်ရှိနေပါသည်။ ဘန်ကောက် OpenLab သည် နှစ်စဉ် နှစ်တိုင်း တစ်ကြိမ်လျှင် လူဦးရေ ၈၀၀ ကို ICT သင်တန်းများပံ့ပိုးပေးနေပြီး လူ ၅၀၀ အား ICT အသက်မွေးမှု အထောက်အထားလက်မှတ်များ ပေးအပ်ပြီးဖြစ်ပါသည်။ ၂၀၁၈ ခုနှစ်တွင်လည်း Huawei သည် အိန္ဒိယနိုင်ငံတွင် OpenLab အသစ်တစ်ခု ကို တည်ဆောက်ဦးမည် ဖြစ်ပါသည်။

ယခုချိန်ထိဆိုလျှင် Huawei ၏ ပညာရေးဆိုင်ရာ နည်းပညာဖြေရှင်းချက်များသည် ကမ္ဘာ့နိုင်ငံပေါင်း ၇၀ ရှိ ကောလိပ်နှင့် တက္ကသိုလ်ပေါင်း ၆၀၀ ကျော်တွင် ဝန်ဆောင်မှုများ ပေးခဲ့ပြီးဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် Huawei သည် ပြည်တွင်း ICT ပညာရေးနှင့် Talent Development အတွက် အထောက်အကူပြုဆောင်ရွက်နေမှုအဖြစ် အဆင့်မြင့် ပညာရေးနှင့်ဆက်စပ်သည့် အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းပြီး ထူးချွန်သော ကျောင်းသူကျောင်းသားများအား ပညာသင်ဆုချီးမြှင့်ခြင်းနှင့် Internship အစီအစဉ်များကို ဆောင်ရွက်လျက်ရှိပါသည်။ Huawei ၏ “Seeds for the Future” အစီအစဉ်သည် ယခုအခါ နိုင်ငံပေါင်း ၇၈ နိုင်ငံရှိ တက္ကသိုလ်၊ ကောလိပ်ပေါင်း ၂၀၀ ကျော်မှ ကျောင်းသူ ကျောင်းသား ၂၀,၀၀၀ ကျော်ကို အကျိုးပြုပြီးဖြစ်ပါသည်။

