Latest post

LG k8 (2017) VS lG k1o 2017

ပြည်တွင်းဈေးကွက်ကို အခုဆိုရင် LG ရဲ့စမတ်ဖုန်းဖြစ်တဲ့ K8(2017)၊ K10(2017) စမတ်ဖုန်း၂မျိုးလုံးဝင် ရောက်လာပြီဖြစ်ပါတယ်။ သူတို့မှာဘယ်လိုအားသာချက်တွေရှိနေတာလဲ၊ ဘယ်လိုကွာခြားချက်တွေရှိနေလဲ ဆိုတာကိုသုံးသပ်ဖော်ပြပေးမှာဖြစ်ပါတယ်။ ဘတ်ဂျက်အဆင့်တခုလောက်မှာသာ စမတ်ဖုန်းကိုရွေးချယ်သုံးချင်တဲ့သူတွေ အတွက်အဆင်ပြေနိုင်ပေမယ့် သူတို့မှာလည်း Entry မကတဲ့လုပ်ဆောင်ချက်တွေ ထည့်သွင်းပေးထားပါတယ်။ စမတ်ဖုန်း၂လုံးမှာဘာတွေကွဲပြားသွားသလဲ ကြည့်ရအောင် . . . . .

အလေးချိန် 142g ရှိတဲ့ LG K10 ရဲ့ မျက်နှာပြင်အရွယ်အစားကတော့ 5.3 လက်မရှိတာကြောင့် လက်မှာကိုင်ထားရင်ဆုပ်ကိုင်လို့ရတဲ့ အရွယ်အစားတစ်ခုဖြစ်ပါတယ်။ ဓာတ်ပုံ ၊ ဗီဒီယို နဲ့ အမျိုးမျိုးသော Social Platform တွေအသုံးပြုတဲ့အခါ ရုပ်ထွက်ကောင်းစေဖို့အတွက် အထောက်အပံ့ပေးထားတဲ့ Resolution ကတော့ 720 x 1280 Pixels ဖြစ်ပါတယ်။ LG K8 2017 အရှေ့ဘက်ခြမ်းမှာ ဖန်သားအပြည့်နဲ့အတူ  2.5D Arc ကိုသုံးထားပါတယ်။ မျက်နှာပြင် 5” HD (720 x 1280 pixels) ဟာရှင်းလင်းပီသတဲ့ ရုပ်ထွက်အရည်အသွေးကို ဖော်ပြပေးမှာဖြစ်ပါတယ်။ LG K8 2017 ရဲ့အထူဟာ 8.1mm ဟာအတော်လေးပါးလွှာတယ်လို့ ခံစားရနိုင်ပြီး အလေးချိန်က 142g သာရှိတာကြောင့် LG ဖုန်းတွေထဲမှာတော့ အတော်လေးပေါ့ပါးတဲ့ ဖုန်းအဖြစ်သတ်မှတ်နိုင်မှာပါ။ စမတ်ဖုန်း၂လုံး လုံးရဲ့ မျက်နှာပြင်ကို ကာကွယ်ပေးထားတာကတော့ Corning Gorilla Glass 3 ပဲဖြစ်ပါတယ်။

