ဟိုချီမင်းမှ ထိုင်းနိုင်ငံ၊ ချင်းမိုင်နှင့် ဖူးခက်မြို့များသို့ ပျံသန်းမည့် ခရီးစဉ်နှစ်ခုဖွင့်လှစ်သည့်အခမ်းအနား Vietjet ကျင်းပ

ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမှ ထိုင်းနိုင်ငံ ဖူးခက်သို့ပျံသန်းမည့် Vietjet ၏ ခရီးစဉ်သစ်ကို ဂုဏ်ပြုသောအားဖြင့် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းစီးတီးရှိ Tan Son Nhat လေဆိပ်၌ ခရီးစဉ်သစ်ဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

ထို့အတူ မကြာသေးမီက ဟိုချီမင်းမှ ထိုင်းနိုင်ငံ၊ ချင်းမိုင်သို့ ပထမဆုံးပျံသန်းသည့်ခရီးစဉ်ကိုလည်း Vietjet မှ ကြိုဆိုဂုဏ်ပြုခဲ့ရာ စီးနင်းလိုက်ပါခဲ့သည့် ခရီးသည်များနှင့် လေဆိပ်ရှိမြင်တွေ့ရသူအပေါင်း စိတ်လှုပ်ရှားပျော်ရွှင်ခဲ့ကြပါသည်။ အဆိုပါခရီးစဉ်သစ်နှစ်ခုလုံးသည်ဒေသတွင်းပေါင်းစည်းရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးတို့ကို မြှင့်တင်ရာတွင် အရေးပါသလို ဒေသခံပြည်သူများနှင့် ကမ္ဘာလှည့်ခရီးသည်များအတွက် ခရီးသွားလိုအပ်ချက်များနှင့် သယ်ယူပို့ဆောင်ရေးကိုပါ ၀န်ဆောင်မှုပေးလျက်ရှိပါသည်။ အခမ်းအနားကို ဗီယက်နမ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး Mr. Manopchai Vongphakdi ၊ ဗီယက်နမ်လေကြောင်းညွှန်ကြားမှုဦးစီးဌာနမှခေါင်းဆောင်များ၊ ဟိုချီမင်း ခရီးသွား၊ အားကစားနှင့် ယဉ်ကျေးမှုဌာနမှ အရာရှိများနှင့် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ လုပ်ငန်းအသီးသီးမှ ခေါင်းဆောင်များတက်ရောက်ခဲ့ကြပါသည်။ ပထမဆုံးပျံသန်းမည့် လေယာဉ်ပေါ်တွင် လိုက်ပါခဲ့သည့်ခရီးသည်များသည် Vietjet မှပေးအပ်သည့် အမှတ်တရလက်ဆောင်များကို အံ့အားသင့်စွာရရှိခဲ့ကြပါသည်။

ဟိုချီမင်း မှ ဖူးခက် သို့ တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့၊ သောကြာနေ့နှင့် တနင်္ဂနွေနေ့တိုင်းတွင် အသွားအပြန် တစ်ကြိမ်စီ ပြေးဆွဲလျက်ရှိပြီး တစ်ကြောင်းလျင် ပျံသန်းချိန် နှစ်နာရီခန့် ကြာမြင့်ပါသည်။ ဟိုချီမင်း မှ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် စတင်ထွက်ခွာပြီး ဖူးခက်ကို ဒေသစံတော်ချိန် နေ့လည် ၁၂ နာရီ ၁၀မိနစ်တွင်  ရောက်ရှိမည်ဖြစ်ပါသည်။ အပြန်လမ်းကြောင်းတွင် ဖူးခက်မှ နေ့လည် ၁ နာရီ ၅ မိနစ်တွင် ထွက်ခွာပြီး   ဟိုချီမင်းသို့ ဒေသစံတော်ချိန် နေ့လည် ၃ နာရီ ၁၀ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်ပါသည်။