King Mongkut’s Institute of Technology Ladkrabang ၏ President ဖြစ်သော ပါမောက္ခ Dr. Suchatchavee Suwansawas  က “ကျွန်တော်တို့ SDN & Cloud Computing Center ဟာ ထိုင်းနိုင်ငံက ပညာရေး အဖွဲ့အစည်းတွေအနေနဲ့ အနာဂတ်ပညာသင်ကြားရေးတို့၊ ကျောင်းတစ်ကျောင်း သို့မဟုတ် တက္ကသိုလ်တစ်ခုရဲ့ နေ့စဉ်လုပ်ငန်းလည်ပတ်မှုတို့နဲ့အညီဖြစ်အောင် ဘယ်လိုအဆင့်မြှင့်တင်သင့်တယ်ဆိုတာကို ပြသတဲ့ သမိုင်းမှတ်တိုင် နမူနာပါပဲ။ ကျွန်တော်တို့ရဲ့ ကျောင်းဝင်းကွန်ရက်မှာ (၁) 100 Gbps အထိမြန်နှုန်းမြင့် data ကူးပြောင်းမှု လုပ်နိုင်တဲ့ 100G-Based Campus Core Network တစ်ခု (၂) လုပ်ငန်းလည်ပတ်မှုနဲ့ မွမ်းမံထိန်းသိမ်းမှုတို့ကို အဆင်အပြေဆုံး၊ ညှိနှိုင်းပြုပြင်ပြောင်းလဲအလွယ်ဆုံး ဖြစ်စေဖို့ SDN (Software-defined network) for Campus and Data Center Convergence (၃) ဒေတာစင်တာ mobilization ၊  energy efficiency ၊ နေ့စဉ်လုပ်ငန်းဆောင်တာများအတွက် လုံခြုံရေး နဲ့ တပ်ဆင်မှုစရိတ်စကညှိနှိုင်းမှုတွေမှာ အဆင်ပြေချောမွေ့ဖို့အတွက် Educational Cloud Data Center in Container ကို အကောင်အထည်ဖော်မှု နဲ့ (၄) ကျောင်းသားတွေနဲ့ Faculty member တွေအားလုံးတွေ မြန်နှုန်း မြင့်အင်တာနက် ကျောင်းဝင်းတွင်းမှာစိတ်ချမ်းချမ်းသာသာနဲ့ သုံးစွဲနိုင်တဲ့ Wi-Fi Coverage with Whole Campus Free Mobility တွေပါဝင်ပါတယ်။ KMITL ဟာအခုဆိုရင် တစ်စက္ကန့်မှာ gigabit အဆင့်အထိ ဒေတာအကူးအပြောင်းနှုန်းပေးနိုင်တဲ့ Wi-Fi access point ပေါင်း ၃၀၀၀ ရှိနေတဲ့၊ ထိုင်းနိုင်ငံရဲ့ပထမဆုံးသော တက္ကသိုလ်အဖြစ် သတ်မှတ်ခံရပါတယ်။ ကျောင်းဝင်းတစ်ခုလုံးအကျယ် digital revamp က ဒစ်ဂျစ်တယ်တက္ကသိုလ် ‘Digital University’ တစ်ခု ဖြစ်လာဖို့ဆိုတဲ့ KMITL ကခံယူထားတဲ့ mission ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ကျွန်တော်တို့ရဲ့ သင်ကြားနည်းစနစ် အားလုံးကို ဒစ်ဂျစ်တယ်ခေတ်နဲ့အညီဖြစ်အောင် ပြောင်းလဲပစ်မှာပါ။ ‘Education 4.0’ ပေါ်လစီကို ပြည့်မီဖို့အတွက် ထိုင်းနိုင်ငံတစ်ဝန်းလုံးက တက္ကသိုလ်တွေအနေနဲ့ ဒစ်ဂျစ်တယ်ဝန်းကျင်ဓလေ့စရိုက်တွေကို ဖန်တီးပေးသင့်သလို ယနေ့ခေတ်ကျောင်းသူကျောင်းသားတွေရဲ့ သင်ယူခြင်းအပြုအမူတွေကို အကျိုးရှိစေနိုင်တဲ့ ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုနိုင်ခွင့်တွေကိုလည်း ဖန်တီးပေးသင့်ပါတယ်။ ဒီဟာက ကထိကတွေနဲ့ Faculty member တွေကိုလည်း အကျိုးရှိစေသင့်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

Mr. Ernest က “KMITL ရဲ့ SDN & Cloud Computing Center ဟာ ပညာရေးကဏ္ဍအတွက် Huawei ရဲ့  ICT solutions စွမ်းရည်တွေအကြောင်း သိလိုကြတဲ့ အာရှပစိဖိတ်ဒေသတစ်ဝန်းက Customer တွေအတွက် ကျွန်တော်တို့ရဲ့ အကောင်းဆုံးနမူနာဖြစ်ပါတယ်။ ဒီစင်တာက ကျွန်တော်တို့ကို Education solution ဈေးကွက်ထဲ ထိထိရောက်ရောက်ဝင်ရောက်နိုင်ဖို့ အလွန်တရာကူညီပေးပါလိမ့်မယ်။ တခြားသော တက္ကသိုလ်တွေအနေနဲ့လည်း ဒီစင်တာကို Master Plan အဖြစ်အသုံးပြုနိုင်ပြီး နည်းပညာကိုသုံးစွဲခြင်းကတစ်ဆင့် ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းမှုမှာ သူတို့ကိုယ်ပိုင်အကျိုးရှိဖို့ လိုက်လျောညီထွေဖြစ်အောင်ပြင်ဆင်ညှိနှိုင်းနိုင်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ကလည်း ပညာရေးကဏ္ဍမှာ လုပ်ငန်းမိတ်ဖက်တွေနဲ့အတူပူးပေါင်းပြီး လုပ်ငန်းကိုဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းမှုကြောင့် ပေါ်ပေါက်လာမယ့် စိန်ခေါ်မှုအခက်အခဲတွေကို ရင်ဆိုင်ရင်း ကိုယ့်ကိုယ်ကိုယ် ခိုင်မာတောင့်တင်းအောင် ဆောင်ရွက် ရမှာဖြစ်သလို ပညာရေးကဏ္ဍအတွက် ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းမှုကို တိုးတက်အောင်တွန်းအားပေးဆောင်ရွက်ရ ပါမယ်။” ဟုရှင်းလင်းပြောကြားခဲ့ပါသည်။

YOU MAY ALSO LIKE

Be the first to comment

Leave a Reply

Your email address will not be published.


*