တောင်ကိုရီးယားရဲ့ ပထမဆုံး လူမည်းမော်ဒယ်

လက်ရှိအသက် ၁၆နှစ်ရှိတဲ့ Han Hyun-min အမည်ရဆိုသူဟာ တောင်ကိုရီးယားရဲ့ ပထမဆုံးလူမည်းမော်ဒယ် ဖြစ်ပါတယ်။ ဟန်ကို တောင်ကိုရီးယားမိခင်နှင့် နိုင်ဂျီးရီးယားဖခင်တို့မှ ဖွားမြင်ခဲ့တာဖြစ်ပါတယ်။ ကိုရီးယားမှာ ကြီးပြင်းခဲ့ပြီး ကိုရီးယားနိုင်ငံသားအဖြစ် ခံယူထားပါတယ်။

ဟန်ကို မေလ ၂၀၀၁ခုနှစ်မှာ မွေးဖွားခဲ့ပြီး အနုပညာလောကကို ၂၀၁၆ ခုနှစ်က စတင်ဝင်ရောက်ခဲ့ပါတယ်။ အသက် ၁၅နှစ်အရွယ် ကျောင်းတက်နေစဉ်မှာပဲ မော်ဒယ်အေဂျင်စီတစ်ခုက ဟန်ကို အင်စတာဂရမ်မှတစ်ဆင့် သိရှိခဲ့ပြီး အလုပ်တွဲလုပ်ဖို့ စာချုပ်ချုပ်ဆိုခဲ့ကြပါတယ်။

ဟန်ရဲ့ ယုံကြည်မှုရှိတဲ့စတိုင်ကြောင့် ကိုရီးယားနိုင်ငံရဲ့ မော်ဒယ်လျှောက်လမ်းမှာ ပုံမှန်ပါဝင်နေရပေမဲ့ လူအတော်များများက သူ့ကို နိုင်ငံခြားသားလို့သာ ထင်မှတ်ကြတယ်လို့ ဆိုပါတယ်။ ကိုရီးယားမော်ဒယ် တချို့တွေကတောင် သူ့ကို ကိုရီးယားစကားနားမလည်ဘူးလို့ထင်ပြီး စကားမပြောတာတွေ ကြုံဖူးတယ်လို့ဆိုပါတယ်။ ရုပ်မြင်သံကြားအစီအစဉ်တွေမှာလည်း ပါဝင်ခွင့်ရလာတဲ့ ဟန်ဟာ အခုဆိုရင် ပရိသတ် အခိုင်အမာရရှိနေပြီဖြစ်ပါတယ်။

ခမ်းမူး (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*