တန်ဘိုးသင့်တင့်ပြီး စွမ်းဆောင်ရည်ကောင်းတဲ့ LG K8 (2017)

တန်ဖိုးမြင့်စမတ်ဖုန်းတွေသာ ဈေးကွက်အတွင်းခေတ်စားနေတဲ့ အချိန်မှာ ဈေးသက်သာတဲ့ စမတ်ဖုန်းဈေးကွက် ကလည်း သီးသန့်ရပ်တည်လျက်ရှိပါတယ်။ Android စမတ်ဖုန်းထုတ်လုပ်သူ အများစုကလည်း မိုဘိုင်းဖုန်းဈေး ကွက်မှာ ဈေးနှုန်းဒေါ်လာ၁၅၀ ဝန်းကျင်လောက်သာ ကျသင့်နိုင့်မယ့် ဖုန်းလေးတွေကို ထုတ်လုပ်လာကြ ပါတယ်။ ဒီလိုထုတ်လုပ်သူတွေထဲမှာ ကိုရီးယားအခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူ LG လည်းပါဝင်ပါတယ်။

သူတို့ရဲ့ G6 နဲ့ Q6 ဖုန်းတွေဟာ သုံးစွဲသူရဲ့ ကြိုက်နှစ်သက်မှုပိုင်းမှာ အပြည့်အဝပေးအပ်နိုင်ခဲ့အပြင် လုပ်ဆောင်ချက်ပိုင်းမှာ အခြားကုမ္ပဏီထုတ်စမတ်ဖုန်းတွေနဲ့ တိုက်ရိုက်ယှဉ်ပြိုင်နိုင်ပါတယ်။ အခု LG အနေနဲ့ ပြည်တွင်းဈေးကွက်ကို ထပ်မံဝင်ရောက်လာတဲ့ စမတ်ဖုန်းကတော့ LG K8 2017 ပဲဖြစ်ပါတယ်။ ဈေးနှုန်းလည်း သက်သာတဲ့အပြင် ဒီဇိုင်းပိုင်းမှာလည်း ကောင်းမွန်တဲ့ LG K8(2017) အကြောင်းကိုလေ့လာဖော်ပြလိုက်ပါတယ်

LG K8 2017 အရှေ့ဘက်ခြမ်းမှာ ဖန်သားအပြည့်နဲ့အတူ  2.5D Arc ကိုသုံးထားပါတယ်။ မျက်နှာပြင် 5” HD (720 x 1280 pixels) ဟာရှင်းလင်းပီသတဲ့ ရုပ်ထွက်အရည်အသွေးကို ဖော်ပြပေးမှာဖြစ်ပါတယ်။ ဘက်ထရီဖြုတ်တပ်ပြုလုပ်လို့ ရနိုင်ပြီးနောက်ကျောဘက်မှာတော့ ကင်မရာရဲ့အောက်ဘက်မှာ ပါဝါခလုတ်ကို တပ်ဆင်ပေးထားပါတယ်။

စပီကာကို နောက်ကျောအောက်ဘက်မှာ တပ်ဆင်ပေးထားပြီး အနက်ရောင်အစင်းကြားလေးတွေထဲဟာ လက်ထဲမှာ အလိုက်သင့်ကိုင်လို့ရအောင်ကို အဆင်ပြေစေပါတယ်။ LG K8 2017 ရဲ့အထူဟာ 8.1mm ဟာအတော်လေးပါးလွှာတယ်လို့ ခံစားရနိုင်ပြီး အလေးချိန်က 142g သာရှိတာကြောင့် LG ဖုန်းတွေထဲမှာတော့ အတော်လေးပေါ့ပါးတဲ့ ဖုန်းအဖြစ်သတ်မှတ်နိုင်ပါတယ်။ မျက်နှာပြင်ကို Corning Gorilla Glass 3 နဲ့ကာကွယ်ပေးထားပါတယ်။

ပရိုဆက်ဆာပိုင်းမှာတော့ 1.25GHz Quad-Core ကိုသုံးထာပါတယ်။ အချက်အလက်သိုလှောင်မှုအတွက် 16GB ဖြစ်ပြီး၊ RAM ကတော့ လက်ရှိထွက်ထားတဲ့ စမတ်ဖုန်းတွေနဲ့ ကွဲပြားစွာ 1.5 GB ကိုသာသုံးထားပါတယ်။ ဈေးနှုန်းအရကြည့်လိုက်မယ်ဆိုရင်တော့ ဒီလောက်အတိုင်းအတာဆိုတာ သင့်တင့်တယ်လို့ ဆိုနိုင်ပါတယ်။ ကွန်ရက်ချိတ်ဆက်နိုင်မှုအပိုင်းမှာ Bluetooth 4.2, WiFi Direct နဲ့အတူ USB-OTG စနစ်ကိုသုံးနိုင်မှာပါ။

OS ပိုင်းမှာတော့ android 7.0 ကိုတပါတည်းထည့်သွင်းထားပြီး၊ သုံးစွဲသူကိုအထောက်အကူပေးနိုင်မယ့် app တွေကို preinstall အနေနဲ့ထည့်သွင်းပေးထားပါတယ်။ UI အပြင်အဆင်ကတော့ ရိုးရှင်းလွန်းပါတယ်။ မြန်မာ font အပိုင်းမှာတော့ ဗမာ(ZG)နဲ့ ဗမာ(မြန်မာ)ဆိုပြီး ထည့်သွင်းပေးထားပါတယ်။ ဂိမ်းပိုင်းမှာ အရမ်းမြင့်တာမျိုး တွေကိုတော့ ဆော့ကစားလို့ရနိုင်မှာမဟုတ်ပါဘူး။

ကင်မရာပိုင်းမှာတော့ အဓိကကင်မရာဟာ 13MP ဖြစ်ပြီး ရိုက်ကူးတဲ့အခါမှာ ကောင်းမွန်တဲ့ရုပ်ထွက် အရည်အသွေးကို ရရှိနိုင်ပါတယ်။ ပုံရိပ်အာရုံခံနိုင်မှုအပိုင်းမှာ ထောက်ပံ့မှုကောင်းပြီး (f/2.2, 1/3″, 1.12 µm), autofocus, LED flash တို့ကိုသုံးနိုင်မှာပါ။ ကင်မရာလုပ်ဆောင်ချက်တွေ အနေနဲ့ Geo-tagging, touch focus, face detection, panorama တို့ကိုထောက်ပံ့ပေးထားပါတယ်။

ဗီဒီယိုရိုက်မယ်ဆိုရင် 1080p@30fps နှုန်းနဲ့ ရရှိနိုင်ပါလိမ့်မယ်။ အရှေ့ဘက်ကင်မရာငယ်ကတော့ 5 MP (f/2.4, 1/5″, 1.12 µm) နဲ့ဖြစ်ပြီး  1080p အရည်အသွေးရုပ်ထွက်ရနိုင်ပါလိမ့်မယ်။ ဘက်ထရီကတော့ ဖြုတ်တပ်လဲလှယ်နိုင်တဲ့ Li-Ion 2500 mAh စွမ်းအားဖြစ်ပြီး 3G ကွန်ရက်မှာသုံးမယ်ဆိုရင် ၁၈နာရီသက်တမ်း အားခံနိုင်စွမ်းရှိပါလိမ့်မယ်။ ပြည်တွင်းမှာ ဝယ်ယူနိုင်မယ့် အမျိုးအစားကတော့ Dual-sim ဖြစ်တာကြောင့် ဆင်းကတ်၂ခုထည့်သွင်းနိုင်ပါလိမ့်မယ်။

kk(shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*