K10 မှာ Android Version 7.0 Nougat ကိုသုံးထားပြီး Apps တွေအသုံးပြုတဲ့အခါ မြန်ဆင်အောင် အသုံးပြုထားတဲ့ Chipset ကတော့Mediatek MT6750 ဖြစ်ပြီး CPU အနေနဲ့ Octa-Core 1.5 GHz Cortex-A53 ကိုအသုံးပြုထားပါတယ်။ စမတ်ဖုန်းမှာ ရုပ်ထွက်ကြည်လင်ပြတ်သားဖို့ အထောက်အပံ့ပေးထားတဲ့ Graphic Processing Unit ကတော့ Mali-T860MP2 ဖြစ်ပါတယ်။ RAM 2GB ပါဝင်ပြီး အချက်အလက်တွေသိမ်းဆည်းနိုင်ဖို့အတွက် အထောက်အပံ့ပေးထားတဲ့ မှတ်ဥာဏ်ပမာဏကတော့ 16GB ဖြစ်ပါတယ်။ မှတ်ဥာဏ်ပမာဏ ထပ်တိုးအသုံးပြုချင်တယ်ဆိုရင်တော့ 64GB ထိတိုးမြှင့်အသုံးပြုနိုင်ပါတယ်။ K8မှာတော့ ပရိုဆက်ဆာပိုင်းမှာ 1.25GHz Quad-Core ကိုသုံးထားပါတယ်။ အချက်အလက်သိုလှောင်မှုအတွက် 16GB ဖြစ်ပြီး၊ RAM ကတော့ လက်ရှိထွက်ထားတဲ့ စမတ်ဖုန်းတွေနဲ့ ကွဲပြားစွာ 1.5 GB ကိုသာသုံးထားပါတယ်။ အချက်ထပ်မံတိုးချဲ့ချင်တယ်ဆိုရင်တော့ SD card ကိုသုံးပြီး 32GB အထိလက်ခံနိုင်စွမ်းရှိမှာပါ။ OS ပိုင်းမှာတော့ android 7.0 ကိုတပါတည်းထည့်သွင်းထားပြီး၊ သုံးစွဲသူကိုအထောက်အကူပေးနိုင်မယ့် app တွေကို preinstall အနေနဲ့ထည့်သွင်းပေးထားပါတယ်။

K10 မှာပါဝင်တဲ့ အဓိကကင်မရာရဲ့ စွမ်းဆောင်ရည်ကတော့ 13MP ရှိတဲ့အပြင် f/2.2 ၊ Autofocus ၊ LED Flash တို့ပါဝင်ပြီး Features တွေအနေနဲ့ Geo-Tagging ၊ Touch Focus ၊ Face Detection ၊ HDR စတဲ့ Feature တွေပါဝင်ပါတယ်။ K10 မှာ ဗီဒီယို ရိုက်ကူးနိုင်တဲ့ စွမ်းရည်ကတော့ 1080P ရှိပြီး တစ်စက္ကန့်မှာ ဖရိန်ပေါင်း ၃၀ခန့်ရိုက်ကူးနိုင်ပါတယ်။ အရှေ့ဘက် Selfie ရိုက်ကူးနိုင်တဲ့ ကင်မရာကတော့ 5MP ရှိပြီး Resolution ကတော့ 1080p ရှိပါတယ်။ K8 ရဲ့ကင်မရာပိုင်းမှာတော့ အဓိကကင်မရာဟာ 13MP ဖြစ်ပြီး ရိုက်ကူးတဲ့အခါမှာ ကောင်းမွန်တဲ့ရုပ်ထွက် အရည်အသွေးကို ရရှိနိုင်ပါတယ်။ ပုံရိပ်အာရုံခံနိုင်မှုအပိုင်းမှာ ထောက်ပံ့မှုကောင်းပြီး (f/2.2, 1/3″, 1.12 µm), autofocus, LED flash တို့ကိုသုံးနိုင်မှာပါ။ အရှေ့ဘက်ကင်မရာငယ်ကတော့ 5 MP (f/2.4, 1/5″, 1.12 µm) နဲ့ဖြစ်ပြီး  1080p အရည်အသွေးရုပ်ထွက်ရနိုင်ပါလိမ့်မယ်။

ဘက်ထရီပိုင်းမှာတော့ K10 မှာLi-Ion 2800mAh Battery အသုံးပြုထားပြီး အားသွင်းတဲ့အခါ မြန်ဆန်စေဖို့အတွက် MicroUSB 2.0 ၊ Data တွေကို လျင်မြန်စွာ ချိတ်ဆက်ကူးယူနိုင်တဲ့ USB On-The-Go တို့ပါဝင်ပါတယ်။ K8 မှာတော့ ဘက်ထရီက ဖြုတ်တပ်လဲလှယ်နိုင်တဲ့ Li-Ion 2500 mAh စွမ်းအားဖြစ်ပြီး 3G ကွန်ရက်မှာသုံးမယ်ဆိုရင် ၁၈နာရီသက်တမ်း အားခံနိုင်စွမ်းရှိပါလိမ့်မယ်။ ဒါကြောင့် ဘက်ထရီပိုင်းမှာအတော်လေး ခြားနားသွားတယ်လို့ ဆိုနိုင်ပါတယ်။

kk(shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*