ဥရောပမှာရောင်းအားအမြန်ဆုံးစံချိန်ချိုးလိုက်ပြန်တဲ့ Huawei Mate 10 Pro

Huawei Mate 10 Pro ကို ဂျာမနီနိုင်ငံမှာတော့ အောက်တိုဘာလ ၁၆ရက်နေ့က Huawei Mate 10 နဲ့အတူ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Mate 10 Pro က အနောက်ဥရောပမှာ ရောင်းရအမြန်ဆုံးစမတ်ဖုန်းတစ်လုံးဖြစ်လာပါပြီ။

သတင်းတွေအရ အနောက်ဥရောပမှာ ရောင်းအားအမြန်ဆုံးစံချိန်ချိုးခဲ့တဲ့ ကုမ္ပဏီတွေကိုပါ Huawei က စံချိန်ချိုးနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။ ကြိုတင်မှာယူမှုတွေကလည်း မှန်းထားထက်ကို ပိုများနေတယ်လို့သိရပါတယ်။

Mate 10 Pro ကတော့ ဘေးဘောင်မဲ့ 18:9 display ဖြစ်ပြီး ပရိုဆက်ဆာ Hisillicon Kirin970 ကိုသုံးထားပြီး ကင်မရာလည်းတော်တော်ကောင်းပါတယ်။ Mate 10 နဲ့မတူတာက သူက ပိုပြီးရေစိုခံလာပေမယ့် ဈေးနှုန်းကတော့ ပိုများလာပါတယ်။ Mate 10 မှာ $830 ဖြစ်ပေမယ့် Mate 10 Pro မှာတော့ $950 ဖြစ်သွားပါပြီ။ သူတို့ ၂ခုခြားချက်တွေရှိပေမယ့် ၂လုံးလုံးက တော်တော်ကြီးကောင်းလာတဲ့ဖုန်းတွေလို့ ပြောလို့ရပါတယ်။

kk(shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*