ဟိုချီမင်း မှ ချင်းမိုင် ခရီးစဉ်ကိုမူ အင်္ဂါနေ့၊ ကြာသပတေးနေ့၊ သောကြာနေ့နှင့် တနင်္ဂနွေနေ့တိုင်းတွင် အသွားအပြန် တစ်ကြိမ်စီ ပြေးဆွဲလျက်ရှိပြီး တစ်ကြောင်းလျင် ပျံသန်းချိန် နှစ်နာရီအောက်သာ ကြာမြင့်ပါသည်။ ဟိုချီမင်း မှ နံနက် ၁၁ နာရီ ၃၅ မိနစ်တွင် စတင်ထွက်ခွာပြီး ချင်းမိုင်ကိုဒေသစံတော်ချိန်  နေ့လည် ၁ နာရီ ခွဲတွင်  ရောက်ရှိမည်ဖြစ်ပါသည်။ အပြန်လမ်းကြောင်းတွင် ချင်းမိုင်မှ နေ့လည် ၂ နာရီ ၂၀ မိနစ်တွင် ထွက်ခွာပြီး   ဟိုချီမင်းသို့ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၂၅ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်ပါသည်။

လေယာဉ်လက်မှတ်များကို Vietjet ၏ ရွှေရောင်နာရီများအဖြစ် သတ်မှတ်ထားသော မြန်မာစံတော်ချိန် နံနက် ၁၁ နာရီခွဲမှ နေ့လည် ၁ နာရီခွဲအတွင်း အထူးလျှော့ဈေးနှုန်းထားများဖြင့်  Vietjet ၏ www.vietjetair.com    ဝက်ဘ်ဆိုက် (စမတ်ဖုန်းများဖြင့် အသုံးပြုလိုပါက https://m.vietjetair.com) သို့မဟုတ် www.facebook.com/vietjetvietnam တို့မှတဆင့် (“Booking” tab ကိုနှိပ်၍) ၀ယ်ယူနိုင်မှာဖြစ်ပါသည်။ ထို့အတူ Vietjet ၏ တိုက်ရိုက်တယ်လီဖုန်းလိုင်းဖြစ်သည့် +84 19001886 ကို ဖုန်းခေါ်ဆို၍လည်းကောင်း ၊ ပြည်တွင်းပြည်ပ လေယာဉ်အရောင်းဌာန များတွင်လည်းကောင်း မေးမြန်းဝယ်ယူနိုင်ပါသည်။  ငွေပေးချေမှုကို Visa, MasterCard, JCB, KCP နှင့် American Express တို့၏ ကြိုတင်ငွေပေးကဒ်၊ အကြွေး ၀ယ်ကဒ်များ နှင့် အင်တာနက်ဘဏ်လုပ်ငန်းအတွက် စာရင်းသွင်းထားသည့် ဗီယက်နမ်နိုင်ငံရှိ ဘဏ် ၃၂ ခုမှ ထုတ်ပေးသော ATM ကတ်များဖြင့် လွယ်ကူစွာ ဆောင်ရွက်နိုင်ပါသည်။

ယခုခရီးစဉ်သစ်နှစ်ခုဖွင့်လှစ်လိုက်သည့်အတွက် လက်ရှိတွင် Vietjet သည် အပြုံးများဖြင့်ဝေဆာနေသော နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံသို့ ဗီယက်နမ်နိုင်ငံမှတဆင့်ပျံသန်းသည့် ခရီးစဉ်ပေါင်း ခြောက်ခုရှိသွားပြီဖြစ်သည်။  ထိပ်တန်း စားသုံးသူအခြေပြုလေကြောင်းလိုင်းတစ်ခုဖြစ်လာရန် ရည်သန်ရင်း Vietjet သည် ခရီးစဉ်လမ်းကြောင်းသစ်များ တိုးချဲ့ဖွင့်လှစ်သလို လေယာဉ်အသစ်စက်စက်များ အားဖြည့်ခြင်း၊  ခေတ်မီနည်းပညာများတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် ခရီးသည်များ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် လေယာဉ်  ပေါ်တွင် ထပ်တိုးဝန်ဆောင်မှုများနှင့် ပစ္စည်းများကို ၀န်ဆောင်ပေးလျက်ရှိပါသည်။ စတင်တည်ထောင်ခဲ့သည့် နှစ်အနည်းငယ်အတွင်းမှစ၍ Vietjet သည် လူမှုအသိုက်အ၀န်းကို စဉ်ဆက်မပြတ်အကျိုးပြုခဲ့ပြီး ပြည်တွင်းနှင့် နိုင်ငံတကာမှ ခရီးသည်များအတွက် သန်းပေါင်းများစွာသော ပျံသန်းမှုအခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ပြီးဖြစ်ပါသည်

ShweInnlay

Be the first to comment

Leave a Reply

Your email address will not be published.


*