Latest post

Infinity Display ပါတဲ့ Galaxy A8+(2018) ရဲ့ ဓါတ်ပုံများ ထွက်ပေါ်

လွန်ခဲ့တဲ့ နှစ်နှစ် ၂၀၁၅ ခုနှစ်နှစ်ကုန်ပိုင်းလောက်မှာ Samsung အနေနဲ့ ၂၀၁၆ ခုနှစ်မှာထွက်လာမယ့် Galaxy A Series များကို ကြေညာခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်အတွက် A Series များကို အဲဒီနှစ် ဇန်န၀ါရီလ ၂ ရက်နေ့မှာ မိတ်ဆက်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် မော်ဒယ်များကိုလည်း သိပ်မကြာတော့မယ့်အချိန်မှာ တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။

မနေ့ကတော့ A Series များထဲမှ တစ်လုံးရဲ့ ဓါတ်ပုံများ တရုတ် လူမှုကွန်ရက် weibo မှာ ထွက်ပေါ်လာပါတယ်။ သူ့ရဲ့ မော်ဒယ် အမည်ဟာ SM-730 ဖြစ်ပြီး သူဟာ နောက်မျိုးဆက် A7 လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ၂၀၁၈ ခုနှစ်မှာတော့ Galaxy A8+(2018) အမည်ဖြင့် ပွဲထွက်လာမှာ ဖြစ်ပါတယ်။

လက်ရှိမြင်တွေ့ရတဲ့ ပုံစံအရ Galaxy A8+ မှာ ရှည်လျားတဲ့ မျက်နှာပြင် တပ်ဆင်ထားပါတယ်။ Infinity Display ဖြစ်ပါတယ်။ Galaxy S8 မော်ဒယ်နှစ်မျိုးနဲ့ Note 8 တို့မှာ 18.5:9 မျက်နှာပြင်အချိုးကို အသုံးပြုထားပါတယ်။ ဒါပေမယ့် မကြာခင်ကထွက်ပေါ်ခဲ့တဲ့ သတင်းများအရ A Series များမှာ အနည်းငယ် ပိုမို သဘာဝကျတဲ့ 18:9 မျက်နှာပြင်အချိုးကို အသုံးပြုထားမယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဓါတ်ပုံများကို ကြည့်ပြီး ခွဲခြားလို့ မရသေးပါဘူး။

Galaxy A8+ ရဲ့ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားမယ်လို့ သတင်းထွက်နေပေမယ့် ဓါတ်ပုံများမှာ အနောက်ဘက်ကို မပြသထားပါဘူး။ လာမယ့်နှစ် ဇန်န၀ါရီလမှာ မိတ်ဆက်သွားနိုင်ခြေရှိပါတယ်။

kk(shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*