Latest post

အောင်မြင်သူတွေ အကြံပြုထားတဲ့ ညမအိပ်ခင်တိုင်း လုပ်သင့်တဲ့ အရာ ၅ ခု

ကမ္ဘာပေါ်မှာ အောင်မြင်နေတဲ့ CEO တွေ ၊ စီးပွားရေးသမားများ ၊ အတွေးအခေါ်ပညာရှင်များ ၊ သိပ္ပံပညာရှင်များ ၊ အနုပညာရှင်များ များစွာရှိကြပါတယ် ။ သူတို့လို အောင်မြင်သူတွေမှာ သာမန်သူတွေနဲ့ မတူညီတဲ့ အချက်တွေတော့ ရှိတတ်ကြပါတယ် ။ ဒီလို အောင်မြင်တဲ့သူတွေ ပြောထားတဲ့ အကြံပြုချက်တွေလည်း အများကြီး ဖတ်ခဲ့ရဖူးပါတယ် ။ ဒီတစ်ခါမှာတော့ အောင်မြင်သူများ အကြံပြုထားတဲ့ ညအိပ်ရာမဝင်ခင် လုပ်ဆောင်ရမယ့် အချက်တွေကို ဖော်ပြလိုက်ရပါတယ် ။

၁။ဖုန်းတွေနဲ့ဝေးဝေးနေပါ

ညအိပ်ခါနီးမှာ social media အသုံးပြုခြင်း ၊ ဂိမ်းဆော့ခြင်း ၊ ဖုန်းဖြင့်စာဖတ်ခြင်း စသည်တို့ကို မလုပ်ဖို့ ပြောဆိုထားပါတယ် ။ ဖုန်းမှထွက်တဲ့ အပြာရောင်အလင်းတန်းတွေဟာ ဦးနှောက်ကို အနှောင့်အယှက်ပေးနိုင်ပါတယ် ။ နောက်ပြီး အိပ်ခါနီးမှာ  အီးမေးလ်စစ်ခြင်း ၊ သတင်းတွေဖတ်ခြင်းကြောင့် စိတ်အနှောင့်အယှက် တစုံတရာဖြစ်သွားလျှင် အိပ်စက်မှုကိုလည်း ထိခိုက်စေပါတယ် ။ အကောင်းဆုံးကတော့ ဖုန်းပိတ်ပြီး ခပ်ဝေးဝေးမှာ ထားပါ ။

၂။ချစ်တဲ့အကြောင်းပြောပါ

ကိုယ့်မှာ ချစ်ရတဲ့သူ ၊ ဇနီးသည် ၊ ခင်ပွန်း ရှိတယ်ဆိုလျှင် သူတို့ကို ချစ်တဲ့အကြောင်း အနည်းဆုံး တစ်ကြိမ်တော့ ပြောပေးပါ ။ ချစ်တယ်ပြောတာဟာ အချိန်အကြာကြီးမလိုပါဘူး ။ ကိုယ့်ရဲ့ အချစ်ကို လက်တွဲဖော်သိအောင် ထုတ်ဖော်ပြသပေးခြင်းက ကိုယ်တိုင်ရော တစ်ဖက်သူအတွက်ပါ ကြည်နူးမှုကို ခံစားရပြီး သာယာပျော်ရွှင်စေမှာပါ ။

၃။စိတ်ဖိအားတွေမှ အနားပေးပါ။

တစ်နေကုန် အလုပ်တွေလုပ် ၊ အတွေးများဖြင့် ပင်ပန်းခဲ့သမျှ ညမအိပ်ခင်မှာ အားလုံးကို လွှတ်ချထားခဲ့ပြီး မိမိကို စိတ်အပန်းပြေစေမယ့် အနားယူမှုမျိုးကို ပြုလုပ်ပါ ။ သီချင်းနားထောင်ခြင်း ၊ ရေစိမ်ခြင်း ၊ စသဖြင့် မိမိစိတ်ကို အနားပေးပါ ။

၎။စာဖတ်ပါ။

စာအုပ်စာပေဖတ်ပြီး အသိဥာဏ် ၊ ဗဟုသုတများ တိုးပွါးအောင် ရယူပါ ။ စာဖတ်ခြင်းက ဘဝအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေကို ရရှိပါလိမ့်မယ် ။ တစ်နေ့လျှင် အနည်းဆုံး ၃မျက်နှာဖတ်ပါ ။

၅။အကောင်းမြင်စိတ်မွေးကာ ကျေးဇူးတင်တတ်ပါစေ။

အကောင်းမြင်စိတ်ဖြင့် ကျေးဇူးတင်တတ်ခြင်းက ပျော်ရွှင်စေပြီး အိပ်ကောင်းခြင်းကို ဖန်တီးပေးပါလိမ့်မယ် ။ လူအမျိုးမျိုး ၊ စိတ်အထွေထွေနှင့် ကြုံနေရမယ့် လောကကြီးမှာ အဆင်မပြေသော ကိစ္စရပ်တွေ အများကြီးရှိနိုင်ပြီး ဒါကို ကောင်းကောင်း ထိန်းချုပ်တတ်ဖို့ လိုပါတယ်။ ဒေါသများက လူကိုအသက်တိုစေပါတယ် ။ ဒါကြောင့် တစ်နေ့တာလုံး ကြုံတွေ့ခဲ့ရတာတွေထဲမှ မကောင်းတာတွေကို မတွေးဘဲ ကောင်းတာလေးတွေကိုသာ တွေးပြီး စာအုပ်ထဲ ရေးချပါ ။ ကိုယ်လုပ်ခဲ့တဲ့ ကောင်းမွန်သော ကိစ္စရပ်တွေကိုကြည့်ပြီး ပိုမိုကောင်းမွန်အောင် ဘယ်လိုဆက်လုပ်မလဲဆိုတာကိုပါ တစ်ခါတည်း စဉ်းစားမိပါလိမ့်မယ် ။

CHAN (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*